Wednesday, February 12, 2014

Roots ကုမ္ပဏီနဲ့ ရပ်ပ်ပါ Drake တို့ရဲ့ တက္ကသိုလ်စတိုင် ဂျက်ကစ်အင်္ကျီသစ်




ရပ်ပ်ပါ Drake ဟာ ၂၀၁၄ခုနှစ် အားကစားဂျက်ကစ် အင်္ကျီထုတ်ဖို့အတွက် ကနေဒါအခြေစိုက် Roots Canada ကုမ္ပဏီနဲ့ လက်တွဲလုပ်ဆောင်နေပါတယ်။

ရပ်ပ်ပါ Drake ရဲ့ တရားဝင် ၀ဘ်ဆိုဒ်အရ တက္ကသိုလ်စတိုင် သားရေဂျက်ကစ်ကို အဖြူအနက်တွဲ၊ အစိမ်းအဖြူတွဲ နှစ်မျိုးရရှိနေပြီလို့ သိရပါတယ်။ ဂျက်ကစ် အင်္ကျီရဲ့ကျောဘက်မှာ Drake ရဲ့အဖွဲ့သားတံဆိပ်ဖြစ်တဲ့ ဇီးကွက် (သို့) OVO တံဆိပ်ခေါင်း ပါရှိပါတယ်။ ရှေ့ဘက်မှာတော့ Drake ထွက်ဖူးသမျှ အယ်လ်ဘမ် ခေါင်းစီးတွေ ပါရှိပါတယ်။

ဒီဂျက်ကစ် အင်္ကျီတွေဟာ ဈေးကလည်း မသေးလှပါဘူး။ တစ်ထည်ကို ကန်ဒေါ်လာ ၄၅၈ လောက်ပေးရမယ် ထင်ပါတယ်။ ကနေဒါနိုင်ငံ၊ Toronto မြို့၊ Bloor လမ်းအနောက်ဘက်မှာရှိတဲ့ Roots Canada စတိုးဆိုင်မှာ ဖေဖော်ဝါရီလ ၁၅ရက်နေ့၊ နံနက် ၁၀နာရီကစပြီး ၀ယ်ယူနိုင်ပါပြီ။ Roots Canada ကုမ္ပဏီဟာ အရည်အသွေးမြင့် သားရေထည်ပစ္စည်းတွေကို ထုတ်လုပ်ရောင်းချနေတဲ့ ကနေဒါအခြေစိုက် ကုမ္ပဏီပါ။ Drake ရဲ့ဇာတိမြေ ကနေဒါလုပ်တွေပေါ့။



Ref:theboombox.com

အချစ်ဆိုတာ နားလည်မှုပါလို့ ဖွင့်ဟသွားတဲ့ ယုသန္တာတင်


ပျိုးခင်းမယ်လေး ၃ယောက်ထဲမှာ ဖြေးဖြေးနဲ့မှန်မှန် ကြိုးစားလျှောက် လှမ်းနေသူလေးကတော့ ယုသန္တာတင်ပါ။ သူမကို ကြော်ငြာတွေ တော်တော် များများနဲ့ ဘေလ်ဘုတ် တော်တော်များများမှာ တွေ့လာရပြီး အနုပညာ အရည်အသွေး ပြည့်ဝသူတစ်ယောက်လို့ ပြောရင်လည်း မမှားပါဘူး။ သူမနဲ့တွေ့ဆုံခိုက်မှာ မေးမြန်းဖြစ်ခဲ့တာတွေကတော့ ‘အခုလတ်တလောမှာ မယားပါဆွေမျိုးများ ဆိုတဲ့ ဗီဒီယိုကားလေးကို ကိုနေတိုးနဲ့ရိုက်နေပါတယ်။ ဒီကားလေးက မိသားစု ဟာသကားလေးပါ။ ပြီးရင် ယုကြော်ငြာ၊ ဘေ ဘုတ်တွေ လက်ခံထားတာရှိပါတယ်။ အဲဒါတွေရိုက်ဖို့ရှိပါတယ်’လို့ သူမက ပြောပါတယ်။

သူမကို ကမ်းလှမ်းလာကြတဲ့ ကာရိုက်တာတွေနဲ့ပတ်သတ်ပြီးတော့လဲ သူမက‘ယုဆီလာတဲ့ ဇာတ်လေးတွေမှာ တချို့ဇာတ်တွေက ကလေးဆန်တဲ့ အိမ်ထောင်သည် ဇာတ်ရုပ်တွေ၊ တချို့က ပေါ့ပေါ့ပါးပါး ဇာတ်လေးတွေ၊ တချို့က ပျိုးခင်းထဲက လူတွေနဲ့တွဲပြီး သရုပ်ဆောင်ရတဲ့ ညီအစ်မဇာတ် ရုပ်လေးတွေလဲ ပါတယ်။ ဇာတ်ကတော့အစုံပါပဲ။ ယုအနေနဲ့ကတော့ လာတဲ့ ဇာတ်တွေကို အကောင်းဆုံး ကြိုးစားသရုပ်ဆောင်တယ်။ ရှေ့မှာထွက်ခဲ့တဲ့ ကားဆိုရင် မကြာသေးဘူးထွက်ထားတာ။ အစွန်းရောက်ချစ်သူများ ဆိုတဲ့ ကားလေးကို ယုအရမ်း သဘောကျတယ်။ ယုသရုပ်ဆောင်ထားတာလဲ အားရတယ်။ အဲလိုဇာတ်ပုံစံလေးတွေဆိုလဲ မတူကွဲပြားတာလေးတွေပေါ့။ ယုထပ်ပြီး သရုပ်ဆောင်ချင်ပါသေးတယ်။ ယု သရုပ်မဆောင်ဖူးသေးတဲ့ ကာရိုက်တာတွေလဲ အများကြီးရှိသေးတော့ ကွဲတဲ့ ကာရိုက်တာလေးတွေလဲ သရုပ်ဆောင်ချင် ပါသေးတယ်။ ယုတို့နဲ့ တွဲသရုပ်ဆောင်တဲ့ အစ်ကိုတွေကလဲ ယုတို့ကို အတတ်နိုင်ဆုံးသင်ပေးတယ်။ သူတို့သင်ပေးတဲ့ အတိုင်းရော၊ တစ်ခါတစ်လေ မင်းသမီးအပြိုင်ဇာတ်တွေ သရုပ်ဆောင်ရတဲ့ အခါတွေမှာ ကိုယ့်ရဲ့စီနီယာတွေရဲ့ သရုပ်ဆောင်ပုံ ၀တ်ပုံစားပုံက အစသေသေချာချာ လေးလေ့လာဖြစ်တယ်။ သူတို့ကလဲ အများကြီးသင်ပေးပါတယ်’တဲ့။

လာမဲ့ချစ်သူများနေ့ကို သူမ ဘယ်လို ဖြတ်သန်းဖြစ်မယ်ဆိုတာကိုတော့ ‘ချစ်သူများနေ့ကတော့ ယု ထွေထွေထူးထူးမရှိပါဘူး။ အလုပ်နဲ့ပဲဖြတ် သန်းဖြစ်မှာပါ။ ကားရိုက်ရှိမယ်ထင်တယ်။ ချစ်သူများနေ့မှာ လက်ဆောင်ပေး ဖို့ ဘာမှတော့ မစီစဉ်ထားဘူး။ သူများက ပေးမပေးတော့ မပြောတတ်ဘူး။ အရင်နှစ်တွေကလဲ တစ်ယောက်တည်းပဲ အလုပ်နဲ့ဖြတ်သန်းဖြစ်သလို ဒီနှစ်လဲ တစ်ယောက်တည်းပဲ ဖြစ်ဖို့များပါတယ်။ အချစ်ဆိုတာကို ယုနားလည်ထားတာကတော့ နားလည်မှုလို့ထင်တာပါပဲ။ ကိုယ်ကိုတိုင်လဲ သိပ်မပြောတတ်ဘူး။ ခုချိန်မှာတော့ ယုအနုပညာအလုပ်တွေပဲ ဆက်ပြီး ကြိုးစားသွားဦးမှာပါ။ အချစ်ရေးကိုတော့ မစဥ်းစားဖြစ်သေးပါဘူး’လို့ သူမက ပြောပြသွားခဲ့ပါတယ်။

စုနန္ဒာအောင်ပြောပြတဲ့ သူမရဲ့အချစ်အကြောင်း


Supermodels အဖွဲ့မှ စုနန္ဒာအောင်ကို လတ်တလောမှာ အနုပညာလှုပ်ရှားမှုတွေနဲ့အတူ သူမရဲ့အချစ်အကြောင်းကို မေးမြန်းဖြစ်တဲ့အခါ ‘ညီမ အခုလတ်တလောမှာတော့ နယ်ရှိုးတွေ ဆိုဖြစ်နေတယ်။ Supermodels သီချင်းအတွက် MTV ရိုက်နေတယ်။ ညီမရဲ့MTVအခွေမှာ နိုင်ငံခြားကအတိုင်း ကော်ပီတော့ မလုပ်ဘူး။ ဒါပေမဲ့ နိုင်ငံခြားMTVတွေတော့ ကြည့်ဖြစ်ပါတယ်။ MTV အတွက် ဒါရိုက်တာနဲ့ တိုင်ပင်တယ်။ ပြီးတော့ ကိုယ့်ရဲ့အိုင်ဒီယာလည်း ဖြစ်ရမယ်။ ဆင်ဆာတွေ လွတ်လပ်ခွင့်ရပြီ ဆိုပေမဲ့ ပရိသတ်အမြင်မရိုင်းအောင် ချစ်စရာကောင်းတဲ့ ပုံစံလေးတွေနဲ့ ဖက်ရှင်နဲ့ ပတ်သက်တဲ့ အလန်းစားရိုက်ချက်ပုံစံမျိုးတွေပဲ လုပ်သွားမယ်။ MTV အခွေထွက်ဖြစ်ရင်လည်း Promotion လုပ်သွားမယ်။ သရုပ်ဆောင်ပိုင်းနဲ့ ပတ်သက်ပြီး MTV အခွေထွက်ပြီးသွားရင်တော့ ကြော်ငြာတွေရိုက်မယ်လို့ စိတ်ကူးထားပါတယ်။ နောက်ပိုင်းမှာလည်း သရုပ်ဆောင်တာနဲ့ ပတ်သက်ပြီး သေသေချာချာ လေ့လာပြီး ဂရုတစိုက်လုပ်ဖြစ်သွားမှာပါ။’လို့ သူမက ပြောပါတယ်။

