Monday, February 17, 2014

အမေရိကန်တွင် စမတ်ဖုန်းဖြင့် ညစ်ညမ်းဝက်ဘ်ဆိုက် ကြည့်ရှုမှု အများဆုံးဟုဆို



အမေရိကန်နိုင်ငံသည် စမတ်ဖုန်းဖြင့် ညစ်ညမ်းဝက်ဘ်ဆိုက်များ ကြည့်ရှုရာတွင် အများဆုံးဖြစ်ကြောင်း Pornhub ဝက်ဘ်ဆိုက်မှပြုလုပ်သော စစ်တမ်းများက ဖော်ပြခဲ့သည်။ Pornhub ဝက်ဘ်ဆိုက်၏ ၂၀၁၃ခုနှစ် အတွင်း တင်ရှိထားသော post များကို ပြန်လည် အကဲဖြတ်ခဲ့ပြီး စိတ်ဝင် စားဖွယ် ကောင်းသော စာရင်းဇယားများကို ထုတ်ပြန်ခဲ့သည်။

၎င်း ဝက်ဘ်ဆိုက်ကို တစ်နာရီလျှင် ပျမ်းမျှ ၁.၆၈ သန်းခန့် ဝင်ရောက် ကြည့်ရှုခဲ့ပြီး ပြီးခဲ့သည့် နှစ်အတွင်း ကြည့်ရှုသူဦးရေ စုစုပေါင်း ၁၄.၇ ဘီလီယံရှိကြောင်း သိရသည်။ ကမ္ဘာတစ်ဝန်းတွင် ကွန်ပျူတာဖြင့် ညစ်ညမ်းဝက်ဘ်ဆိုက်များ ကြည့်ရှုမှုအများဆုံး ဖြစ်ပြီး Pornhub ဝက်ဘ်ဆိုက်ကို ကွန်ပျူတာဖြင့် ကြည့်ရှုသူ ၅၁ ရာခိုင်နှုန်းခန့် ရှိကာ ကျန် ၄၀ ရာခိုင်နှုန်းမှာ မိုဘိုင်းထုတ်ကုန်များဖြင့် ကြည့်ရှုခြင်းဖြစ်သည်။

အမေရိကန်နိုင်ငံတွင် စမတ်ဖုန်း ဈေးကွက် ထိုးဖောက် ဝင်ရောက်လာမှုကြောင့် အသုံးပြုသူ ၅၂ ရာခိုင်နှုန်းက ညစ်ညမ်း ဝက်ဘ်ဆိုက်များကို စမတ်ဖုန်းဖြင့် ကြည့်ရှုခဲ့ကြခြင်း ဖြစ်ကြောင်း၊ ထို့အပြင် tablet များဖြင့် ကြည့်ရှုမှု ၁၀ ရာခိုင်နှုန်းခန့် ရှိကြောင်း Pornhub ၏ စစ်တမ်းများက ဖော်ပြခဲ့သည်။

Ref: NBCNews

မိန်းကလေးငယ်များ ယမကာ သောက်သုံးမှုများလာ





ရန်ကုန် ည အချိန် စားသောက်ဆိုင်အနီး လမ်းပေါ်တွင် ဘီယာခွက် သယ်သွားသည့် မိန်းကလေးငယ် တဦး (ဓာတ်ပုံ – Reuters)


ဆယ်ကျော်သက် အရွယ် မြန်မာ အမျိုးသမီးငယ်များ ၏ မူးယစ်စေတတ်သော အဖျော်ယမကာ သောက်သုံးမှုနှုန်းမှာ ယခုနှစ် အနည်းငယ် အတွင်း တဖြည်းဖြည်းမြင့်တက်လာနေကြောင်း ပြည်တွင်း လူမှုရေးအဖွဲ့တဖွဲ့မှပြုလုပ်သည့် စစ်တမ်းတခုက ဆို သည်။

ယင်းစစ်တမ်းသည် မြို့နယ်ပေါင်း၂၀ ပါဝင်ပြီး ရန်ကုန်မြို့ အစိုးရကျောင်းများ၊ တက္ကသိုလ်များမှ ကျောင်းသား ကျောင်းသူများနှင့် ဆယ်ကျော်သက် အရွယ် လူငယ်များ၊ အုပ်ထိန်းသူမိဘများ စသည့် လူဦးရေ ၅၀၀ ကို မေးမြန်း ကောက်ယူထားခြင်း ဖြစ်ကြောင်း သိရသည်။

အချိုရည်(သို့) ဝိုင်ဟု သတ်မှတ်ထားသည့် အရက်ပါဝင်သော အဖျော်ယမကာများ ဈေးကွက်အတွင်း ၀င်ရောက်မှု များပြားလာခြင်း က ဆယ်ကျော်သက်အရွယ် မြန်မာအမျိုးသမီးငယ်များ အဖျော်ယမကာ သောက်သုံးမှုမြင့်တက်လာစေခြင်း အကြောင်းရင်း ဖြစ် သည်ဟု ရန်ကုန်နှင့် မန္တလေးမြို့ကြီးများရှိ ဘီယာနှင့် အဖျော်ယမကာ ရောင်းချသော ဆိုင်ကြီးတချို့က တာဝန်ရှိသူများ က ပြော သည်။

“ဆိုင်ကိုလာထိုင်ကြတဲ့သူတွေမှာ မိန်းကလေးတွေပါလာ ကြတယ်။ သူတို့တွေ မှာတတ်တာတွေက ဘီယာနဲ့ စပိုင်လို ဝိုင်မျိုးပေါ့။ သူတို့ကိုယ်သူတို့ ထိန်းသိမ်းနိုင်တဲ့အရွယ်တွေဆိုတော့ တားခြင်း၊ မတားခြင်း မလုပ်ပါဘူး။ ဒါပေမယ့် မိန်းကလေးတွေ ဒီလိုသောက် တာ ကတော့ မကောင်းဘူး”ဟု ရန်ကုန်မြို့ ကမာရွတ်မြို့နယ်တွင် ဖွင့်လှစ်ထားသော စားသောက်ဆိုင်ကြီး တဆိုင်မှ ပိုင်ရှင် အမျိုးသားက ပြောသည်။

ဆယ်ကျော်သက် မိန်းကလေးများ၏ အဖျော်ယမကာ သောက်သုံးမှု မြင့်တက်လာသည်ဟု ဆိုရာတွင် တက္ကသိုလ် တက်ရောက်နေ သည့် ကျောင်းသူများနှင့် အသက်၂၀ ကျော်အရွယ် မိန်းကလေးငယ်များက ရာခိုင်နှုန်း ပိုမိုများပြားနေကြောင်းလည်း အဆိုပါ စစ် တမ်းတွင် ဖော်ပြထားသည်။

“အခုခေတ် မိန်းကလေးတွေက စိတ်ညစ်တယ်လို့ ထင်ရတဲ့အရာတွေကို ပျောက်ချင်လို့ ခံစားလို့ကောင်းအောင်ဆိုပြီး သောက်ကြ တယ်လို့ ကျနော်တို့ သိရပါတယ်။ နောက်တခုက ခေတ်စားနေတဲ့ ကျနော်တို့ဆီက ကိုရီးယားရုပ်သံ ယဉ်ကျေးမှုပါ။ ဒါတွေကို ထိန်း ချုပ်ဖို့အတွက်က မိဘနဲ့သားသမီးရဲ့ဆက်ဆံရေး၊ စီးပွားရေးသမားတွေရဲ့ဈေးကွက် ချဲ့ထွင်မှုနဲ့ ဆရာတွေရဲ့ ကျောင်းသားတွေနဲ့ ထိတွေ့မှုတွေက အရေးကြီးတယ်လို့ ထင်တယ်”ဟု ရန်ကုန်မြို့နေ အထက်တန်း ကျောင်းဆရာ တဦးက ဆိုသည်။

အငြိမ်းစား တက္ကသိုလ်ဆရာ ဦးမောင်မောင်ချို ဆိုသူကလည်း“အရက်ဆိုင်တွေ တရားမဝင်ဖွင့်လာကြတယ်။ ကျောင်းတွေကို အရမ်း ဝေးကွာတဲ့ နေရာတွေကို ပို့ပစ်တယ်။ စည်းကမ်းတင်းကျပ်တဲ့ တက္ကသိုလ်အဆောင်တွေဆိုတာ ဒီဘက်ခေတ်မှာ မရှိတော့ ဘူး။ ဒါတွေက အခုလို ယောကျာ်းလေးသာမက မိန်းကလေး ငယ်လေးတွေပါ အရက်နဲ့နီးစပ်လာတဲ့ အဓိကအချက်တွေပဲ”ဟု ပြော သည်။

ထို့အပြင် လူငယ်တွေ့ဆုံပွဲများ၊ စတိရှိုးဖျော်ဖြေပွဲများတွင် အရက်နှင့် အဖျော်ယမကာများကို ထည့်သွင်းလာကြခြင်းများအပြင် အားကစားပြိုင်ပွဲများကို အကြောင်းပြုကာ အရက်၊ ဘီယာ ကြော်ငြာများကို မြင်သာထင်သာ ပြုလုပ်လာခြင်းများနှင့် ဈေးကွက် အတွင်း လွယ်ကူစွာဝယ်ယူ ရရှိနိုင်ခြင်း စသည့်အချက်များကလည်း ဆယ်ကျော်သက် မိန်းကလေးငယ်များ၏ သောက်သုံးမှုမြင့် တက်လာစေခြင်း အကြောင်းရင်းများ ဖြစ်နေသည်ဟု ရန်ကုန်နှင့် မန္တလေးမြို့များရှိ မိဘ အုပ်ထိန်းသူတချို့က ပြောဆိုကြသည်။