အခုနောက်ပိုင်းမှာ Girl Band အဖွဲ့တွေ ပေါ်လာတာနဲ့ ပတ်သက်ပြီး သူမရဲ့အမြင်လေးကို မေးမြန်းကြည့်မိတော့ သူမက ‘ကောင်းပါတယ်။ မြန်မာနိုင်ငံမှာ Girl Band ဆိုတာမရှိဘူး။ အခုလိုမျိုး GirlBandတွေ ပေါ်လာကြတော့ ပရိသတ်တွေအတွက်လည်း ကောင်းတယ်။ နိုင်ငံခြားက Girl Bandတွေအပြင် ကိုယ့်နိုင်ငံရဲ့GirlBandကိုလဲ ကြည့်ခွင့်ရသွားတာပေါ့။ ကိုယ့်မြန်မာနိုင်ငံ အတွက်လည်း ကောင်းတယ်။ အဖွဲ့အချင်းချင်းလည်း အပြိုင်အဆိုင်ရှိသွားတာပေါ့’တဲ့။

သူမရဲ့ အချစ်အကြောင်းနဲ့ပတ်သက်ပြီး မေးမြန်းကြည့်လိုက်တော့ ‘အချစ်က ပျော်ရွှင်မှုတွေကို ခံစားရသလို၊ ဝမ်းနည်းမှုတွေကိုလည်း ခံစားရတယ်။ ကိုယ့်ကို ပျော်ရွှင်မှုတွေ ပေးနိုင်တဲ့သူမျိုးနဲ့ တွေ့ရင်တော့ ပျော်ရွှင်ရမယ်။ ကိုယ့်အတွက် ဝမ်းနည်းစရာတွေပဲ ပေးနိုင်တဲ့သူမျိုးနဲ့တွေ့ရင်တော့ ဝမ်းနည်းရမှာပဲလေ။ အချစ်ကို ၁၀တန်းအောင်ပြီးချိန်မှာ စတွေ့ခဲ့ပါတယ်။တကယ်လည်းချစ်ခဲ့ပါတယ်။ ဒါပေမဲ့ ကံမပါလို့ မဆုံဖြစ်ပဲ ကွဲသွားခဲ့ကြရပါတယ်။ အခုချိန်ထိလည်း သူ့ကိုပဲချစ်နေတုန်းပါ။ သူနဲ့တွေ့ပြီးနောက်ပိုင်းမှာလည်း မချစ်တတ်တော့ပါဘူး။ Valentine!s Day မှာ ချစ်သူစုံတွဲတွေ ပျော်ပျော်ရွှင်ရွင် ဖြတ်သန်းနိုင်ကြပါစေ။ ဒီValentineနေ့က စပြီးတော့ နောက်Valentineနေ့တွေထိ ဆက်ပြီးတော့ ချစ်သွားနိုင်ကြပါစေ’လို့ သူမက ဆုတောင်းပေးသွားပါတယ်။

Tuesday, February 11, 2014

ရင်သားကြီးချင်တာလား .. ဘရာကြီးကြီးပဲဝတ်မှာလား


ရင်သားလှလှ ကြီးထွားလာချင်လား? ။ အမျိုးသမီးအတွင်းခံဖြန့်ချိ ရောင်းချသူ တွေရဲ့ အဆိုအရ ၁၉၈၃ ခုနှစ်လောက်တုန်းက အမျိုးသမီးတွေရဲ့ အတွင်းခံ အင်္ကျံဆိုဒ် က 34B ကနေ ရုတ်တရက်ဆိုသလို 34DD ကို ကြီးထွားလာပါတယ်။ ဒါဟာ အမျိုးသမီး တွေ ရုတ်တရက် ရင်သားကြီးထွားလာတယ်လို့ မဆိုလိုပါဘူး။ သူတို့ရဲ့ ရွေးချယ်မှု ပုံစံ ပြောင်းသွားတာပါ။ အခုနောက်ပိုင်း ရင်သားကြီးတာဟာ အလှတရား တစ်ခုလို ဖြစ်လာပါတယ်။ ဒီတော့ ရင်သားကြီးအောင်လုပ်မှာလားဘရာအထူကြီးတွေပဲ ၀တ်ဆင်မှာလားဆိုတာတော့ ရွေးချယ်ရမှာပါ။

ဒီတော့ ရင်သားကြီးစေတဲ့ ကိုယ်နေဟန်ထားတစ်ချို့ကို ဖော်ပြပေးချင်ပါတယ်။

(၁) ကိုယ်နေဟန်ထား မှန်အောင်လေ့ကျင့်ပါ။ ခေါင်းကိုမတ်မတ်ထား ၊ ပခုံးကို မြှင့်ပြီး ကျောရိုးတစ်ဖြောင့်တည်းလမ်းလျှောက်ပါ။ လက်ပြင်မကုန်းပါနဲ့။ ဒီလမ်းလျှောက် ဟန်က ရင်သားကြီးတယ်လို့ထင်ရစေပြီး ပိုပိန် ၊ ပိုသွယ်သွားတယ်လို့ ထင်ရပါတယ်။

(၂) ခါးသွယ်အောင်လုပ်ပါ။ ခါးလေ့ကျင့်ခန်းလုပ်တဲ့အတွက် ဗိုက်နဲ့ နံရိုးတစ်လျှောက်က ကြွက်သွားတွေက တောင့်တင်းသွားပြီး ရင်သားကို ထောက်ကူ ထားသလိုဖြစ်နေစေတဲ့အတွက် ရင်သားကြီးက ခါးသွယ်သွားတဲ့အတွက် ရင်သား တွဲကျခြင်းမဖြစ်ပါဘူး။ ဒါဟာ ရင်သားမှာ တစ်သျှူးအပိုထပ်ထည့်စရာမလိုဘဲ ကြီးတယ် လို့ထင်ရစေတဲ့နည်းပါ။

(၃) အတွင်းခံဆိုဒ်ကိုသေချာတိုင်းပါ။ မိန်းကလေးအများစုက ကိုယ့်အတွင်းခံဆိုဒ် အမှန်ကို သေချာမတိုင်းကြပါဘူး။ ဆိုဒ်မှန်တဲ့ အတွင်းခံအင်္ကျံမှသာ ရင်သားတစ်သျှူး တွေကို ပုံစံမှန်ပူးကပ်နေစေပြီး အောက်ခြေကနေ ပင့်တင်ထားနိုင်မှာပါ။

(၄) လည်ပင်းဆိုဒ်အမှန်နဲ့ အင်္ကျံကိုသာဝတ်ပါ။ လည်ပင်းနဲ့ ရင်အုပ်ပိုင်း ပွနေတဲ့ အင်္ကျံမျိုး မ၀တ်ပါနဲ့ ။ လည်ပင်းဆိုဒ်မှန်မှသာ အင်္ကျံက ခန္ဓာကိုယ်နဲ့အတိဖြစ်ပြီး ရင်သားအပိုင်းကို ပေါ်လွင်စေမှာဖြစ်ပါတယ်။

ဓါတုဆေးဝါးအချို့မှီဝဲခြင်းဟာ ဘေးထွက်ဆိုးကျိုးများ ဖြစ်နိုင်တာမို့ လေ့ကျင့်ခန်းနဲ့ မှန်ကန်တဲ့ အင်္ကျံတွေ ရွေးချယ်ဖို့ကို အထူးဂရုစိုက်လိုက်မယ် ဆိုရင် အန္တရာယ်ကင်းတဲ့ အလှတရားတစ်ခုကို ပိုင်ဆိုင်နိုင်မှာပါ။

Ref: Wiki How


မြန်မာအမျိုးသမီး များမြန်မာ့သိက္ခာ ပြန်ဆည်ကြပါ




 နိုင်ငံခြားသားတွေနဲ့ ပျော်ပါးနေတဲ့ ပြည်ပရောက်မြန်မာမတစ်ယောက်
ကျော့ စာမရေးဖြစ်တာ တော်တော် ကြာခဲ့ပါပြီ။ နေမကောင်းတော့ မှပဲ အင်တာနက် ကို ပြန်ဖွင့်ဖြစ်ပါ တယ်… ဒါပေမဲ့ တွေ့လိုက်သိလိုက် ရတဲ့ သတင်းတွေက မြန်မာ အမျိုးသမီးအတွက် အလွန်ရှက်စရာ၊ ရွံရှာစရာကောင်းလောက်အောင် အရှက်တရားကင်းမဲ့နေကြတာ ကို တွေ့ရှိရတော့ စိတ်မကောင်း လဲဖြစ် မိပါ တယ်။ မိမိတို့တိုင်းပြည်မှာ ဗုဒ္ဒဘာသာထေရ၀ါဒ ထွန်းကားနေရဲ့နဲ့ ဒီလိုကိစ္စတွေ ရှိနေတာ မြန်မာ လူမျိုးတွေ ဘာသာရေးအား နည်းလာတယ်လို့လဲ မြင်ပါတယ်။



ဒီမိုကရေစီဆိုတာနဲ့ မြန်မာပြည်မှာ အကုန်လုံးကို လွတ်လပ်ပစ်လိုက်ကြတော့ပါလားနော်… လွတ်လပ် တာတော့ လူတိုင်းနှစ်သက် ကြပါလိမ့်မယ်.. ဒါပေမဲ့လဲ ကိုယ့်သိက္ခာကိုထိပါးတဲ့အထိတော့ မလွတ်လပ် ကြပါ နဲ့.. မိမိတို့စိတ်လေးတွေကို မိမိတို့ ထိန်းသိမ်းထား ကြပါဦး… အပျိုပဲဖြစ်ဖြစ် အိမ်ထောင်သည် ပဲဖြစ်ဖြစ် ခဏတာလေးအတွင်းမှာ မစဉ်းစားဘဲလုပ်လိုက်တဲ့အလုပ်တစ်ခုဟာ နောက်ပိုင်း ဖျက်ပစ်လို့မရ တဲ့အမဲစက်ကြီးတစ်ခုအဖြစ် ဖြစ်နေတော့မှာပါ…



ယောကျာ်းလေးတွေအနေနဲ့လည်း မြန်မာမိန်းကလေးတွေ ဟိရိသြတ္တပတရားကင်းမဲ့လောက်အောင် ထိ မြောက်မပေးသင့်ဘူးလို့ ထင်ပါတယ်.မနေ့ကသူငယ်ချင်းတယောက်က ဆိုက် တစ်ခုပေး ပြီး မိမိနဲ့ ခင်မင် ရတဲ့ အိမ်ထောင်သည်လုပ်ငန်းရှင် အမျိုးသမီးတစ်ယောက်ရဲ့ ၀တ်လစ်စလစ် ဓါတ်ပုံကို ပြပါတယ်.. အဲဒါကြည့်ပြီး ကျွန်မတော်တော်လေးစိတ်မကောင်းဖြစ်သွားပါတယ်။ အဲဒီအမျိုးသမီးရဲ့သားလေးက ကျွန်မ တပည့်လေးဖြစ်နေပါတယ်။ ကလေးအတွက်အရမ်းစိတ်မကောင်းဖြစ်မိပါတယ်။ နောက်သူ့မှာက သမီးလေးတွေလည်းရှိပါသေး တယ်။ အမျိုးသားလည်းရှိပါတယ်။

အမျိုးသားအသိုင်းအ၀ိုင်း အနေနဲ့ကော ရှက်စရာဖြစ်မနေဘူးလား။ စဉ်းစားကြည့်တဲ့အခါ ကလေးတွေ မေမေ က အင်တာနက်မှာဖြစ်ချင်တိုင်းဖြစ်နေတယ်။ နောင်တချိန်နင်တို့မေမေက အွန်လိုင်းမှာ အဲလိုမျိုး ကြီးဆိုတာ ဖြစ်မနေဘူးလား။ ခေတ်ဆန်တာက ကောင်းပါတယ်။ ဒါပေမဲ့လည်း မိမိအရှက် သိက္ခာ ကိုတော့ ထိန်းသိမ်း သင့်တာပေါ့။ ဒီလောက်ကြီးတော့ မဖြစ်သင့်ပါဘူး။

နောက် သမီးပျိုလေးတွေ နိုင်ငံရပ်ခြားကနေ ကိုယ့်ရည်းစား၊ ချစ်သူတွေကို VZO ကနေ ဖော်ပြ ချွတ်ပြကြ တာတွေဟာ တော်တော် ဆိုးရွားလာတယ်နော်။ ဒါဟာအမျိုးကောင်းသမီးတွေမှ ဟုတ်ရဲ့လားလို့ တောင် တွေး မိပါတယ်။ မိမိကတော့ချစ်လို့ပြတယ်ပဲပြောပြော ဘယ်လိုပြောပြောပါ တဖက်လူက record လုပ်ပီး အင်တာနက်မှတင်လိုက်တော့ အကုန်ပြန့်ကုန်ရော။ ရှက်စရာဘယ်လောက်ကောင်း လဲ။ နောက် ယောကျာ်းလေးတွေ က အချင်းချင်းသိပ်ရိုင်းပင်းကြတာ။ ထူးဆန်းထွေလာလေးတွေဆို ရှယ်လုပ်ချင် ကြတယ်လေ။

အဲဒီတော့ အရှက်က ဘယ်နှစ်ခါကွဲမလဲ တိုင်းသိပြည်သိကမ္ဘာ သိ တွေ ဖြစ်ကုန်ရော။ တချို့များ ဆိုင်ထဲ မှာ ချောင်ကျကျမှာဝင်ပြီးတောင် ပြလိုက်ကြသေးတယ်။ တကယ်ပါပဲ အရှက်မဲ့နေကြ တာ။ ကျွန်မကြည့် ရတဲ့ မိန်းမသားချင်းတောင်ရှက်တာ မိဘ မောင်ဖွားတွေသာ မြင်ရင် ဘယ်လောက်ရှက်လိုက်ကြ မလဲနော် ။ နောင်တချိန် မိမိအနေနဲ့အတည်တကျ အိမ်ထောင်ပြုမယ်လို့ ရည်ရွယ်လိုက်ရင်လည်း ဒီလိုဖြစ်ပျက်တွေ ကို သိနေကြတဲ့ ပုရိသတွေက ဘယ်ရွေးချယ်ကြတော့မလဲနော်။ အဲဒီအခါမှာ မိမိအနေနဲ့အားကိုးစရာ မရှိဖြစ်သွားကြပါလိမ့်မယ်။ ပုရိသတွေက သူတို့သာ ပွေရှုပ်ရင်ရှုပ်မယ် မိမိရဲ့ရာသက်ပန်လက် တွဲဖော် ကတော့ ခြောက်ပစ်ကင်းသဲလဲစင်နေတာပဲ လိုချင်ကြတာပါ။ အမဲစက်ရှိနေတဲ့ မိန်းကလေးတွေကို သူတို့ ဘယ်တော့စဉ်းစားမှာမဟုတ်ပါဘူး။ မယူခင် ကတော့ ပြောမှာပေါ့..တီတီတာတာစကားတွေနဲ့။

ဒါပေမဲ့ တကယ်တမ်းလက်တွေ့မှာတော့ ဘယ်သူမှ ယူကြမှာမဟုတ်ကြပါဘူး။ အဲဒီတော့ ရေရှည်နဲ့ရေတို ဘယ်ဟာကိုရွေးချယ်ကြမလဲ ဆိုတာ အမျိုးသမီးငယ်လေးတွေ စဉ်းစားသင့်ကြပါပြီ။ ကိုယ့်ဘ၀ တလျှောက် လုံး လျှောက်လှမ်းဖို့အတွက် ဒီအချိန်တိုလေး တခုကို စိတ်ထိန်းပြီး ကျော်လွှားနိုင်အောင် ကြိုးစားကြပါလို့ တိုက်တွန်းချင်ပါတယ်။ တိရိစ္ဆာန်တွေမှာသာ အိပ် စား ကာမ ရှိတာပါ။ လူသားတွေက ဒီကိစ္စကို အသိ တရားလေးနဲ့တောင် မထိန်းနိုင်မသိမ်းနိုင်ဖြစ် ရလောက်အောင်ကလည်း ကျွန်မတို့နိုင်ငံမှာ ဘာသာရေး မခေါင်းပါးကြသေးပါဘူး။

အဲဒီတော့ အဲဒီစိတ်တွေက ပင်လယ်ရေလိုပဲ `သောက်လေသောက်လေ ငတ်မပြေ` ဖြစ်နေတယ်လေ။ တခါလောက် အတွေ့အကြုံရှိသွား တာနဲ့ တွေ့ကရာတွေနဲ့ပျော်ပါးဖို့လောက်ပဲ စဉ်းစားနေမယ် ဆိုရင် နောက်ပိုင်း ရောဂါပေါင်းစုံကနေ လူမျိုးတုံးသွားတဲ့အထိ ဖြစ်သွားပါလိမ့်မယ်။ ဗိုလ်ချုပ်အောင်ဆန်းပြော ခဲ့သလို မြန်မာတွေ စည်းကမ်းမဲ့လာရင်းကနေ ဖာနိုင်ငံ ဖြစ်မယ်လို့ ပြောခဲ့တာ အမှတ်ရနေပါတယ်။ ထိုင်းနိုင်ငံမှာ မိန်းကလေးတွေတော်တော်များများဟာ ဒီလိုအလုပ်တွေ နဲ့ပဲ အသက်မွေးဝမ်းကျောင်းပြုနေ ကြတာပါ။ ပညာတတ်ဖြစ်ဖြစ် ဘယ်လိုရာထူးပဲရရ ဒီကိစ္စတွေကို လက်လွတ်စပယ်ပြုလုပ်နေကြဆဲ ပါပဲ။


ဒါပေမဲ့ ကျွန်မတို့ မြန်မာပြည်မှာတော့ ဘုရားကျောင်းကန်တွေပေါများသလို ဘာသာရေးကိုလည်း တရား စခန်း များဖွင့်လှစ်လို့ တဖုံ၊ သင်တန်းများပေးလို့တဖုံနဲ့ စည်းရုံးနေကြဆဲပါဘဲ။ မြန်မာတွေအနေနဲ့ ဒီ ကိစ္စတွေ ကို ထိန်းချုပ်နိုင်ဖို့က ဘာသာရေးဘက် မှာ အားထည့်လိုက်မယ်ဆိုရင် သူ့အလိုလို ချုပ်ထိန်းပြီး သားဖြစ်မယ်လို့ ကျွန်မအနေနဲ့ဆန္ဒပြုပါတယ်။

နောင်လာနောက်သား ကလေးငယ်များလည်း အရှက်တရားဆိုတဲ့အကြောင်းကို လမ်းပြသွန်သင်ပေး သလို လဲ ဖြစ်မှာပါ။ေ၇ှ့ကနေ လမ်းပြ မှားရင် နောင်လာမဲ့ကလေးငယ်လေးတွေကလည်း အတုမြင်အတတ် သင်တွေဖြစ် မှာပါ။ မြန်မာအမျိုးသမီးတွေ သိက္ခာတရား၊ အိနြေ္ဒရှိတဲ့အမျိုးသမီးကောင်းတွေ ဖြစ်စေဖို့ ကျွန်မအနေနဲ့ ဒီစာလေးကို ရေးသားလိုက်ရခြင်းဖြစ်ပါတယ်။
Myanmar Express
 လူထု မောင်ကာဠု