အဖျော်ယမကာ သောက်သုံးမှု မြန်မာအမျိုးသမီးငယ်များနှင့် ယဉ်ပါးလာခြင်းနှင့်ပတ်သက်ပြီး ရန်ကုန်မြို့နေ အသက် ၂၀ အရွယ် တက္ကသိုလ်ကျောင်းသူ တဦးက“စပိုင်ဝိုင် လောက်တော့ သောက်ပါတယ်။ သူငယ်ချင်းတွေနဲ့ တွေ့တဲ့အခါ စားသောက်ဆိုင်တွေမှာ သောက်ဖြစ်တယ်။ ခရီးထွက်တဲ့အခါတွေလည်း သူငယ်ချင်းတွေနဲ့သောက်ဖြစ်တယ်။ ဝိုင်လို့သတ်မှတ်ပြီး သောက်ကြတာပါ”ဟု ပြော ပြသည်။

ယခုနောက်ပိုင်း ရိုက်ကူးပြသသော မြန်မာ ရုပ်ရှင် ဗီဒီယိုများတွင် အမျိုးသမီးသရုပ်ဆောင်များ အရက်သောက်သုံးသည့် အခန်း ပါဝင်လာမှုကလည်း ဆယ်ကျော်သက် မိန်းကလေးများ၏ အရက်အပေါ်စိတ်ဝင်စားမှု မြင့်တက်လာစေခြင်း အကြောင်းရင်းတရပ်ဖြစ် ကြောင်း ရန်ကုန်မြို့မှ ကျောင်းသား မိဘတဦးက ပြောသည်။

“ဖန်တီးသူတွေက ဒီအချက်တွေကို သတိထားသင့်တယ်။ မင်းသမီး အရက်သောက်တာမပြောနဲ့ အမျိုးသား သရုပ်ဆောင်တွေ အလကားနေ အလကား ဘီယာဆိုင်ထိုင်နေတယ်ဆိုတဲ့ ပြကွက်တွေဟာ လူငယ်တွေကို အရက်နဲ့ ပိုပြီးရင်းနှီးလာစေတဲ့အကြောင်း ရင်းတွေဖြစ်တယ်”ဟု မန္တလေးသား တဦးက ဆိုသည်။

မြန်မာနိုင်ငံတွင် အရက်နှင့်ပတ်သက်သည့် ဥပေဒထုတ်ပြန်ချက်တချို့ရှိသော်လည်း လိုက်နာမှုမရှိကြခြင်း၊ သက်ဆိုင်ရာမှပညာပေး ဖြန့်ဝေမှု အားနည်းခြင်းကလည်း ယင်းသို့ အမျိုးသမီးငယ်များ အဖျော်ယမကာသောက်သုံးမှုကို ပိုမိုလွတ်လပ်စေခြင်း၏ အကြောင်း ရင်း တရပ် ဖြစ်ကြောင်း ရှေ့နေများက ပြောဆိုကြသည်။

“မြန်မာပြည်မှာ တားမြစ်ချက်ရှိတယ်။ အသက် ရှစ်နှစ်အောက် ကလေး မည်သူမဆို အရက်ကို မဝယ်ရဘူး။ သောက်သုံး ခွင့်လည်း မရှိဘူး။ အမျိုးသမီးတွေဆို အရက်လိုက်မရောင်းရတဲ့ တားမြစ်ချက်ရှိတယ်။ ယစ်မျိုး ဥပဒေပုဒ်မ ၂၀ မှာ ဒီအချက်တွေနဲ့ ပတ်သက် ပြီး ပြဌာန်းထားတယ်။ ဒါပေမယ့် အခုလက်ရှိမှာက ဒါကို မသိကြသလို၊ သိသူကလည်း ကျင့်သုံးခြင်း မရှိဘူး။ အစိုးရအနေနဲ့ တိတိ ကျကျ ပြဌာန်းချက်တခု ထုတ်ပြန်ဖို့လိုလာပါပြီ”ဟု တရားရုံးချုပ် ရှေ့နေတဦးက ပြောသည်။

ယခုအခါ မြန်မာနိုင်ငံ မြို့ကြီးများတွင် ဖွင့်လှစ်နေကြသည့် ဘီယာနှင့် အဖျော်ယမကာဆိုင်များတွင် အရက် ကုမ္ပဏီများက အမျိုးသမီးများကို ၄င်းတို့ ၏ ထုတ်ကုန်များ ရောင်းချစေခိုင်းနေမှုများသည် ယစ်မျိုး ဥပဒေအရ ယင်းကုမ္ပဏီများကို အရေးယူနိုင်ကြောင်း လည်း ၎င်းက ဆိုသည်။

မြန်မာနိုင်ငံတွင် အရက် ထုတ်လုပ်ရောင်းချနေသည့် ကုမ္ပဏီ ငါးခုနှင့်အထက်ရှိနေပြီး ထုတ်ကုန်များကို ကြော်ငြာပုံစံ အမျိုးမျိုးဖြင့် ဈေးကွက် အတွင်း လူသိများစေရန်လည်း ပြုလုပ်ကြသည်။

နိုင်ငံတော်သို့ အခွန်အများဆုံးပေးဆောင်နေရသည့် ပြည်တွင်းစီးပွားရေး လုပ်ငန်းများတွင် အထက်ပါ အရက်ကုမ္ပဏီများသည် ထိပ်ဆုံးနေရာက ပါဝင်နေကြကြောင်းလည်း အခွန်ဦးစီးဌာနက ထုတ်ပြန်သည့် စာရင်းများအရ သိရသည်။

ဘီယာ များများ သောက်ပါက ရင်သား ကင်ဆာ ဖြစ်နိုင်





တစ်နှစ်လျှင် ဘီယာ၂ ပိုင့်ထက် ပိုများပါက ရင်သား ကင်ဆာ ဖြစ်နိုင်ခြေ ပိုများကြောင်း လေ့လာချက် တစ်ခုအရ တွေ့ရှိ လာပါပြီ။ အရက်ဆိုင်ရာ ကျန်းမာရေး မဟာမိတ် အဖွဲ့ ဥက္ကဌ ပါမောက္ခ ဆာအိုင်ယန်

ဂယ်လမိုး ပြောပြချက်အရ အမျိုးသမီး တွေမှာတစ်နေ့လျှင် ဝိုင်တစ်ဖန် ခွက်နှုန်း သောက်တာတောင်မှ ရင်သားကင်ဆာ ဖြစ်နှုန်း သိသာစွာ မြင့်တက် နေကြောင်း ဖော်ထုတ် လိုက်ပါတယ်။

အမျိုး သမီးတွေ အတွက် တစ်နေ့လျှင် ဝိုင်တစ်ဖန်ခွက် သောက်ခြင်းဟာ အစိုးရက ထုတ်ပြန်တဲ့ လမ်း ညွှန်ဖြစ် ပါတယ်။ ထိုသုတေသန အဖွဲ့အပြင် ဆေးတက္ကသိုလ်ပေါင်း ၃၀ နှင့် အခြား သိပ္ပံ တက္ကသိုလ်များမှ ထုတ်ပြန်ချက် အရ ကင်ဆာ ကာကွယ်ခြင်း အတွက် စိတ်ချရတဲ့ ပမာဏမျိုး အကြိမ် ၆၀ဝ ခန့် သောက်သုံး ခဲ့ပြီးပါကလည်း ရင်သား ကင်ဆာဖြစ်နိုင်ခြေများ သေးတယ်လို့ ဆိုလာကြပါပြီ။ ဘာကြောင့်လဲ ဆိုတော့ အရက် တွေမှာ အီသနော၊ အက်စီတော ဒီဟိုက်နှင့် အဆိပ်တွေ၊ ကင်ဆာဖြစ်စေနိုင်တဲ့ ဓာတု ပစ္စည်းတွေ ပါဝင်ပြီး အာနိသင်ပြင်းလှတယ် လို့ဆိုတယ်။

ဗြိတိန်နိုင်ငံ သားတွေ တစ်နှစ်လျှင် ၄၅၀ဝ ခန့်မှာ အရက်ကြောင့် ဖြစ်တဲ့ ကင်ဆာ ရောဂါတွေ ဥပမာ အူမကြီး ကင်ဆာ အသည်း ကင်ဆာ၊ အစာရေ မျိုကင်ဆာ၊ရင်သား ကင်ဆာ နှင့် အစာဟောင်း အိမ်ကင်ဆာတို့ ဖြစ်ပွား နေကြောင်း ဖော်ထုတ်ပြောကြား ခဲ့ပါတယ်။