မိန်းခလေးတိုင်း အဓိကသတိထားစရာ ချိုင်းနဲ့ ခံတွင်း ပြဿ နာ



မင်္ဂလာပါရှင့်။ ဒီနေ့ ဧကရီ အတွေ့ အကြုံလေး တစ်ခုပြောပြချင်ပါတယ်။ ဧကရီတို့ လို မိန်းခလေးတွေ ကိုယ့်ကိုကိုယ် သတိမထားမိပဲ အရှက်ရ စရာလေး တစ်ခုပေါ့ ။အဲဒါ ကတော့ချိုင်းမည်းမည်းတွေ၊ အာပုပ်နံ့ တွေက ဖြစ်လေ့ ဖြစ်ထရှိတဲ့ အလှအ ပတရား ကိုပျက်စီးစေ ပါတယ်။
ဒီ ပြဿနာ တွေအတွက် ဘယ်လိုလုပ်မယ်ဆိုတဲ့ အဖြေ ကရှိပါတယ်။မိန်းခလေးအတော်များများ ပုံမှန် ချိုင်းမွေး ရိတ်နေတာတောင် ဂျိုင်းမည်းနေတဲ့မိန်းခလေးတစ်ချို့ ရဲ့ ချိုင်းက မည်းနေတတ်ပါတယ်ရှင့်။
ဘာကြောင့်လဲ ဆိုတော့ အရေပြား ရောင်ခြယ်ဓာတ် များနေခြင်း ဒါမှမဟုတ် အရေပြား မည်းနေခြင်းကြောင့်ပါဖြစ်ပါတယ်တဲ့။

ချိုင်းရှိ အရေပြား ရောင်ရမ်းခြင်းကြောင့်ဖြစ်သလို ဆက်တိုက် ချိုင်းမွေးရိတ်ခြင်း ၊ နုတ်ခြင်းတို့ကြောင့် ဖြစ်လာတတ်တဲ့
ချိုင်းမွေး အရေပြားအောက်ကနေ မထွက်နိုင်ခြင်း၊ ချိုင်းလိမ်းတောင့်နဲ့ မတည့်ခြင်း၊ ပွတ်တိုက်မိခြင်း တို့ကလည်း အရေပြားကို ရောင်ရမ်းကာ ချိုင်းမည်းသွားစေနိုင်ပါတယ်။

ချိုင်းမွေးရိတ်ခြင်း၊ နုတ်ခြင်းကြောင့် ချိုင်းမည်းနေပါက နုတ်ခြင်း၊ ရိတ်ခြင်းတို့ကိုရှောင်တာ အကောင်းဆုံးပါ။
မရိတ်ဘဲ ဒီအတိုင်းထားလို့ မနေတတ်ပါက ဆရာဝန်ညွှန်ကြားတဲ့ ချိုင်းမွေးအရောင်ဖျော့ဆေးကို လိမ်းပေးနိုင်ပါတယ်။
ဒါမှမဟုတ် မြန်မာရိုးရာ ငွေကုန်သက်သာစေသောနည်းလေးပေါ့ ဧကရီပြောပြပါ့မယ်။
ပရဆေးဆိုင်တွေမှာ ရောင်းတဲ့ ကျောက်ချဉ် ကို သနပ်ခါးကျောက်ပြင်မှာ
သွေးပြီး မိမိချိုင်းကို ပုံမှန်လိမ်းပေးရင်လည်း အနံကင်းစေတဲ့ အပြင် ချိုင်းအရောင်မည်းတာကိုလည်း ပျောက်ကင်းသက်သာစေပါတယ်ရှင့်။
နောက်တစ်ခုက ထုံးရည်ကြည် လေးကိုပုံမှန်သုတ်လိမ်းပေးရင်လည်းသက်သာစေပါတယ်လို့ ပြောပြပါရစေ။
အလွယ်တကူနည်းလေးကတော့ စတိုးဆိုင်မှာရောင်းတဲ့ ကာနေးရှင်းလေးအမြဲဆောင်ထားရင်တော့ အနံလေးသင်းပျံ့ လို့ ကိုကိုယ်ကို ယုံကြည်
မူ့ ကိုရရှိစေမှာဖြစ်ပါတယ်ရှင့်။

နောက်တစ်ခုက ကိုယ့်ကိုကိုယ် သတိမထားမိတဲ့ ခံတွင်းနံ့ ဆိုးခြင်းပါပဲ။
တကယ်ဆိုရင် ခံတွင်းနံ့ဆိုးစေတဲ့ တခြားအချက်တွေကတော့ ဆေးလိပ်သောက်ခြင်းနဲ့ ရောဂါတချို့ဖြစ်တဲ့ နာတာရှည် အဆုတ်ပိုးဝင်ခြင်း၊ ဆီးချိုမထိန်းနိုင်ခြင်း တို့ပဲဖြစ်ပါတယ်တဲ့ ။
ဆီးချိုမထိန်းနိုင်တဲ့ ဝေဒနာရှင်တွေမှာ သစ်သီးနံ့လို ခပ်ချိုချိုရနံ့ ရနေတတ်ပါတယ်တဲ့။

ခံတွင်းနံ့ဆိုးတာကို ဘယ်လိုကာကွယ်မလဲ။
သွားနဲ့ ခံတွင်းသန့်ရှင်းရေးကို ဂရုစိုက်သင့်သလို တစ်နေ့နှစ်ကြိမ် သွားတိုက်ခြင်း၊ အစာစားပြီးတိုင်း ပလုတ်ကျင်းခြင်း၊ သွားကြားထိုးကြိုးနဲ့ သန့်ရှင်းခြင်း လုပ်ပေးပါ။ တစ်နှစ်ကို နှစ်ကြိမ်လောက် သွားဆရာဝန်ထံပြကာ ကျောက်ခြစ်ခြင်း၊ သွားသန့်ရှင်းရေး လုပ်ခြင်းတို့ ပြုလုပ်သင့်ပါတယ်။ ဒါတောင်မှ အနံ့မပျောက်သေးဘူးဆိုရင် သွားပိုးစားခြင်း၊ သွားဖုံးရောဂါတို့ ဖြစ်နေပြီလားဆိုတာ သိရအောင် သွားဆရာဝန်ထံ ပြသစစ်ဆေး ကုသခံသင့်ပါတယ်။ ပျိုပျို အိုအို မိန်းခလေးတိုင်း လူရှေ့ သူရှေ့  အရှက်မရစေအောင် အဓိက သတိပြုမိစေဖို့ ဧကရီ ဒီပို့စ်လေးကို စုဆောင်းရှာဖွေ ဖတ်ထားမိတာလေးနဲ့
မှတ်မိသမျှ ရေးတင်ပေးလိုက်ပါတယ်ရှင့်။

(စာဖတ်သူရဲ့ အားပေးစကားလေးတစ်ခွန်းဟာ စာရေးသူတွေအတွက် ပို့စ်အသစ်လေးဖြစ်စေမဲ့ အားဆေးတစ်ခွက်ပါပဲရှင့်)

မန်ယူတန်းဆင်းရလျှင် ကိုယ်တုံးလုံးချွတ်၍ ရန်ကုန်မြို့ တစ်ပတ် ပတ်ပြမည့်သူ ပေါ်ပေါက်


Tuesday, February 11, 2014

ပရီးမီးယားလိဂ် ဟု ခေါ်တွင်သော အင်္ဂလိပ်အဆင့်မြင့်တန်း ဘောလုံးပြိုင်ပွဲနှင့် ပတ်သက်၍ အားပေးသူပရိသတ်များအကြား ပြိုင်ဆိုင်မှုများ ပြင်းထန်လျက်ရှိရာ မန်ချက်စတာယူနိုက်တက်အသင်း တန်းဆင်းရလျှင် ကိုယ်တုံးလုံးချွတ်၍ ရန်ကုန်မြို့ တစ်ပတ်ပတ်ပြမည့် အမျိုးသမီးငယ်လေးတစ်ဦး ပေါ်ထွက်လာခဲ့ ကြောင်း သိရသည်။

မြန်မာဘောလုံးပရိသတ်များအကြားတွင် အင်္ဂလန်ကလပ်အသင်းများကို အထူးနှစ်ခြိုက်အားပေးလျက်ရှိရာ လူမှုကွန်ရက်စာမျက်နှာများတွင်လည်း အချင်းချင်း ပြိုင်ဆိုင်မှုများ မြင့်မားလျက်ရှိကြောင်း၊ မြန်မာနိုင်ငံတွင် မန်ယူ ပရိသတ်အရေအတွက် အထူးများပြားလျက်ရှိရာ ယခုနှစ် မန်ယူအသင်း အခြေအနေကြောင့် လှောင်ပြောင်စရာ ဖြစ်လာနေကြောင်း သိရသည်။

ဆာဘွဲ့ရ ဘိုးသက်ရှည် နည်းပြကြီး ဖာဂူဆန်အနားယူပြီးနောက် နည်းပြသစ် အဖြစ် ဒေးဗစ်မိုရက်စ် တာဝန်ယူခဲ့သည့်အချိန်တွင် မန်ယူအသင်းမှာ ရလဒ်များ ဆိုးဆိုးရွားရွား ဖြစ်ပေါ်လာပြီး စံချိန်သစ်များ တင်လျက် ရှိကြောင်း၊ လက်ရှိအချိန်တွင် အသင်းကြီးများ တွေ့ဆုံတိုင်း အသာစီး မရတော့သည့် အပြင် အသင်းငယ်များကိုလည်း အသည်းအသန် ရုန်းကန်နေရသည့် မန်ယူ အသင်းကြောင့် အားပေးသူပရိသတ်များအနေဖြင့် အခြားအသင်းအားပေးသူ များ၏ စောင်းချိတ် ထေ့ငေါ့မှုများကို ပို၍ တွေ့ကြုံလာခဲ့ရကြောင်း၊ ထိုသို့ အချင်းချင်း စနောက်ကြရာတွင် မခံမရပ်နိုင်ဖြစ်၍ ပြန်လည်စိန်ခေါ်မှုများလည်း အမျိုးမျိုး ထွက်ပေါ်လာခဲ့ကြောင်း သိရသည်။

ယခုနောက်ဆုံး ရေပန်းစားနေသည့် မန်ယူအမာခံပရိသတ်တစ်ဦးမှာ မန်ယူ မင်းသမီးလေး အိဖြိုး ဟု နာမည်ပေးထားသည့် အမျိုးသမီးလေးတစ်ဦး ဖြစ်ကြောင်း၊ ၄င်းမှာ အသက် ၂၂ နှစ် အရွယ်ရှိပြီး ရန်ကုန်မြို့တွင် နေထိုင်သူတစ်ဦး ဖြစ်ကြောင်း သိရှိရသည်။

မန်ယူ မင်းသမီးလေး အိဖြိုး ဟု ဆိုသည့်အမျိုးသမီးငယ်လေးက ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၄င်း၏ လူမှုကွန်ရက်စာမျက်နှာ၌ မန်ယူ သာတန်းဆင်းရရင် ကိုယ်တုံးလုံးချွတ်ပြီး ရန်ကုန်မှာ တစ်ပတ်ပတ်ပြလိုက်မယ် ...သတ္တိရှိရင် လောင်းကြေးလာထပ်လိုက် ဟု စိန်ခေါ်ခဲ့ရာ လူမှုကွန်ရက်အသုံးပြုသူများအကြား အထူးပင် ရေပန်းစားလျက် ရှိကြောင်း သိရှိရသည်။

မန်ယူ မင်းသမီးလေး အိဖြိုး၏ လူမှုကွန်ရက် လိပ်စာမှာ https://www.facebook.com/profile.php?id=100005152147654  ဖြစ်ပြီး လာမည့် ဖေဖော်ဝါရီလ ၁၄ ရက်နေ့မှာ ၄င်း၏ မွေးနေ့ဖြစ်ပြီး အာဆင်နယ်နှင့် မန်ယူအသင်း တွေ့ဆုံပြီးနောက် ကြုံတွေ့ရမည့် မွေးနေ့ဖြစ်ကြောင်း သိရှိရသည်။

မန်ယူအမာခံ ပရိသတ်ဖြစ်သည့် တန်းဆင်းလျှင် ကိုယ်တုံးလုံးဖြင့် ရန်ကုန်တစ်ပတ်ပတ်ပြမည် ဟု ရဲရဲရင့်ရင့် စိန်ခေါ်ခဲ့ခြင်းကြောင့် မန်ယူ အသင်း ရာသီကုန် တန်းဆင်းစေရန် ဆုတောင်းနေကြသူများလည်း အများအပြား ရှိနေကြောင်း သိရှိရသည်။

P-78540176
ပြည်သူ့အာဏာ

အနာဂတ် အိပ်မက်၊ မှိတ်တုတ်မီးရောင် နဲ့  ဆယ်ကျော်သက်မလေးများ


ထိုင်း အမျိုး သမီး ငယ်လေး တွေ ဟာ ဘန်ကောက် နဲ့ တခြား ထိုင်းမြိ့ ကြီး တွေ ညကလပ် တွေ နဲ့  ဖျော်ဖြေရေး ကပွဲ တွေ မှာ မလုံ တလုံ လေးတွေ ၀တ်ပြီး ကပြဖျော်ဖြေကာ အသက်မွေး ၀မ်း ကျောင်းလုပ် နေရတာကို ဘန်ကောက် ပို့ စ် သတင်း စာ ကြီး က ရေးသားထားပါတယ်။ ညကလပ် တွေ မှာ ကပြ ဖျော်ဖြေနေ တဲ့ကောင်မလေးတွေ ဟာ အနည်းဆုံး တစ်လ ကို ဘတ် ရှစ်ထောင် လောက် ရရှိကြပြီး အပိုဝင်ငွေ အနေ နဲ့ သူတို့ ကိုပေးတဲ့ မုန့် ဖို့ နဲ့  ပွဲတောင်းခံရမှု ကို မူတည် တယ်လို့ ဆိုပါတယ်။ သူတို့ ကို လာရေက် ပျော်ပါးသူတွေက အဖျော်ယမကာ တိုက်ကျွေး တဲ့ နေ့ ဆိုရင် တစ်လ ကို ဘတ် သုံးသောင်းလောက် ရပါတယ်။

ဘန်ကောက် ဆီရီကီရင် လမ်းတစ်လျှောက် က ညကလပ် တွေ အပြင် ဘန်ကောက် မြို့ တစ်ခွင် မှာ ရှိတဲ့
ညကလပ် တွေ မှာ ကပြ ဖျော်ဖြေ နေသူ တွေ ကတော့ အမျိုး ကောင်း သား သမီး တွေ ဖြစ်ပြီး တက္ကသိုလ်
ကောလိပ် ပညာ တွေ ကို သင်ကြား နေ သူတွေ ဖြစ်ပါတယ်။ သူတို့ ဟာ သူတို့ ရဲ့ ပညာရေး အတွက် ငွေကြေးလိုအပ် လို ဖြစ်တယ်လို့ ဆိုပါတယ်။

အေမီ လို့ ခေါ်တယ့် ကချေသည် မလေး တစ်ဦး ကတော့ “ကျွန်မ ကြက်ကင် ဆိုင် မှာ လုပ်တဲ့ အလုပ်က ထွက်လိုက် ရတယ်လေ ၊ လစာလဲ နည်းပြီး ကျောင်းချိန် နဲ့  တိုက်နေတယ်၊ နောက်တော့ ကျွန်မ မိသားစု
နဲ့  ကျောင်းစရိတ် အတွက် ဒီလမ်း ကို ရွေးလိုက်တယ်လေ..ပထမတော့ ငါအလုပ်ဒီနဲ့ ဖြစ်ပါ့မလား စိတ်ပူ
သေးတယ် နောက် တော့ ဖြစ်သွား တာပါပဲ လို့ ပြောပါတယ်။

ညဘက် အလုပ်ဆင်းပြီး နေ့ ဘက် မှာ ကျောင်းတက် နိုင်တဲ့ အလုပ် ဖြစ်တဲ့ ကချေသည် အလုပ်ကို ထိုင်း ကျောင်း သူ တော်တော်များ များက ရွေးချယ်ကြပါတယ်။


ညကလပ် မှာ ငွေရှာနေရပေမယ့် အိပ်မက် ကိုယ်စီ နဲ့ ထိုင်း တက္ကသိုလ် ကျောင်းသူလေးတွေ ဟာ သူ တို့ 
ရဲ့ အလုပ်မှာတော့ တာဝန် ကျေကြပါတယ်။ ငါ တက္ကသိုလ် ကျောင်းသူ ပဲ ဆိုပြီး ဖောက်သည်ကို မချေမငံ
ဆက်ဆံ တာမရှိ ပါဘူး။ ဖောက် သည် က ပေါင်ပေါ်လာ ထိုင် ပေးပါ ဆို ထိုင်ပေးပါတယ်။ တစ်ညလောက်
ပျော်ပါး ချင်တယ်လို့ ဖိတ်မန္တက ပြုလာ ရင် တော့ ဖြင့် အချို့ က ငြင်းဆန်ပြီး အချို့ ကတော့ အပြင်မှာ တွေ့ 
ဆုံမှု တွေ လုပ်ကြပါတယ်။

ထိုင်းကျောင်းသူလေးတွေ ၀မ်းရေး နဲ့ ဘ၀ အနာဂတ် ကို ဒီလို ပုံစံ နဲ့ ဖြေရှင်း နေရတာ ဟာ ဘယ်သူ မှာ
အပြစ် ရှိ သလဲ ..အစိုးရမှာ လား …လူ့ အဖွဲ့ စည်းမှာ လား… ပိုက်ဆံ ၀ါလား သကောင့်သားတွေ မှာလား
လို့  တော့ မေးခွန်း ထုတ်စရာ ရှိပါတယ်။

ထိပ်တန်း တိုင်လုံးပတ် ကချေသည် မလေး အေမီ ကတော့ “ကျွန်မ သူငယ်ချင်း တစ်ချို့ ကတော့ ခေါ်ရင်
လိုက်သွားကြတယ်။ ဒီကိုလာတဲ့ ဖောက်သည်တွေ က တဏှာရဂ မွှန် နေတာချဉ်းပဲ” လို့ ဆိုပါတယ်။

ဘန်ကောက် မြို့ ရဲ့ ညကလပ် တွေ မှာ သင်တွေ့ ရမယ့် ကောင်မလေးတွေ ဟာ ထိုင်း နိုင်ငံရဲ့ အနာဂတ်
တွေ ပါ သူတို့ ဟာ ဘ၀ ကို ဒီမှာ မြုပ် နှံ မှာ မဟုတ်ပါဘူး ၊ခေတ္တ ခိုလှုံ ရုံလေးပါ လို့ ဆိုပါတယ်။

ကိုးကား—ဘန်ကောက် ပို့ စ်


ရာမလက်က ရုန်းမထွက်နိုင်တဲ့ ညနတ်သမီးများ




“ရာမတလုံးလောက် တင် (ရှူ) ပြီးရင် လူက ပေါ့ပါးသွားတယ်၊ အိပ်ငိုက်တာ မရှိဘူး၊ လူလည်း လန်းလန်းဆန်းဆန်း ဖြစ်သွားတယ်၊ ဧည့်သည်တွေနဲ့ ဆက်ဆံရေးလည်း ပိုအဆင်ပြေတယ်” လို့ အသက် ၂၂ နှစ်အရွယ် သက်ထားက စားပွဲပေါ်မှာရှိတဲ့ ဆေးလိပ်ခွက်ကို ပွတ်သပ်နေရင်း ပြောပြပါတယ်။

ပိန်ပိန်သွယ်သွယ်နဲ့ ခပ်ညိုညို အသားရောင်ရှိတဲ့ သက်ထားက ပျော်တော်ဆက် လုပ်ငန်းလောကထဲကို ရောက်လာတာ ၅ နှစ် ကျော်ပြီလို့ဆိုပါတယ်။ အခု သူအလုပ်လုပ်နေတဲ့ ဆိုင်က ၂၄ နာရီဖွင့်တာကြောင့် အိပ်ရေးပျက် ခံနိုင်အောင် စိတ်ကြွဆေးကို သုံးတာလို့ ပြောပါတယ်။