ဘီယာတွင် ပါဝင်သော ဗျစ်ပွင့်ခြောက် အအေးမိ ဗိုင်းရပ်စ်ပိုးကို ကာကွယ်နိုင်


ဘီယာတွင် ပါဝင်သော အဓိက ပစ္စည်း တစ်မျိုး ဖြစ်သည့် ဗျစ်ပွင့် ခြောက်သည် ကလေးငယ် များတွင် ဖြစ်ပွား တတ်သော အပြင်းအထန် ဖျားနာခြင်းနှင့် ဆောင်းရာသီတွင် ဖြစ်ပွား တတ်သည့် နှာစေးခြင်း များကို ကာကွယ် ပေးနိုင်ကြောင်း Sapporo ဂျပန်ဘီယာ ကုမ္ပဏီက သိပ္ပံပညာရပ် ဆိုင်ရာ လေ့လာမှု တစ်ရပ်ကို ကိုးကား၍ ပြောကြားခဲ့သည်။

ဘီယာအရသာ ပိုမို ကောင်းမွန်ရန် အတွက် အသုံးပြုသော ဗျစ်ပွင့်ခြောက်တွင် ပါဝင်သော Humulone ဓာတု ဒြပ်ပေါင်းသည် ကလေးငယ် များတွင် ဖြစ်ပွားတတ်သော အဆုတ်ရောင် ရောဂါနှင့် ချောင်းဆိုး ရင်ကျပ်ရော ဂါကို ဖြစ်ပွားစေသော ဗိုင်းရပ်စ် ပိုးများကို ခုခံ ကာကွယ်နိုင်ကြောင်း Sapporo ဘီယာ ကုမ္ပဏီက ပြောကြား ခဲ့သည်။

Humulone ဓာတု ဒြပ်ပေါင်းသည် နှာခေါင်းနှင့် လည်ချောင်း ရောဂါပိုး (RS) ကို ခုခံကာကွယ် နိုင်ကြောင်း Sapporo ဆေးဘက်ဆိုင်ရာ တက္ကသိုလ်မှ သိပ္ပံ ပညာရှင်များက တွေ့ရှိခဲ့သည်ဟု ယင်းကုမ္ပဏီက ပြောကြား ခဲ့သည်။

RS ဗိုင်းရပ်စ် ပိုးသည် နို့စို့အရွယ် ကလေးငယ်များ၊ လမ်းလျှောက်ခါစ ကလေးငယ် များတွင် အဆုတ်ရောဂါ နှင့် အသက်ရှူ လမ်းကြောင်း ဆိုင်ရာ ရောဂါများကို ဖြစ်ပေါ် စေကြောင်း ယင်းကုမ္ပဏီမှ သုတေသန ပညာ ရှင်တစ်ဦး ဖြစ်သူ ဂျန်ဖူ ချီမိုတိုက ပြောကြားခဲ့သည်။

ထို့အပြင် အဆိုပါ ဗိုင်းရပ်စ် ပိုးသည် ဆောင်းရာသီတွင် ပျံ့နှံ့လျက် ရှိပြီး အရွယ်ရောက် ပြီးသူများအား အအေးမိခြင်း ကဲ့သို့သော ရောဂါ လက္ခဏာ များကို ဖြစ်ပွားစေကြောင်း သိရသည်။

Urinary Incontinence in Women အမျိုးသမီး ဆီးမလုံခြင်း




ကလေးတိုင်းဟာ အသက် ၅-၆ နှစ်ဆိုရင် ဆီးကို ထိန်းနိုင်လာကြပြီ။ သွားရမဲ့နေရာကြမှသာ ဆီးသွားတတ်လာမယ်။ တလထဲမှာ ၂ ခါလောက် အိပ်ရာထဲရှူပါရင် Bed wetting (Enuresis) ခေါ်တယ်။ စိတ်ဖိအားများရင်၊ ကြောက်စိတ်ဝင်ရင် လူကြီးတွေထဲက အမျိုးသမီးတွေပိုဖြစ်ကြတယ်။ ဆီးလမ်းကြောင်း တည်ဆောက်ထားပုံ၊ ကလေးမွးဖွါးရတာ၊ သွေးဆုံးတာ၊ ဆီးလမ်းပိုးဝင်တာတွေကြောင့် ပိုများရတယ်။ သန်းပေါင်းများစွာ အမျိုးသမီးတွေမှာ ဖြစ်နေကြတယ်။ အာရုံကြောထိခိုင်ရင် ကျားရော မပါဖြစ်တယ်။ ဆီးလမ်းကိုထိန်းပေးနေတဲ့ ကြွက်သားတွေနဲ့ အာရုံကြောတွေမှာ တခုခုဖြစ်လို့ဖြစ်ကြရတယ်။

• Stress Incontinence ဖိအားကြောင့် = ချောင်းဆိုး၊ ရယ်မော၊ နှာချေ၊ စတာမျိုးကနေလဲဖြစ်တယ်။ ကိုယ်ဝန်ကြောင့်၊ မီးဖွါးလို့နဲ့ သွေးဆုံလို့ကြောင်လဲ ဖြစ်တယ်။ (အီစထိုဂျင်) နည်းတဲ့ ရာသီမလာခင် တပါတ်လောက်မှာ ပိုသိသာတယ်။
• Urge Incontinence ဆီးသွားချင်လာရင် အမြန်သွားရခြင်း = အာရုံကြောမှာ ပြဿနာရှိလို့ဖြစ်ရတယ်။ ဆီးသွားစေတဲ့ဆေးသောက်ထားရင်၊ စိုးရိမ်စိတ်များရင်၊ တချို့က ပူလို့၊ တချို့ကအေးလို့ ဖြစ်ကြတယ်။
• Functional Incontinence လုပ်ငန်းပျက်ယွင်းခြင်း = လည်ပင်းကြီး-ဟော်မုန်း များတာနဲ့ ဆီးချို မထိန်းနိုင်တာကနေလဲ ဖြစ်နေတာကို ဆိုးစေနိုင်တယ်။ အာရုံကြောရောဂါ၊ ထိခိုက်မိတာတွေကနေလဲ ဆီးအိမ်ကိုထိန်းလို့ ခက်စေမယ်။ (မာလ်တီပယ်-စကလ်ရိုးဆစ်) (ပါကင်ဆန်) ရောဂါ (အဇာမိုင်ယာ) ရောဂါ၊ ဦးနှောက် သွေးကြောပိတ်ရောဂါတွေကနေလဲ ဖြစ်တယ်။ လူဝလွန်းရင်၊ အိုလာရင် ယောက်ျားတွေရော မိန်းမတွေမှာပါ ဆီးမလုံတာဖြစ်နိုင်တယ်။
• Overactive Bladder ဆီးအိမ်က လိုတာထက်ပိုအလုပ်လုပ်နေခြင်း အာရုံကြောကြောင့် ဖြစ်တယ်။
• Overflow incontinence ယောက်ျားတွေမှာ ပိုဖြစ်တယ်။ ဆီးပိုက်ပိတ်နေတာ၊ ဆီးချိုကြောင့် အာရုံကြော အားနည်းတာ၊ ဆီးကျောက်။ ကင်ဆာတွေကနေဖြစ်စေတယ်။
• Transient incontinence အခိုက်အတန့်မှာသာဖြစ်တာက ဆီးလမ်းပိုးဝင်နေချိန်၊ ဝမ်းချုပ်နေချိန်၊ စိတ်ဖိအားများချိန်၊ ဆောင်းတွင်းအချိန်တွေမှာ ဖြစ်တယ်။

ဖြစ်စေတဲ့ အကြောင်းအပေါ်မူတည်ပြီး ကုသရတယ်။ အာရုံကြော ထိခိုက်ပျက်စီးတာမျိုးကတော့ မရနိုင်ဘူး။
• Lifestyle changes ဆီးများစေတာတွေ (ဘီယာ၊ ကော်ဖီ စသည်) သောက်တာ ရှောင်ပါ။
• Pelvic muscle exercises (Kegel exercises) လုပ်တာလဲ ကောင်းတယ်။ (ရေးထားပါတယ်။)
• Biofeedback နည်းဆိုတာ ကရိယာလေး တပ်ထားနည်းဖြစ်တယ်၊
• Timed voiding အချိန်မှတ်ပြီး ဆီးသွားနည်းတွေလုပ်နိုင်တယ်။
• Bladder Retraining ဆီးအိမ်လေ့ကျင့်ခန်း = ဆီးသွားချိန် သတ်မှတ်ပေးထားပါ။ အချိန်ကို ကိုယ်လိုချင်သလို ပြောင်းနိုင်အောင် ကြိုးစားပါ။
• Overactive bladder ဖြစ်နေရင် အာရုံကြောကို ထိန်းမဲ့ဆေးမျိုးပေးမယ်။ Anticholinergics (Atropine, Benzatropine, Biperiden, Ipratropium, Oxitropium, Tiotropium, Glycopyrrolate, Oxybutynin, Tolterodine, Chlorpheniramine, Diphenhydramine, Dimenhydrinate, Orphenadrine, Trihexyphenidyl, Dicyclomine) ဆေးမျိုးဖြစ်တယ်။
• Stress Incontinence အတွက် Vaginal Devices ဗဂျိုင်းနားထဲ ထည့်ထားရတဲ့ကရိယာ၊
• Catheterization တချို့ကို ဆီးပိုက်ထပ်ထားပေးရတယ်။
• Overactive Bladder အတွက် Anticholinergics အမျိုးအစားဆေးတွေသုံးတယ်။
• Urge incontinence ဖြစ်တာကို Neuromodulation နည်း လုပ်တယ်။ FDA အသိအမှတ်ပြုထားတာက InterStim ဖြစ်တယ်။
• Stress Incontinence အတွက် Vaginal Devices မွေးလမ်းကြောင်းထဲထည့်တဲ့ ကရိယာရှိတယ်။ ဆီးအိမ်လည်ပင်းနား အထိန်းကြွက်သားကွင်းနေရာမှာ ဆေးထိုးနည်းလဲရှိတယ်။ Collagen နဲ့ Carbon spheres တွေသုံးတယ်။
• Surgery ခွဲစိတ်ကုသနည်းလဲရှိတယ်။ ခွဲစိတ်နည်းကလဲ အမျိုးမျိုးရှိပါတယ်။ ခွဲစိတ်ကုသနည်း ၃ မျိုးသုံးကြတယ်။ Retropubic suspension နည်း၊ Sling procedures နည်း နဲ့ Midurethral slings နည်းတွေဖြစ်တယ်။
• Prolapse သားအိမ်ကျရောဂါ ရှိရင် ခွဲစိတ်ပြုပြင်နည်းဖြစ်ဖြစ် သားအိမ် ထုတ်နည်းဖြစ်ဖြစ် လုပ်နိုင်တယ်။