ရာမ (မြင်းဆေး) ခေါ်တဲ့ စိတ်ကြွဆေးပြားကို မီးရှို့ပြီး ထွက်လာတဲ့ အခိုးအငွေ့ကို ရှူရ ရှိုက်ရတာလို့ ပြောပါတယ်။ ဒီဆေးကို ရှူလိုက်ရင် အိပ်ငိုက်ခြင်း မရှိတော့သလို၊ လူလည်း လန်းဆန်းတက်ကြွလာပြီး ပုံမှန်သုံးစွဲခြင်းအားဖြင့် ဗိုက်သားတွေ ကျစ်လာတဲ့ အတွက် ခန္ဓာကိုယ် အလှကိုလည်း အထောက်အကူ ဖြစ်စေတယ်လို့ သူကယုံကြည် နေပါတယ်။


ဧည့်သည် အားလပ်ချိန်တွေမှာ အိမ်သာ၊ ဒါမှမဟုတ် ဆိုင်နောက်ဖေးက လေလုံတဲ့ နေရာတွေမှာ ရှူဖြစ်တယ်လို့ ဆိုပါတယ်။ ဆိုင်ရှင်တွေကလည်း လိင်ဖျော်ဖြေရေး အလုပ်သမတွေ စိတ်ကြွဆေး သုံးစွဲမှန်းသိပေမယ့် အလုပ်အတွက် အထောက်အကူ ဖြစ်တာကြောင့် တားမြစ်တာမျိုး မလုပ်ဘူးလို့လည်း သိရပါတယ်။ ဆိုင်မှာ ပျော်တော်ဆက် မိန်းကလေး အယောက် ၂၀ ရှိတဲ့ အထဲက သက်ထား အပါအဝင် ၈ ယောက် လောက်က ရာမကို သုံးစွဲကြတယ်လို့ဆိုပါတယ်။

သက်ထား က “ဧည့်သည်များများ လာရင် လာသလို အခန်းတက်ရတယ်၊ အိပ်ငိုက်နေလို့ရှိရင် ဧည့်သည်က ဆက်ဆံရေး မပြေလည်ဘူးဆိုပြီး ဆိုင်ရှင်ကို တိုင်လို့ရင် ဆိုင်ရှင်က နောက်တယောက် ပြောင်းပေးလိုက်တယ်၊ အဲဒီအခါ ကိုယ် တက်ထားတဲ့ အခန်းခက မရတော့ဘူး၊ အဲဒါနဲ့ အိပ်မငိုက်အောင် ရာမကို သုံးဖြစ်သွားတာ” လို့ စိတ်ကြွဆေး သုံးဖြစ်ခဲ့ပုံကို ရှင်းပြပါတယ်။

သူတို့အတွက်ကတော့ စိတ်ကြွဆေးက ဝယ်လို့မခက်ပါဘူး၊ ဆိုင်ကယ် တက္ကစီသမားတွေကို အဝယ်ခိုင်းလို့ရသလို၊ ဖုန်းဆက် လိုက်ရုံနဲ့ လာပို့နေကြ သူတွေလည်းရှိပါတယ်။ မြဝတီမြို့ပေါ်မှာတော့ မြင်းဆေး တလုံးရဲ့ ပျမ်းမျှဈေးက ကျပ် ၃၀၀၀ ပါ။ မြဝတီမြို့နဲ့ နီးတဲ့ သင်္ဃန်းညီနောင်မှာဆိုရင် တလုံးကို ကျပ် ၂၅၀၀ ပဲ ပေးရတယ်လို့ မြို့ခံတွေဆီကနေ စုံစမ်းသိရှိရပါတယ်။

စိတ်ကြွဆေး သုံးတဲ့ ဧည့်သည်တချို့ လာရောက်ပျော်ပါးရင်လည်း အခန်းထဲမှာပဲ အတူတကွ သုံးဖြစ်ကြပြီးတော့ အဲဒီလိုမျိုး အကြိုက်တူတဲ့ ဧည့်သည်တွေနဲ့ ဆုံရင် နှစ်ဦးနှစ်ဘက် ဆက်ဆက်ရေးလည်း ပိုပြီးကောင်းတယ်လို့ သက်ထားက ပြောပြ ပါတယ်။

အသက် ၁၇ နှစ်သာရှိသေးတဲ့ သက်ထားရဲ့ သူငယ်ချင်း ပိုးအိဖြူ ကတော့ စိတ်ကြွဆေးကို သူကိုယ်တိုင် မသုံးစွဲသလို သူငယ် ချင်းတွေ သုံးစွဲတာကိုလည်း အားမပေးဘူးလို့ ဆိုပါတယ်။ ဒါ့အပြင် စိတ်ကြွဆေးတွေ သုံးစွဲပြီးရောက်လာတဲ့ ဧည့်သည်တွေနဲ့ ကာမ ဆက်ဆံရတဲ့ အခါမှာ ငရဲကျသလိုပဲလို့ ဆိုပါတယ်။

“မူးပြီးရောက်လာတဲ့ ဧည့်သည်တွေနဲ့ နေ (ကာမဆက်ဆံ) တာတောင် အလွန်ဆုံး နာရီဝက်ပဲ။ ရာမသုံးလာတဲ့ လူတွေနဲ့အခန်း တက်ရင် တနာရီနဲ့လည်း မပြီးဘူး။ ပိုက်ဆံသာ ပြန်အမ်းလိုက်ချင်တယ်” လို့ စိတ်ပျက်ဟန်နဲ့ ပိုးအိဖြူက ရှင်းပြပါတယ်။

ဆိုင်ကိုလာတဲ့ ဧည့်သည် အများစုဟာ အရက်၊ ဘီယာ သောက်သုံးသူတွေ ဖြစ်ကြတယ်လို့ ဆိုပါတယ်။ သူတို့အနေနဲ့ လိင်အင်္ဂါကို သဘာဝလွန် ကြီးထွားဆေးတွေ သုံးထားတဲ့ ဧည့်သည်ကလွဲရင် တခြားဧည့်သည် အမျိုးအစားတွေကို ရွေးချယ်ခွင့် မရှိဘူးလို့ ပိုးအိဖြူက ရှင်းပြပါတယ်။

ရာမသုံးပြီး လုပ်ငန်းခွင်ဝင်တာကို သဘောမကျတဲ့ ပိုးအိဖြူလည်း အိပ်ငိုက်လို့ ဆက်ဆံရေး ပျက်ကွက်တဲ့ အတွက် ဧည့်သည်က လူစားလဲခိုင်းတာ၊ တခါတရံ အနိုင်ကျင့် ရိုက်နှက်ခံရတာတွေ အထိ ကြုံတွေ့ခဲ့ရဘူးတယ်လို့ ဆိုပါတယ်။



ဒါပေမယ့် နောက်ပိုင်းမှာ အိပ်ငိုက်တဲ့ဒဏ် ခံနိုင်ဖို့ ကော်ဖီနဲ့ လက်ဘက်သုပ်ကို အားပြုခဲ့ကြောင်း၊ မနက်ပိုင်းနဲ့ နေ့ခင်းပိုင်း ဧည့်သည် ပြတ်ချိန်တွေကို အိပ်ချိန်အဖြစ်ထားကြောင်း ပြောပါတယ်။

“ဧည့်သည်များများရမှ တရက်ကို တသောင်း ဝန်းကျင်လောက်ရတာ၊ ရာမသုံးရင် ပိုက်ဆံ မကျန်တော့ဘူးလေ။ အခု ဒီဆိုင်မှာ ရာမ သုံးတဲ့လူ မှန်သမျှလည်း ပိုက်ဆံမစုနိုင်ကြဘူး။ တချို့ဆို အကြွေးပါ တင်သေးတယ်” လို့ ပိုးအိဖြူက ရှင်းပြပါတယ်။

စိတ်ကြွဆေးတွေကို တဆိုင်တည်းနေ လုပ်ဖော်ကိုင်ဘက် သူငယ်ချင်းတွေ သုံးစွဲနေတာ နေ့စဉ်တွေ့မြင်ရကြောင်း၊ သုံးပြီးရင် နှစ်ည၊ သုံးညလောက်အထိ မအိပ်ဘဲ အလုပ်လုပ်နေကြလို့ ဒီမြင်ကွင်းကို မမြင်လိုတဲ့ အတွက် သက်ထား အပါအဝင် ရင်းနှီးတဲ့ သူငယ်ချင်းတွေကို ဖြောင်းဖျ ပြောဆိုပေမယ့် မအောင်မြင်ကြောင်း စိတ်မသက်သာဟန်နဲ့ သူက ဆက်ပြီး ပြောပြပါတယ်။

သက်ထားနဲ့ ပိုးအိဖြူတို့ဟာ တနယ်တကြေးဆီက လာပြီး ဒီမှာ အလုပ်အတူတူလုပ်ကြတဲ့ သူတွေဖြစ်ပေမယ့် ညီအစ်မ အရင်းလို တယောက်နဲ့ တယောက် ဖေးမကူညီမှုတွေ ရှိကြတယ်လို့ သူတို့ နှစ်ယောက်စလုံးက ဆိုပါတယ်။ မတူညီတဲ့ ဒေသတွေက လာကြတဲ့ သူတို့နှစ်ဦးဟာ လုပ်ငန်းချင်းတူသလို ဆင်းရဲတာချင်းနဲ့ ရိုးသားမှုတွေကလည်း တူညီတာကို တွေ့ရပါတယ်။