Dr. Tint Swe

အမေရိကန်ရဲ့ အထက်မြက်ဆုံး သမ္မတကတော် Eleanor Roosevelt






အမေရိကန်ပြည်ထောင်စုမှာ အထက်မြက်ဆုံး သမ္မတကတော်ဟာ Eleanor Roosevelt ဖြစ်တယ်လို့ အမေရိကန် သမိုင်းပညာရှင်တွေနဲ့ တခြားပညာရှင်တွေ ပါဝင်တဲ့အဖွဲ့က ၅ ကြိမ်ဆက်တိုက်မြောက် ရွေးချယ်ခဲ့ပါတယ်။

မစ္စက် Roosevelt ဟာ နောက်ကြောင်းရာဇဝင် တိုင်းပြည်အတွက် တန်ဖိုးရှိမှု၊ ခေါင်းဆောင်မှု၊ အောင်မြင်မှု၊ သတ္တိရှိမှု၊ အမျိုးသမီး တယောက်အနေနဲ့ ကိုယ်ပိုင်အသွင်အပြင်နဲ့ ရပ်တည်နေထိုင်မှု စတဲ့ အချက် ၆ ချက်မှာ ထိပ်ဆုံးနေရာမှာ ရှိတယ်လို့ Siena College သုတေသနသိပ္ပံနဲ့ C-Span ရုပ်သံဌာနတို့က ပြုလုပ်ခဲ့တဲ့စစ်တမ်းက ပြောပါတယ်။

စုစုပေါင်း ကဏ္ဍ ၁၀ မျိုးအတွက် စစ်တမ်းကောက်ခံခဲ့တာဖြစ်ပါတယ်။ Eleanor Roosevelt ဟာ အမေရိကန်မှာ ၁၉၃၃ ကနေ ၁၉၄၅ အထိသမ္မတလုပ်ခဲ့တဲ့ Franklin Roosevelt ရဲ့ ဇနီးဖြစ်ပါတယ်။ အမေရိကန်မှာ စီးပွားရေး မဟာပျက်ကပ်ကြုံနေချိန်နဲ့ ဒုတိယကမ္ဘာစစ်ပွဲ ကာလ ခက်ခဲကြမ်းတမ်းတဲ့ ကာလတွေမှာ ပြည်သူတွေကို အကောင်းမြင် မျှော်လင့်ချက်ပေးခဲ့သူတယောက်လို့ သူမကို သတ်မှတ်ကြပါတယ်။

နောက်ပိုင်းမှာ သူဟာ ကုလသမဂ္ဂမှာ လူ့အခွင့်အရေးလှုပ်ရှားသူအဖြစ် ဆောင်ရွက်ခဲ့ပြီး ကမ္ဘာပေါ်မှာ အကျော်ကြားဆုံးနဲ့ လေးစားအခံရဆုံး အမျိုးသမီးတယောက်ဖြစ်ခဲ့ပါတယ်။

စစ်တမ်းမှာ ဒုတိယအကောင်းဆုံး သမ္မတကတော်အဖြစ် ရွေးချယ်ခံခဲ့ရတာ သမ္မတဟောင်း John Adams ရဲ့ဇနီးဖြစ်သူ Abigail Adams ဖြစ်ပါတယ်။ သူဟာ အိမ်ဖြူတော်မှာ ပထမဆုံးနေထိုင်ခဲ့တဲ့ သမ္မတကတော်ဖြစ်ပြီး ကျွန်စနစ်ကို အစောပိုင်းထဲက ဆန့်ကျင်ခဲ့သူ ဖြစ်ပါတယ်။

အကောင်းဆုံး သမ္မတကတော်များ စစ်တမ်းမှာ သမ္မတကတော် Jacqueline Kennedy က တတိယ၊ Dolley Madison က စတုတ္ထနဲ့ လက်ရှိသမ္မတကတော် Michelle Obama က ပဉ္စမနေရာတွေ ရခဲ့ပါတယ်။

သမ္မတကတော်ဟောင်းလည်းဖြစ်၊ နိုင်ငံခြားရေးဝန်ကြီးဟောင်းလည်းဖြစ်ခဲ့တဲ့ Hillary Clinton ကတော့ နံပါတ် ၆ အကောင်းဆုံး သမ္မတကတော်လို့ သမိုင်းပညာရှင်တွေနဲ့ တခြားပညာရှင်ပေါင်း ရာနဲ့ချီပါတဲ့အဖွဲ့က ရွေးချယ်ခဲ့ပါတယ်ရှင်။

ဗွီအိုအေ

ရွှန်းစိုတဲ့အသားအရေကိုပေးစွမ်းနိုင်မယ့်အစားအစာခုနှစ်မျိုး


ရေပန်းစားနေတဲ့ခရင်မ်တွေကိုလည်းသုံး၊ မျက်နှာကိုလည်းထိန်းသိမ်းပါ။ အစားအစာနဲ့ အာဟာရပညာရှင်Danna James က ချော့မွေ့နူးညံ့တဲ့အသားအရေကိုပိုင်ဆိုင်နိုင်ဖို့ သူကြိုက်နှစ်သက်တဲ့အစားအစာတွေကို ဝေငှထားပါတယ်။

၁။ သင်္ဘောသီး

မျက်နှာဆေးမယ်ဆိုရင်တောင်သင်္ဘောသီးကိုအသုံးပြုနိုင်ပါတယ်။ စားတောင်စားသေးတာပဲလေ၊ မဟုတ်ဘူးလား။ သင်္ဘောသီးဟာ ဗီတာမင်စီဓာတ် အလွန်ကြွယ်ဝပြီး မျက်နှာမှာရှိတဲ့ဆဲလ်အသေတွေကိုလည်း ဖယ်ရှားပေးနိုင်ပါတယ်။ နှစ်ရက်တာခန့်သင်္ဘောသီးကိုစားမယ်ဆိုရင်ပဲအသားအရေဟာ ၀င်းလက်တောက်ပပြီး ကျစ်လစ်လှပနေမှာပါ။ သင်္ဘောသီးမှာဗီတာမင်အေ ပေါင်းစပ်ပါဝင်တဲ့အတွက် ခရင်မ်တွေရဲ့စွမ်းဆောင်ရည်လိုပဲအသားအရေကိုနူးညံ့စေပါတယ်။ သင်္ဘောသီးမှာပါပိန်း(papain) လို့ခေါ်တဲ့အစာချေစနစ်ကိုကောင်းမွန်စေတဲ့ဓာတ် ပါဝင်ပြီးအသားအရေရောင်ရမ်းခြင်းကိုတိုက်ဖျက်ပေးခြင်းအားဖြင့်နီစပ်စပ်အသားအရေကိုလျော့ကျစေပါတယ်။



၂။ အုန်းနို့ရည်

အုန်းနို့ဆိုတာတော့ကြားဖူးမှာပါ။ အုန်းသီးကိုအရည်ညှစ်ပြီးရလာတဲ့အုန်းနို့ရည်မှာအကျိုးပြုဘက်တီးရီးယား ပါဝင်ပါတယ်။ အုန်းနို့ရည်အနည်းငယ်အတွင်းမှာ ဒိန်ချဉ်မှာပါဝင်တဲ့ပမာဏထက်သုံးဆများတဲ့ ၁၅ဘီလီယံ လောက်ရှိတဲ့ စမသဘငသအငချ ဘက်တီးရီးယားတွေပါဝင်ပါတယ်။ အဲ့ဒီ့အကျိုးပြုဘက်တီးရီးယားတွေကအသားအရေကိုကြည်လင်စေပါတယ်။ အုန်းနို့ရည်ဟာ သဘာဝအချိုဓာတ်ရှိတဲ့အတွက် အသားအရေရဲ့ အဓိကရန်သူဖြစ်တဲ့သကြားအစားအချိုဓာတ်ကိုပေးစွမ်းပြီးအာသာပြေစေပါတယ်။



၃။ နှမ်းမဲ

အရက်သောက်လွန်လို့အသားအရေပျက်စီးနေတာတောင်မှနှမ်းမဲဟာအသားအရေကိုပြန်လည်တင်းရင်းစေပြီး ၀င်းလက်တောက်ပစေပါတယ်။ နှမ်းမဲမှာမရှိမဖြစ်အဆီဓာတ်၊ cellulite အက်စစ်၊ အမိုင်နိုအက်စစ်၊ ပိုတက်စီယမ်နဲ့ အမျှင်ဓာတ်တွေပါဝင်ပါတယ်။ အသားအရေကိုလှပစေမယ့် အာဟာရဓာတ်တွေ အပြည့်ပါဝင်တဲ့ နှမ်းမဲပဲဖြစ်ပါတယ်။ တတ်နိုင်သမျှစားတဲ့အစားအစာတိုင်းမှာထည့်စားဖို့သင့်တော်တဲ့အစားအစာတစ်ခုပါပဲ။



၎။ မုန်လာဥနီ

မုန်လာဥနီဟာသွေးဖြူတွေကိုလှုံ့ဆော်မှုပေးခြင်း၊ ဆဲလ်ညစ်တွေကိုဖယ်ရှားပေးခြင်းဖြင့်မှိုင်းနေတဲ့အသားအရေကိုပြန်လည်ပြုပြင်ပေးပါတယ်။ မုန်လာဥနီဟာသွေးထဲမှာအောက်ဆီဂျင်သယ်ဆောင်နိုင်တဲ့စွမ်းရည်ကိုလည်း လေးဆမြှင့်တင်ပေးတဲ့အတွက်အသားအရည်ကိုတောက်ပစေပါတယ်။ အရေပြားအလွှာကိုဆွဲဆန့်ပေးခြင်းဖြင့်အသားအရေကိုမှေးမိန်စေတဲ့အဆီဓာတ်ဖြစ်တဲ့ခနူကူငအန တွေထွက်ပေါ်လာခြင်းကိုလည်းလျှော့ချပေးနိုင်ပါတယ်။


၅။ သံပုရာသီး

သံပုရာရည်သောက်ခြင်းဖြင့် အဆီဓာတ်ပျော်ဝင်ပါရှိတဲ့ အဆိပ်ဓာတ်တွေနဲ့အဆီထွက်လွယ်တဲ့အသားအရေကိုဆိုးဆိုးရွားရွားဖြစ်စေတဲ့ ဟော်မုန်းဓာတ်အဟောင်းတွေကိုဖယ်ရှားပစ်နိုင်ပါတယ်။ သံပုရာရည်ဟာ အဆီဓာတ်ကိုဖျော်ပစ်ပြီး အသားအရေကို ရေဓာတ်ကြွယ်ဝစေပါတယ်။ သံပရာခွံမှာပါဝင်တဲ့ ဓာတ်တွေဟာလည်း အူနဲ့ပါးစပ်ထဲမှာရှိတဲ့ပိုးတွေကိုသေစေပြီး ဘက်တီးရီးယားကြောင့်ဖြစ်တဲ့ ၀က်ခြံ ထွက်ခြင်းကိုလည်း ကာကွယ်ပေး နိုင်ပါတယ်။



၆။ ဖရုံစေ့

ဖရုံစေ့မှာဇင့်၊ ဗီတာမင်အီး၊ဆာလဖာနဲ့အိုမီဂါ-၃ အက်ဆစ်စတာတွေ ပါဝင်ပြီးအသားအရေကိုကုသပေးပါတယ်။ အာဟာရဓာတ်ပေးတယ်။ အသားအရေကိုပြန်လည်ကောင်းမွန်စေတယ်။ ရေဓါတ်ကိုကြွယ်ဝစေတယ်။ ထိခိုက်ဒဏ်ရာဖြစ်ထားလို့အမဲကွက်တွေကျန်နေခဲ့ရင်တောင်ပြန်လည်ပြုပြင်ပေးပါတယ်။


၇။ ခရမ်းချဉ်သီးဖျော်ရည်

တစ်နေ့တာအတွင်း ဘာမှမစားရသေးခင်မှာလတ်ဆတ်တဲ့ခရမ်းချဉ်သီးဖျော်ရည်တစ်ခွက်သောက် မယ်ဆိုရင်သူ့မှာ ပါဝင်တဲ့ လိုင်ကိုပိန်းဟာခရမ်းလွန်ရောင်ခြည်ဒဏ်ကိုကာကွယ်ပေးမှာပါ။ ၈အောင်စ ပမာဏပါဝင်တဲ့ ခရမ်းချဉ်သီးဖျော်ရည်တစ်ခွက်ဟာနေရောင်ခြည်ကာကွယ်နှုနှ်းင်္ဏ ၅ ကိုပေးစွမ်းမှာပါ။ ခရမ်းချဉ်သီး ဖျော်ရည်ဟာ မှိုင်းနေတဲ့အသားရေကိုတောင် ပြန်လည်ဝင်းပစေတဲ့အတွက် မယ်တော်မေရီတောင်နံနက်၊ နေ့လယ်စာစားတဲ့အခါသုံးဆောင်ပါတယ်။
Ref: elle.com

လူ၂၂ယောက်ကျော်သတ်ခဲ့တဲ့ ၁၉နှစ်အရွယ်မိန်းကလေး



မီရန်ဒါဘာဘာ ဆိုတဲ့ ၁၉နှစ်အရွယ်မိန်းကလေးဟာ အလာစကားစေတန်ဆိုတဲ့ လျှို့ ဝှက်အဖွဲ့ အစည်း တစ်ခု ရဲ့ အဖွဲ့ ဝင်ဖြစ်ပြီး အမေရိကန်ပြည်နယ်တလျှောက် လူသတ်ခဲ့ရာမှာ ၂၂ ယောက်မြောက်သတ်ပြီးတဲ့နောက်မှာ သူသတ်ခဲ့တဲ့ လူအရေအတွက်ကို ရေတွက်ခြင်း မပြုတော့ဘူးလို့ ဆိုပါတယ်။



Confession: Miranda Barbour has confessed to murdering at least 22 people

အလက်စကားစေတန်ဆိုတဲ့လျှို့ ဝှက်ဂိုဏ်းရဲ့ အဖွဲ့ ဝင် တစ်ယောက်ဖြစ်တဲ့မီရန်ဒါဟာအင်တာနက် ကနေတွေ့ ခဲ့တဲ့လူတစ်ယောက်ကိုသတ်ခဲ့တဲ့အမှုနဲ့ အဖမ်းခံရပြီးစစ်ဆေးရာက
အနည်းဆုံးလူ ၂၂ယောက်ကိုသတ်ခဲ့ တယ်လို့ ဝန်ခံပါတယ်။
သူက အသက် ၁၃နှစ်အရွယ်မှာ အလက်စကားစေတန်ဆိုတဲ့လျှို့ ဝှက်အဖွဲ့ ကိုဝင်ရောက်ခဲ့ချိန်ကစပြီး လူသတ်ခဲ့တယ်လို့ ဝန်ခံပါတယ်။

မီရန်ဒါဘာဘာက ပင်ဆယ်ဗေးနီးယားပြည်နယ်ကဖြစ်ပါတယ်။
" ကျမသတ်တာ ၂၂ယောက်ဖြစ်တော့ သတ်ခဲ့တဲ့လူတွေကိုရေတွက်တာရပ်လိုက်ပါတယ်"လို့ြေ့ပာပါတယ်။
နိုဝင်ဘာ၂၀၁၃မှာ မီရန်ဒါဟာ လီဖာရာရာနဲ့ အိပ်ဖို့ အတွက် ဒေါ်လာ၁၀၀နဲ့  အပေးအယူတည့်ပြီး မော်လ်ထဲကနေ ကားနဲ့ ခေါ်လာပါ တယ်။ သူ့ ယောက်ျားက ကားနောက်မှာပုန်းပြီး လိုက်လာပါတယ်။သူက အသက်၄၂နှစ် အရွယ် လီဖာရာရာကို ဓားနဲ့  အချက်ပေါင်း၂၀လောက် ထိုးခဲ့တယ်။သူ့ ယောက်ျားက လည်ပင်းမှာကြိုးနဲ့ တုပ်ထားပေးတယ်လို့ သိရပါတယ်။

"အမှန်တော့ သူ ကအဲဒီလိုဓားနဲ့ ထိုးသတ်ခံရဖို့ မဟုတ်ပါဘူး။ သူက မဟုတ်တာပြော တယ်လေ။အဲဒါနဲ့ စိတ်မထိန်းနိုင်တော့ဘူး။ကျမယောက်ျားကလည်ပင်းကိုညှစ်ထားပေးတယ်။"
သူ့ ရဲ့ ပထမဆုံးလူသတ်တဲ့အတွေ့ အကြုံကို ပင်ဆယ်ဗေးနီးယားနေ့ စဉ်ကိုပြောပြရာမှာ။ခေါင်းဆောင်က ကျမကို နင်သူ့ ကိုပစ်ရမယ်လို့ ပြောတယ်။ ကျမကသေနတ်တွေကိုမုန်းတယ်။ကျမသေနတ်မသုံးဘူး။သူကကျမနောက်ကိုလာပြီး သူ့ လက်နဲ့ ကျမလက်အပေါ်မှာဖိပြီး သေနတ်ခလုတ်ကိုညှစ်လိုက်ကြတယ်။ အဲဒီအချိန်ကစပြီး ကျမ လူတွေဆက်တိုက်သတ်ဖြစ်နေတော့တာပါပဲ။ အဓိကသတ်တဲ့နေရာက အလက်စကားပြည်နယ်မှာဖြစ်တယ်။တက္ကဆက်၊မြောက်ကယ်ရိုလိုင်းနားနဲ့ ကယ်လီဖိုးနီးယားပြည်နယ်တွေ မှာလည်း သတ်ခဲ့တယ်လို့ ဝန်ခံခဲ့တယ်။
အကယ်၍ပြန်ထွက်လာခဲ့ရင်လူထပ်ပြီးသတ်မိမှာစိုးရိမ်လို့  သူက အချုပ်ထဲကနေအပြင် ကိုပြန်မထွက်ချင် ဘူး လို့ အင်တာဗျူးတစ်ခုမှာပြောခဲ့ပါတယ်။မီရန်ဒါဘာဘာနဲ့ သူယောက်ျားအီလစ်တို့ ဟာ ထရွိုင်လာဖာရာရာကို သတ်ခဲ့တဲ့အမှုအတွက်သေဒဏ်ကျခံရဖွယ်ရှိပါတယ်။
the melting pot 4U