သက်ထား အပါအဝင် တဆိုင်တည်းနေတဲ့ သူ့သူငယ်ချင်းတွေ စိတ်ကြွဆေးပြား သုံးစွဲတာနဲ့ ပတ်သက်ပြီး ပြောပြနေတဲ့ ပိုးအိဖြူကို သက်ထားက ဗွေယူဟန်မရှိဘဲ ဘေးကနေ ရီကျဲကျဲနဲ့ ထိုင်ကြည့် နေပြီး ပိုးအိဖြူရဲ့ ဖန်ခွက် ထဲကို ကိုကာကိုလာ အချိုရည်ကိုတောင် ထပ်ဖြည့်ပေးလိုက်ပါသေးတယ်။

သူတို့ နေထိုင်လုပ်ကိုင်နေကြတဲ့ မြဝတီမြို့ပေါ်က ပျော်တော်ဆက် ရုံတွေဟာ ရာမလို့ခေါ်တဲ့ မြင်းဆေး သုံးစွဲမှုတွေနဲ့ ကင်းတဲ့ ရုံ ရှားတယ်လို့ ဆိုပါတယ်။ သက်ထားက ဒီဆိုင်ကို မရောက်ခင်မှာ ကတည်းက မြဝတီမြို့ပေါ်မှာရှိတဲ့ တခြားပျော်တော် ဆက်ရုံ သုံးရုံမှာ လုပ်ခဲ့ဘူးတယ်လို့သိရတယ်။ အဲဒီနေရာတွေမှာကတည်းက ဒီစိတ်ကြွဆေးကို သုံးခဲ့ဘူးတာလို့ သူက ဆိုပါတယ်။

“မြို့ပေါ်မှာရှိတဲ့ ဒီလိုနေရာတွေကတော့ ဒါနဲ့ ကင်းတဲ့နေရာ ဆိုတာမရှိဘူး၊ သမီးလည်း မသောက်ရ မနေနိုင်အောင်တော့ မဟုတ်ပါဘူး၊ သူက သုံးပြီးလို့ အရှိန်ပြေသွားရင် ကိုယ်လက်တွေ နာတာမခံနိုင်ဘူး၊ အဲဒါကြောင့် အရှိန် ပြန်တင်ရင်းတင်ရင်းနဲ့ ရက်ဆက် သွားတာ။ ဟိုတလောက ရွာပြန်သွားတော့ တလလောက် လုံးဝမသုံးဖြစ်ဘူး၊ နေနိုင်တယ်။ ဒီမှာက အလုပ်နဲ့ ကျတော့ မရဘူးလေ” လို့ သက်ထားက ပြောပါတယ်။

မြဝတီမြို့ပေါ်မှာ စားသောက်ဆိုင် အမည်ခံနဲ့ မြို့ခံ အာဏာပိုင်တွေဆီမှာ ဖွင့်လှစ်ခွင့်ရထားတဲ့ လိင်ဖျော်ဖြေရေးရုံ ၁၀၀ ကျော် ရှိပြီး အများစုဟာ မူးယစ်ဆေးဝါး သုံးစွဲမှုတွေကို တားမြစ်မှုတွေ မလုပ်တဲ့အပြင်၊ လိင်အလုပ်သမတွေရဲ့ ကျန်းမာရေး စောင့်ရှောက်မှုနဲ့ ပတ်သက်ပြီး ဂရုစိုက်တာ မရှိကြပါဘူး။

သက်ထားက မြဝတီကို မရောက်ခင်မှာ တဘက်ကမ်း ထိုင်းနိုင်ငံ မဲဆောက်မြို့က လိုင်စင်မဲ့ လိင်ဖျော်ဖြေရေး ရုံတွေမှာ လုပ်ခဲ့ဖူးသူပါ။ ထိုင်းနိုင်ငံ ရဲတွေရဲ့ တင်းကြပ်မှုကြောင့် မူးယစ်ဆေးဝါး သုံးစွဲခွင့်မရသလို၊ ဧည့်သည်နဲ့ ဆက်ဆံတဲ့ အခါ ကွန်ဒုံသုံးဖို့နဲ့ ကူးစက်တတ်တဲ့ အခြေအနေနဲ့ ရောဂါတွေအကြောင်းကို ပြည်ပမှရောက်နေတဲ့ အဖွဲ့အစည်းတချို့က ရက်ပျက်ကြေး ပေးပြီး သင်ပေးကြတယ်လို့ သူ့အတွေ့အကြုံကို သက်ထားက ရှင်းပြပါတယ်။

တရားဝင် လိုင်စင်နဲ့ ဖွင့်လှစ်တဲ့ လိင်ဖျော်ဖြေရေး ရုံတွေ မဟုတ်ပေမယ့် မဲဆောက်ဆေးရုံကြီးက အပတ်စဉ် တနင်္လာနေ့တိုင်း သွေးစစ်ခြင်း၊ မိန်းမကိုယ် သန့်ရှင်းရေး လုပ်ငန်းများ ခေါ်ယူစစ်ဆေးခြင်းတွေ ပြုလုပ်ပေးတယ်လို့ သိရပါတယ်။

“ဟိုမှာက ကျန်းမာရေးကို အမြဲတမ်း မစစ်မနေရ စစ်ပေးနေတော့ ကိုယ့်မှာ ဘာရောဂါမှ မရှိဘူးဆိုတာ သိနေတော့ အလုပ်မှာ မပျော်လည်း စိတ်ရှင်းတယ်။ အခု မြဝတီမှာက ဘာမှမလုပ်ပေးတဲ့ အပြင် သွေးစစ်ဖို့ ခွင့်တောင်းရင်တောင် ရက်ပျက်ခ ၅ သောင်း ပြန်လျော်ရတယ်။ ကိုယ့်မှာ ဘာဖြစ်နေလဲ ဆိုတာလည်း ကိုယ်မသိတော့ တခါတလေ အားငယ်မိတာပေါ့” လို့ သက်ထားက စိတ်မသက်မသာဟန်နဲ့ ရှင်းပြပါတယ်။

အရင်က လိင်ဖျော်ဖြေရေး လုပ်ငန်းတွေ လုပ်လိုကြတဲ့ မြန်မာ မိန်းကလေးတွေဟာ တဘက်နိုင်ငံ မဲဆောက်မြို့မှာ သွားလုပ် ကြရပေမယ့် နောက်ပိုင်း ထိုင်းအာဏာပိုင်တွေရဲ့ တင်းကြပ်မှုတွေ ရှိလာတာကြောင့် ၂၀၁၀ နောက်ပိုင်း လိင်ဖျော်ဖြေရေး လုပ်ငန်းတွေ လွတ်လွတ်လပ်လပ် အတိုးချ လုပ်ကိုင်လာတဲ့ မြဝတီမြို့ပေါ်က ရုံတွေကို ပြန်ပြောင်းလာကြတာပါ။

မြဝတီမြို့ပေါ်မှာ လုပ်ကိုင်နေကြတဲ့ လိင်အလုပ်သမတွေအတွက်တော့ ထိုင်းနိုင်ငံက ပေးတဲ့ ကျန်းမာရေး စောင့်ရှောက်ပေးမှု အခွင့်အရေးမျိုး မရနိုင်ကြပေမယ့် စိတ်ကြွဆေး သုံးတတ်တဲ့ လိင်အလုပ်သမတွေ အတွက်တော့ လွတ်လပ်စွာ သုံးစွဲခွင့်တွေ ရရှိနေပါတယ်။

အနီရောင် မှိန်ဖျော့ဖျော့ ထွန်းထားတဲ့ ပျော်တော်ဆက် ရုံတွေထဲက မီးရောင်တွေ အောက်မှာတော့ သစ်လွင်တဲ့ အဝတ် အစားတွေ ဝတ်ဆင်ပြီး ဧည့်သည်တွေကို ဖျော်ဖြေပေးဖို့ စောင့်ဆိုင်းနေကြတဲ့ လိင်အလုပ်သမလေးတွေ ရှိနေတယ်။ တချို့ကတော့ ရာမလက်က ရုန်းထွက်ဖို့ကို မေ့နေကြဆဲ ဖြစ်ပါတယ်။

ဧရာဝတီ

အရေပြား ကင်ဆာ ဖြစ်ပွားမှုနှင့် ဆက်စပ် နေသော တက်တူးထိုးခြင်း




လူငယ်များ အကြားတွင် ခေတ်စားနေသော တက်တူး ထိုးခြင်းသည်
အရေပြား ကင်ဆာ ဖြစ်ပွားမှု နှုန်းကို မြင့်တက် စေကြောင်း လေ့လာမှု တစ်ရပ်တွင် ဖော်ပြ ထားသည်။ တက်တူး ထိုးရာတွင် အသုံးပြုသော ဆေးရည်သည် အရေပြား ကင်ဆာကို ဖြစ်စေနိုင်သော ပစ္စည်းများ ပါဝင် နေသည်ဟု သိရသည်။ အထူးသဖြင့် အပြာရောင်ခြယ် တက်တူး မင်သည် တက်တူး ထိုးသူများနှင့် ထိုးနှံ ပေးသော သူများ အကြိုက် အရောင် တစ်မျိုး ဖြစ်ပြီးကို ဘော့သတ္ထုနှင့် အလူ မီနီယမ်များ ပါဝင် နေသည်။