ချစ်သူများနေ့ မှာ ချစ်သူနဲ့ တွေ့ ဖို့ ထောင်ဖောက်ပြေးသူ


ဗယ်လင်တိုင်းချစ်သူများနေ့ မှာ အမေရိကန်၊အရီဇိုးနားအကျဉ်းထောင်က ထောင်သားတစ်ယောက် ဟာသူ့ ချစ်သူနဲ့ တွေ့ ဆုံဖို့  အတွက် ထောင်နံရံနှစ်ခုကို ကျော်၊ဘလိတ်ဓားလို ထက်တဲ့ဝိုင်ယာတွေကြား ထဲကတွားသွားပြီး ထွက်ပြေးသွားခဲ့ပါတယ်။

ထောင်ဖောက်ပြေးသွားတဲ့ အသက်၄၀ရှိပြီဖြစ်တဲ့ ဂျိုးဇက်အန်ဒရူးဒက်ခမ်းနစ်ကို သူ့ ရည်းစားနဲ့ ချိန်းထားတဲ့ ကူးလ်လစ်ဆိုတဲ့အသားကင်ဆိုင်မှာ ပြန်ဖမ်းမိခဲ့ပါတယ်။အဲဒီဆိုင်က ဖီးနစ်မြို့ ရဲ့ အရှေ့ တောင် ၃၅မိုင်အကွာမှာရှိပါတယ်။ဂျိုးဇက်ကို ကားခိုးမှု၊ကားမောင်းခွင့်ဆိုင်းငံ့ထားတဲ့လိုင်စင်နဲ့ ကားမောင်းမှု၊ ဥပဒေမဲ့တိုက်ခိုက်မှုစတဲ့ပြစ်မှုတွေနဲ့ ဇန်န၀ါရီ၁၀ရက်နေ့ က ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။
ဘလိတ်ဓားလိုထက်တဲ့ဝိုင်ယာတွေကိုဖြတ်ပြီး ထွက်ပြေးသွားတာကြောင့်ရရှိတဲ့ ပြတ်ရှဒဏ်ရာတွေ ကြီးတာကြောင့် သူ့ ကိုဆေးကုသရမယ်လို့ တာဝန်ရှိသူတွေကပြောပါတယ်။
အောက်ကဓာတ်ပုံက အချစ်သူရဲကောင်းကြီး ဂျိုးဇက်ရဲ့ ဓာတ်ပုံပါ။

Sunday, February 16, 2014

ကိုယ်လုံးတီးပန်းချီကားတွေ စန္ဒာခိုင် ရန်ကုန်မှာ တစ်ကိုယ်တော်ပြပြီ




သဘာဝအတိုင်းမြင်ရတဲ့ မိန်းမတစ်ယောက်ရဲ့ အမှန်တရားတစ်ခုကို လိုင်းတွေ၊ မျဉ်းကြောင်း အလှတွေ၊ အရောင်တွေနဲ့ ဖော်ကျူးထားတဲ့ ကိုယ်လုံးတီးအမှန်တရား ဆိုတဲ့ခေါင်းစဉ်နဲ့ ပန်းချီပြပွဲကို စန္ဒာခိုင်က ပြသလိုက်ပါပြီ။

The Naked Truth ခေါင်းစဉ်နဲ့ ပုလဲကွန်ဒိုက Studio Square မှာ ဖေဖော်ဝါရီ ၁၅ရက်ကနေ ၁၉ရက်နေ့အထိ ၅ရက်ကြာ ပြသမှာဖြစ်ပြီး Nude ပန်းချီတွေရေးဆွဲလာတာ သက်တမ်းကြာပေမယ့် စိစစ်ရေးကြောင့် ပြသခွင့်မရခဲ့ဘဲ အခုမှ တစ်ကိုယ်တော် ပြပွဲလုပ်တာလို့ စန္ဒာခိုင်က ဆိုပါတယ်။

ကိုယ်လုံးတီး ပန်းချီတွေကို ဖန်တီးဖို့ဆိုတာ လူရဲ့ ခန္ဓာဗေဒဖွဲ့စည်းပုံကို လေ့လာရသလို အောင်မြင်ပြီး အဆင့်အတန်းမီတဲ့ အနုပညာမှာ Nude က မပါမဖြစ်ပါရတာကြောင့် ယဉ်ကျေးမှုကို ဆန့်ကျင်ဖောက်ထွက်တာမဟုတ်ဘဲ ပန်းချီပညာရဲ့ အဓိကလိုအပ်ချက်ကြောင့် ပြသဖို့လုပ်တာလို့ ပန်းချီဆရာ ငြိမ်းချမ်းစုက ဆိုပါတယ်။

စန္ဒာခိုင်ရဲ့ တစ်ကိုယ်တော် ပြပွဲမှာ ကိုယ်လုံးတီးပန်းချီကားပေါင်း ၃ဝကို ပထမဆုံးအဖြစ် မြန်မာပြည်မှာ စတင်ပြသတာလည်းဖြစ်ပါတယ်။

စစ်တွေမြို့တွင် ဓမ္မာရုံပြိုကျရာမှ တစ်ဦး သေဆုံး၍ လေးဦး ဒဏ်ရာရရှိ




ပြိုကျခဲ့သော စစ်တွေမြို့ ဘောလုံးကွင်းရပ်ကွက်ရှိ ဇေယျရန်အောင် ဓမ္မာရုံအရှေ့ပိုင်းအား ဖေဖော်ဝါရီ ၁၅ ရက်က တွေ့ရစဉ် (ဓာတ်ပုံ-သန်းလှိုင် (စစ်တွေ) )


စစ်တွေမြို့ ဘောလုံးကွင်းရပ်ကွက်ရှိ ဇေယျရန်အောင် ဓမ္မာရုံအရှေ့ပိုင်းအား ပြုပြင်နေစဉ်အတွင်း ရှေ့ပိုင်းမှ မထင်မှတ်ဘဲ ပြိုကျခဲ့သဖြင့် ပန်းရန်လုပ်ငန်းလုပ်ကိုင်နေသူများအနက် တစ်ဦးသေဆုံးပြီး လေးဦး ဒဏ်ရာရရှိကာ စစ်တွေပြည်သူ့ဆေးရုံတွင် နှစ်ဦးတက်ရောက် ကုသမှုခံယူနေရမှုတစ်ရပ် ဖေဖော်ဝါရီ ၁၅ ရက်တွင် ဖြစ်ပွားကြောင်း သိရသည်။

ယင်းသို့ ပြိုကျခြင်းကြောင်း သေဆုံးခဲ့သူမှာ ပန်းရန်ဆရာတစ်ဦးဖြစ်ပြီး ခေါင်မိုးပေါ်မှ တစ်ပါးတည်းပြိုကျကာ အုတ်များနှင့် ပိ၍ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း၊ သေဆုံးသူမှာ ကန်တော်ကြီးရပ်ကွက်နေ ပန်းရန်ဆရာ ဦးကျော်အေး ၅၃ နှစ်ဖြစ်ကြောင်း သိရပြီး ပန်းရန်ဆရာနှင့်အတူ ခေါင်မိုးပေါ်တွင်ရှိနေသော ပန်းရန်သမားသုံးဦးနှင့် အောက်တွင်ရှိနေသူများလည်း ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းကိစ္စအပေါ် စစ်တွေမြို့ မြို့မရဲစခန်းက အမှုဖွင့် အရေးယူ စစ်ဆေးလျက်ရှိကြောင်းလည်း သတင်းရရှိသည်။

ကျန်ဒဏ်ရာရသူ လေးဦးမှာ စစ်တွေမြို့ စက်ရုံစုရပ်ကွက် ရွာသာယာနေ မောင်မောင်စိုး ၂၀ နှစ်၊ ကန်တော်ကြီးနေ မောင်ကျော်လှိုင် ၁၈ နှစ်၊ ရွာသာယာနေ မောင်ခင်မောင် ၂၄ နှစ်နှင့် ဦးကျော်သိန်း ၃၀ နှစ် တို့ဖြစ်ကြောင်းနှင့် မောင်စိုးစိုးနှင့် မောင်ခင်မောင်တို့မှာ စစ်တွေပြည်သူ့ဆေးရုံကြီးတွင် အတွင်းလူနာအဖြစ် တက်ရောက်ကုသနေရသော်လည်း စိုးရိမ်စရာမရှိကြောင်း သိရသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ ဦးကျော်သိန်းက “မုခ်ဦး အသစ်လုပ်ဖို့အတွက် မုခ်ဦး အဟောင်းကို ဖြိုဖျက်နေခိုက် ပြိုကျသွားတာပါ။ ခေါင်မိုးပေါ်မှာ သုံးဦးရှိနေတယ်။ အဲဒီအထဲ ရုတ်တရက် ပြိုကျသွားတာဖြစ်ပါတယ်။ တံစက်မြိတ် အပိုင်းကနေ ပြိုကျသွားတာဖြစ်ပြီး ပြိုကျလာတဲ့ အုတ်တွေပိပြီး သေဆုံးသွားတာပါ။ လည်ပင်း၊ ရင်အုံ၊ ၀မ်းဗိုက်တွေမှာ ပြင်းထန်စွာဒဏ် ရရှိခဲ့တာဖြစ်တယ်။ တခြားလူတွေကတော့ ဒဏ်ရာသိပ်မပြင်းဘူးလို့ သိရတယ်” ဟု ပြောကြားခဲ့သည်။

ရောင်းစားခံရသူ သမီးကို ဖခင်က အင်တာနက်ဖြင့် ကယ်တင်




ရန်ကုန်၊ ဖေဖော်ဝါရီ ၈ -တရုတ်မယားအဖြစ် ရောင်းစားခံရတဲ့ သမီးဖြစ်သူကို ဖခင်က အင်တာနက် အဆက် အသွယ် ကနေ တစ်ဆင့် သိရပြီး ကယ်တင်နိုင်ခဲ့တယ်လို့ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး တပ်ဖွဲ့မှ သတင်းထုတ်ပြန်ပါတယ်။


ဖခင်ဖြစ်သူရဲ့ ပြောကြားချက်အရ ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလအတွင်း ယခင် တစ်ရွာတည်းနေထိုင်သူ သုံးဦးရောက်ရှိလာပြီး တရုတ်နိုင်ငံရှိ ဖိနပ်စက်ရုံမှာ တစ်လ ယွမ်ငွေ ၂၀ဝ၀ ခန့်ရမယ်၊ မြန်မာငွေနဲ့တွက်ရင် သိန်းချီရမယ်ပြောတာကြောင့် သမီးဖြစ်သူကို ထည့်ပေးလိုက်ကြောင်း သိရပါတယ်။

၂၀၁၃ ဧပြီမှာ သမီးဖြစ်သူကို ခေါ်ဆောင်သွားတဲ့ အဆိုပါမိသားစု ၎င်းတို့ကျေးရွာကို ပြန် လည် ပြောင်း ရွှေ့နေ ထိုင်လာ သဖြင့် သမီးဖြစ်သူနဲ့ ဆက်သွယ်နိုင်ဖို့ ဖုန်းနံပါတ်တောင်းပေမဲ့ မရရှိခဲ့ကြောင်း လူကုန် ကူးခံရ သူရဲ့ ဖခင်က ဆိုပါတယ်။ ၂၀၁၄ ဇန်နဝါရီလထဲမှာ အင်တာနက်မှတစ်ဆင့် သမီးဖြစ်သူနဲ့ အဆက် အသွယ် ရပြီး တရုတ်အမျိုးသားတစ်ဦးထံ ယွမ် ၆၀,ဝ၀ဝ နဲ့ ရောင်းစားခဲ့ကြောင်း သိရှိရပါတယ်။
၎င်းရဲ့ သမီးဖြစ်သူက ဖုန်းနံပါတ်ပေးတာကြောင့် အဆက်အသွယ်လုပ်ပြီး လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ (မူဆယ်) ကို ဖခင်ဖြစ်သူက တိုင်ကြားခဲ့ပါတယ်။

တပ်ဖွဲ့စု (မူဆယ်)မှ ဖုန်းနံပါတ်အတိုင်း ဆက်သွယ်ကယ်ဆယ်ခဲ့ပြီး ရောင်းစားခဲ့တဲ့ မိသားစုသုံးဦးကို (ပ) ၁၈/၂၀၁၄ ၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေး ဥပဒေ ပုဒ်မ ၂၈ (က) နဲ့ အမှုဖွင့်အရေးယူထားပါ တယ်။ ရောင်းစားခံရသူ အမျိုးသမီးငယ်ဟာ အသက် ၁၉ နှစ်သာရှိသေးပြီး ပြန်လည်ကယ်တင်ချိန်မှာ ကိုယ်ဝန် ရှစ်လရှိနေပြီလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မကောင်းဆိုးဝါးဝိညာဉ်ဝင်ပူးနေတဲ့အရုပ်




ဒီအရုပ်လေးကအမေရိကန်နိုင်ငံကွန်နတီကပ်(connecticut)ပြည်နယ်က moodusဆိုတဲ့ရွာလေး၁ရွာမှာ ရှိပါတယ်။
အဲ့ရွာရဲ့ အော့ကော့(occult)ပြတိုက်မှာ ဒီအရုပ်ကိုဖန်သေတ္တာထဲထည့်ပီးထိန်းသိမ်းထားတာပါ။
အဲ့အရုပ်ကို ဖန်သေတ္တာထဲထည့်ချိန်မှာအစီအရင်တွေနဲ့ ပြုလုပ်ခဲ့ရပါတယ်။
အရုပ်ထဲမှာက ကလေးမလေး၁ယောက်ရဲ့ ၀ိညာဉ်ရှိပီး ဘယ်လို နှင်နှင်အရုပ်ထဲမှာပဲ ရှိနေပါတယ်။
ဘာကိုစွဲလမ်းပီး ကပ်နေတာလည်း မေးပေမယ့် အရုပ်ထဲက သရဲမလေးကမဖြေဘဲ ပိုပိုဆိုးသွမ်းခဲ့ပါတယ်။
ဘယ်လို ဆရာမျိုးမှ မနှိမ်နင်းနိုင်ခဲ့ဘူး။
အရုပ်ကိုကိုင်တဲ့သူမှန်သမျှကိုဝင်ပူးတတ်ပီး ၀င်မပူးရင်တောင်ဘေးအန္တရာယ်၁ခုခုပေးပါတယ်။
ဒီအရုပ်ကို ပြတိုက်မှာထားတဲ့အခါ ကောင်မလေး၁ယောက်ကအရုပ်ရဲ့ ဖန်အိမ်ကို လက်နဲ့ခေါက်ပီးပြတိုက်ကအပြန်မှာကားတိုက်ခံပီး သေဆုံးသွားပါတယ်။
ဒါ့ပြင် အရုပ်ကိုမဟုတ်ဘဲ အဲ့အရုပ်ဖန်အိမ်ကို ထိရုံထိမိတဲ့သူမှန်သမျှက ဒီလိုအသေဆိုးနဲ့ သေခဲ့ကြပါတယ်။
ဒါကြောင့် အရုပ်ဖန်အိမ်ပေါ်မှာDO NOT TOUCHဆိုတဲ့ စာသားကို ကပ်လိုက်တာပါ။
နတ်ဆရာ သို့မဟုတ်ဘုန်းတော်ကြီးတွေသာ အရုပ်ကို ကိုင်နိုင်ပါတယ်။
အရုပ်ပိုင်ရှင်တွေကတော့အဲ့အရုပ်ရဲ့ ခြောက်လှန့်ခြင်းတွေကိုခံခဲ့ရတယ်။
ညဘက်မှာ အရုပ်ကနေ လှောင်ရယ်သံတွေ အရုပ်က လမ်းလျှောက်တာတွေ မျိုးပေါ့။ အရုပ်သရဲကားအချို့ကတော့ ဒီဖြစ်ရပ်ကို အခြေခံပီး ပုံစံတူတာတွေ ရိုက်ကူးခဲ့ကြတယ်။
ကဝေ့ Friတို့လည်း အဲ့လိုအရုပ်မျိုးနဲ့ မဆုံစည်းပါစေနဲ့လို့ ဆုတောင်းပေးလိုက်တယ်နော်။
ကဝေ ကတိအတိုင်း postပြန်တင်လိုက်ပါပီ ...good luck my fans
ပုံလေးက Black&whiteဖြစ်နေတယ် သည်းခံနော်

မှော်ပညာ အောက်လမ်းအကြောင်း တစေ့တစောင်း Annabelle the Haunted Doll

This is the true case of a haunted doll named Annabelle, who is possessed by some really malevolent entity. This creepy doll can not only move on its own, but also write! Twice did this demonic doll make deadly attempts to cause severe harm to a human victim, once by strangling him and then again by clawing his chest brutally. So, read on if you dare...


History:
In 1970, as a mother explored a hobby store looking for a perfect gift for her only daughter on her birthday, a Raggedy Ann doll captured her attention. On that unfortunate moment, she was convinced that this would be the perfect present for her daughter. Her daughter, Donna, for whom the present was intended, was a young college going girl readying herself to graduate with a nursing degree. Donna, at that time lived in a small apartment with her roommate Angie. Pleased with the lovely gift from her mother, Donna kept the doll on her bed in her bedroom. Soon after, Donna and Angie started noticing something strange about the doll. At first, the doll would make only unnoticeable movements like minor changes in position. However, as time passed by, its activities became more and more prominent. Sometimes it would be found in an altogether different room than the one in which Donna had left it, sometimes sitting with its legs crossed and arms folded in the couch, sometimes leaning against a chair, standing on its own. Sometimes Donna would even find it laying on her bed in the bedroom, when Donna had left it in the living room!
The Doll could Write....Donna soon began to find small parchments with inscribed messages here and there in her house. While most pencilled messages were like scribblings of a toddler and were undecipherable, two phrases "Help Us" and "Help Lou" were clearly included in the messages. The most astonishing part is that Donna didn't even keep parchments in her house, which makes us wonder where they might have come from.

Valentine's Day မှာ ဂင်းနစ်ကမ္ဘာ့စံချိန်ဝင်ခဲ့တဲ့ အာဂျင်တီးနားက တက်တူးအများဆုံးစုံတွဲ




အာဂျင်တီးနားစုံတွဲတစ်တွဲဖြစ်တဲ့ ဂါဘရီလာ နဲ့ ဗစ်တာ ပီရောတာ တို့ ဟာ ခန္ဓာကိုယ်ရဲ့ လေးပုံသုံးပုံ ကျော်ကို တက်တူးထိုးထားသလို ခန္ဓာကိုယ်အလှဆင်မှု ၇၇ ခုကိုလည်း ပြုလုပ်ထားကြပါတယ်။
သူတို့ စုံတွဲဟာ ကမ္ဘာ့တက်တူးအများဆုံးစုံတွဲအဖြစ် ဂင်းနစ်စံချိန်ဝင်ခဲ့သလို ခန္ဓာကိုယ်ပြောင်းလဲမှုအများဆုံးပြုလုပ်ထားတဲ့စုံတွဲအဖြစ် ပါ သတ်မှတ်ခံခဲ့ရပါတယ်။ နားပေါက်ချဲ့ မှု၊ လျှာနှစ်ခွဖြစ်အောင်ခွဲစိတ်မှု၊ အရေပြားထိုးဖောက်အလှဆင်မှု၊ ခန္ဓာကိုယ်ခွဲစိတ်ပြောင်းလဲမှု စတဲ့ ခန္ဓာကိုယ်အလှဆင်မှု ၇၇ ခုကျော်ကို ပြုလုပ်ထားပြီး တစ်ကိုယ်လုံးမှာ ဖောက်ထွင်း ထားတဲ့ အပေါက်ပေါင်း ၅၀ ကျော် ရှိပါတယ်။
ဗစ်တာ ရဲ့ ခန္ဓာကိုယ် ၉၀ ရာခိုင်နှုန်းကို တက်တူးထိုးထားပြီး ဂါဘရီလာ ရဲ့ ခန္ဓာကိုယ် ၆၅ ရာခိုင်နှုန်း ကို တက်တူးနဲ့ အလှဆင်ထားတာပါ။ ဒီ အာဂျင်တီးနားစုံတွဲကို ခန္ဓာကိုယ်ပြုပြင်ပြောင်းလဲမှုအများဆုံး ပြုလုပ်ထားတဲ့ စုံတွဲအဖြစ် ဂင်းနစ်စ်ကမ္ဘာ့စံချိန်မှတ်တမ်းမှာ ဖေဖော်ဝါရီ ၁၄ ရက်၊ ဗယ်လင်တိုင်းနေ့ က ထည့်သွင်းခဲ့တာပါ။
အသက် ၄၂ နှစ်အရွယ် ဂါဘရီလာနဲ့ ၄၃ နှစ်အရွယ် ဗစ်တာ တို့ ဟာ အတူလက်ထပ်ပေါင်းသင်းနေထိုင်ခဲ့တာ ၁၃ နှစ်ကျော်ကြာမြင့်ခဲ့ပြီဖြစ်ပြီး တစ်ယောက်ပေါ်တစ်ယောက် အရမ်းချစ်ကြတယ်လို့ ဆိုပါတယ်။
ဗစ်တာ ဟာ အသက် ၁၃ နှစ်အရွယ် မှာ F*** ဆိုတဲ့ စကားလုံးကို လက်ချောင်းတွေမှာ ပထမဆုံးရေးထိုးခဲ့ပြီး ဂါဘရီလာ က နှင်းဆီနီတစ်ပွင့်ပုံကို သူမရဲ့ ရင်ဘတ်မှာ စတင်ရေးထိုးခဲ့တယ်လို့ ဆိုပါတယ်။


Ref: dailymail

အူမကြီးကင်ဆာ ရောဂါကို ကာကွယ် နိုင်သည့် နည်းလမ်းငါးသွယ်



၁။ ဓာတ်တိုး ဆန့်ကျင် ပစ္စည်း အများအပြား ပါဝင်သော ကော်ဖီ သောက်ပါ

နေ့စဉ် ကော်ဖီသုံးခွက် သောက်တာကြောင့် အူမကြီးကင်ဆာ ဖြစ်နိုင်ခြေကို ၃၀ ရာခိုင်နှုန်းခန့် လျှော့ချနိုင်ကြောင်း ဗင်ဒါဗစ် တက္ကသိုလ်မှ သုတေသီတွေက ဆိုပါတယ်။ ခန္ဓာကိုယ်တွင်း ပုံမှန်မဟုတ်တဲ့ ဆဲလ်တွေဟာ ကော်ဖီမှ Chlorogenic နဲ့ Caffeic အက်စစ်ကို စုပ်ယူခဲ့ရင် ကင်ဆာဆဲလ်အဖြစ် မပြောင်းလဲခင်မှာပင် ကြီးထွားမှု ရပ်တန့်သွားတာကြောင့်လို့ ဆိုပါတယ်။

၂။ အမျှင်ဓာတ်ကြွယ်ဝတဲ့ အစားအစာများကို နံနက်စာအဖြစ် စားသုံးပါ

မနက်တိုင်း ကောက်နှံတစ်ခုလုံး ပါဝင်တဲ့ ကွေကာ (Bran Cereal) ကို ခွက်တစ်ဝက်စာ စားသုံးတာကြောင့် အူမကြီးအတွင်း ပုံမှန်မဟုတ်တဲ့ ဆဲလ်ကြီးထွားမှု ဖြစ်နိုင်ခြေ ၃၀ ရာခိုင်နှုန်းအထိ လျှော့ချနိုင်ကြောင်း USDA ရဲ့ လေ့လာမှုအရ တွေ့ရှိခဲ့ပါတယ်။ အမျှင်ဓာတ်တွေဟာ အူအမြှေးပါးတွေကို ပျက်စီးစေနိုင်တဲ့ သည်းခြေ အက်စစ်တွေနဲ့ ပူးပေါင်းလိုက်တာကြောင့်ပါ။ ဒါ့အပြင် အူမကြီးကင်ဆာ ဖြစ်နိုင်ခြေနဲ့ ဆက်စပ်နေတဲ့ ဝမ်းချုပ်တာ မဖြစ်အောင်လည်း ကာကွယ်ထားနိုင်လို့ပါ။

၃။ ကင်ဆာဖြစ်နိုင်ခြေ ၃၈ ရာခိုင်နှုန်း လျှော့ချနိုင်အောင် သစ်သီးများများစားပါ

နေ့စဉ် ခွက်နှစ်ခွက်ခွဲစာ သစ်သီးစားသုံးသူတွေဟာ ကင်ဆာအကြို ဖြစ်နိုင်ခြေ အူမကြီးအတွင်း အသားပို (Polyp) ထွက်နှုန်း ၃၈ ရာခိုင်နှုန်း လျော့နည်းသွားနိုင်ပါတယ်။ Polyp ရှိသူတွေဟာ ငါးနှစ်မှ ၁၀ အတွင်း ကင်ဆာဖြစ်သွားတတ်လို့ပါ။ သစ်သီးတွေမှာ ကင်ဆာကို တွန်းလှန်နိုင်တဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ အများအပြား ပါဝင်လို့ပါ။

၎။ ဟင်းခတ်အမွှေးအကြိုင်များ အသုံးပြုပါ

နနွင်းကို အဝါရောင်ဖြစ်စေတဲ့ ကာကူမင်ဒြပ်ပေါင်းဟာ ၂၄ နာရီအတွင်း အူမကြီး ကင်ဆာဆဲလ်တွေရဲ့ ၂၅ ရာခိုင်နှုန်းကို ဖျက်ဆီးပစ်နိုင်တယ်လို့ လူစီယားနား တက္ကသိုလ်မှ သုတေသီတွေက တွေ့ရှိခဲ့ပါတယ်။ နေ့စဉ် ဟင်းချက်တိုင်း နနွင်း အသုံးပြုပေးပါ။

၅။ အရက်ပမာဏ လျှော့သောက်ပါ

ဝီစကီ၊ ဂျင်မ်၊ ဒါမှမဟုတ် ဗော်ဒကာကို အပတ်စဉ် ကိုးခွက်ထက် ပိုသောက်သူတွေဟာ အူမကြီးကင်ဆာ ဖြစ်နိုင်ခြေ သုံးဆ ပိုများတယ်လို့ သုတေသီတွေက ဆိုပါတယ်။ ဒါပေမဲ့ နေ့စဉ် ဝိုင်အနီ တစ်ခွက် သောက်တာဟာ ရောဂါဖြစ်နိုင်ခြေကို လျှော့ချနိုင်ပါတယ်။ ကင်ဆာကို တွန်းလှန်နိုင်တဲ့ ဖလေဗိုးနွိုက်တွေ ပါဝင်လို့ပါ။

Related Posts Plugin for WordPress, Blogger...