နယူး ဒေလီမြို့ BLK ဆေးရုံ၊ အရေပြား အထူးကုဌာနမှ Dr. D.J.S Tula တက်တူးနှင့် ကိုယ်ခန္ဓာ အပေါက်ဖောက်သော ကိရိယာများသည် လူ့သွေးများမှ တစ်ဆင့် ကူးစက်သော ရောဂါများ ရရှိနိုင်ချေ များကြောင်း၊ သွေးမှ တစ်ဆင့် ကူးစက် တတ်သော HIV၊ အသည်းရောင် အသားဝါ B,Cနှင့် အရေပြား ကင်ဆာ ရောဂါ အချို့ကို ရရှိနိုင်ကြောင်း၊ အရေပြား ကင်ဆာ များတွင် မှဲ့ကင်ဆာနှင့် Squamous cell carcinoma တို့ ပါဝင်ကြောင်း၊ တက်တူး ထိုးသူတိုင်း အဆိုပါ ရောဂါများကို ရရှိနိုင်သည်ဟု မဆိုလိုဘဲ အသုံးပြုသော တက်တူး မင်အမျိုးအစား၊ တက်တူး ထိုးသော ကိရိယာ၊ လုပ်ငန်းစဉ် များ၏ ပိုးသတ် ထားမှု ရှိမရှိက အဓိကကျ ကြောင်းကို ရှင်းပြ ထားသည်။
“တက်တူးထိုးတဲ့ မင်မှာ တစ်ခါတလေ အာဆင်း နစ်တွေ ထည့်သွင်း ထားတတ် ပါတယ်။ ထိုးနှံ သူကတော့ မသိတဲ့ အတွက် အရေပြား ကင်ဆာ ဖြစ်ဖို့ အခွင့်အလမ်းများ နေပါတယ်။ နောက်ပြီး မှဲ့ရှိတဲ့ နေရာတွေ နားမှာလည်း တက်တူး မထိုး သင့်ပါဘူး တကယ်လို့ တက်တူး ထိုးထားတဲ့ နေရာ အနီးတ၀ိုက်မှာ ပုံမှန် မဟုတ် ဘဲမှဲ့တွေ ပေါ်လာပြီဆိုရင် အရောင်၊ အရွယ် အစား၊ ပုံသဏ္ဌာန်၊ အနားသတ် ပုံစံတွေကို သေချာ စစ်ဆေးဖို့ လိုပါတယ်။ တကယ်လို့ သေချာ မကြည့်ဘဲ ပေါ့ပေါ့ဆဆပဲ ထားမယ်ဆိုရင် မှဲ့ကင်ဆာနဲ့ အခြား အရေပြား ကင်ဆာ တွေကို အချိန်လွန်မှ သိတာမျိုး ဖြစ်သွား နိုင်ပါတယ်ဟု ကင်ဆာ ရောဂါ အထူးကု ဆရာဝန် Dr.Amit Kumarက အကြံ ပေးထားသည်။
ထို့ပြင် တက်တူး ဖျက်ခြင်းတွင်လည်း ဆိုးကျိုးများ ရှိနေကြောင်း၊ အရေပြား အရောင် ဖျော့သွားခြင်း (hypo pigmentation)၊ ရင့်သွားခြင်း (hyper pigmentation) များ ရလာ နိုင်ကြောင်း သိရသည်။ ကျွမ်းကျင်သော တက်တူး ထိုးပေးသူများ ထံသာ သွားသင့်ကြောင်း၊ progessional tattooistသည် အော်ဂဲနစ် မင်ကိုသာ အသုံးပြု ကြကြောင်း၊ ဈေးပေါပေါ သုံးထားသော တက်တူးများတွင် အာဆင်းနစ်၊ ကိုဘော့နှင့် အလူမီနီယမ် ကဲ့သို့သော အရေပြား ကင်ဆာ ဖြစ်စေနိုင်သည့် ဓာတ်များ ပါဝင် နေကြောင်းကို ယခု လေ့လာမှုတွင် ဖော်ပြ ထားသည်။
သန့်စင်
Ref: IANS

စုံတွဲအနေနဲ့ ပွဲတက်ဖို့ ဆိုတာ လိုပါသေးတယ် ဝတ်မှုန်ရွှေရည်




ကစ်က နောက်ပိုင်းမှာ ဇာတ် လမ်းပုံစံလေးတွေ ရွေးရိုက်လာတော့ မြန်မာပြည်မှာက ဇာတ်လမ်းပုံစံ အ သစ်အဆန်း ကရှားတယ်။ အဲဒီတော့ ဘယ်လို ရွေးချယ်ဖြစ်လဲ ဆိုတော့ ကစ်ကတော့ ကစ်ရိုက်ခဲ့တဲ့ ဇာတ် လမ်းတွေ၊ ဇာတ်ရုပ်တွေကို ချိန်ရိုက် တာပေါ့။ တစ်ခါ တလေကျရင် အ ကြောင်းကြောင့် စိတ်မပါဘဲ စိတ် ပါလိုက် ရတာတွေ ရှိတတ်တယ်။
မြန်မာဇာတ်ကားကြည့်တဲ့ ပရိသတ် တွေကလည်း အရမ်းအဆန်း အပြား ကြီးကို ကြည့်တာထက် မြင်နေကျ ဇာတ်လမ်းမျိုးတွေကိုပဲ စွဲနေတာ လေ။ အရမ်းကြီးပြောင်းလိုက်လို့ မရ ဘူး။ ဇာတ်လမ်း ကတော့ အရမ်းရှား ပါတယ်။ ဟောလိဝုဒ်တို့၊ ဘောလိ ဝုဒ်တို့လို နှစ်နှစ်၊ သုံးနှစ်နေမှ တစ်ခါ ရိုက်တာ မဟုတ်ဘူးလေ။ တစ်လ ကို သုံးကားရိုက်တယ်။ တစ်နှစ်လုံး ဆို သုံးဆယ့်ခြောက် ကားဖြစ်နေပြီ။ ဇာတ်လမ်း ကလည်း ရှားနေပြီ။ ပြီး တော့ တစ်ယောက်တည်း အတွက် လည်း မဟုတ်ဘူး။ မင်းသား၊ မင်း သမီးတွေအများကြီး အတွက်လေ။
အဲဒီကြား ထဲမှာမှ အကောင်းဆုံး လေးတွေ ရွေးချယ်ရိုက်ကူးရတယ်။ ဖြစ်နေတဲ့ အခြေအနေမှာ အကောင်း ဆုံးဖြစ်အောင် လုပ်ရတာပေါ့။ ဇာတ်ကားတွေ စရိုက်တုန်းကတော့ အခန်းနည်းပြီး ရိုက်ရတာမျိုးတွေ၊ လူမှုရေးအရ ရိုက်ပေး လိုက်ရတာ မျိုးတွေရှိခဲ့ပေမယ့် အဲဒါက ဘဝ အတွက် အကြီး အကျယ်ကြီးဖြစ် သွားတာမျိုးတွေ မရှိခဲ့ဘူး။ ကိုယ့်အ နေနဲ့ နာမည်လည်း မကြီး သေးဘူး လေ။ ဒါပေမဲ့ပြော ရလောက်အောင် တော့ မဟုတ်ပါဘူး။ ကစ်ကတော့ အမြဲကြိုး စားနေတဲ့ သူပါပဲ။ ကစ်က ရောပွဲတွေ တက်လာရင် တစ်ယောက် တည်း ဖြစ်နေတော့ ဘယ်တော့ လောက် စုံတွဲတက် လာတာကိုမြင် ရမလဲဆိုတော့ မေမေဘေး ကပါပါ တယ်။ စုံတွဲတက်ဖို့ ဆိုတာ လိုပါသေး တယ်။ ကစ်အတွက် မလိုသေးပါဘူး။

ဖခင်ဖြစ်သူကဓားနဲ့ထိုး၍ သားအရင်းဖြစ်သူ သေဆုံး





ပဲခူးတိုင်းဒေသကြီး၊ အုတ်ဖိုမြို့နယ်တွင် မှုးယစ်သောက်စားပြီး ဆဲဆို ရမ်းကားနေသည့် သားဖြစ်သူအား ဖခင်ဖြစ် သူက ဓားမြှောင်နဲ့ ထိုး၍ သေဆုံးခဲ့ရကြောင်း မြို့မရဲစခန်းမှတာဝန်ရှိသူက ပြောကြားသည်။ ရဲစခန်းအရှေ့ဘက်(၇)မိုင်ခန့်အကွာ အောက်ကိုင်းအုပ်စု၊ ချင်းစုကျေးရွာနေ ဦးမြင့်ရွှေ(၆၃)နှစ် (ဘ)ဦးသူငယ်အား သားအရင်းဖြစ်သူ ထွန်းထွန်းနိုင် က ဖေဖော်ဝါရီလ(၈)ရက်နေ့ ၁၅း၁၅အချိန်ခန့်က ရမ်းကားဆဲဆိုခဲ့သဖြင့် မခံရပ်နိုင်သည့် အဆုံးတွင် ဖခင်ဖြစ်သူက အရိုးအသွားတစ်ဆက်တည်း ရှိသည့် သံဓားမြောင့်ထိုးခဲ့ရာ သားဖြစ်သူ၏ရင်ဘတ်နှင့် ဝမ်းဗိုက်တို့တွင် ဒဏ်ရာရခဲ့ပြီး နေရာတွင် ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရှိရသည်။ သားဖြစ်သူသေဆုံးသဖြင့် မိခင်ဖြစ်သူ ဒေါ်ရင်မေက အုတ်ဖိုမြို့မရဲစခန်းသို့ တိုင်ကြားခဲ့ရာ ရဲစခန်းမှ(ပ)၃၄/၂၀၁၄ ပုဒ်မ ၃၀၂ အရ အမှုရေးဖွ
င့်ဆောင်ရွက်ပြီး စခန်းမှူး ဒုရဲမှူးသန်းဦးနှင့် တပ်ဖွဲ့ဝင်များက အခင်းဖြစ်
နေရာသို့ သွားရောက်ကာ ဓားနှင့်ထိုးသတ်ခဲ့သူ ဦးမြင့်ရွှေအား ဖမ်းဆီးခြင်း၊ သက်သေခံပစ္စည်းများ သိမ်းဆည်းခြင်းများ ဆောင်ရွက်ခဲ့ကြောင်း တပ်ကြပ်ကြီး စာရေးဦးမြင့်ဆွေက ပြောကြားသည်။
သားဖြစ်သူမှာ အမြဲလို မှုးယစ်သောက်စားကာ နေအိမ်တွင် ရမ်းကား ဆဲဆိုခြင်းများ ပြုလုပ်လေ့ရှိကြောင်း မခံရပ် နိုင်သည့်အဆုံး ယခုလို ဓားနှင့် ထိုးသတ်မှုဖြစ်ခဲ့ရသည်ဟု သိရှိရသည်။

မတ်လ ၂၉ ရက်နေ့ သန်းခေါင်စာရင်း စကောက်မယ်






ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ခံတော့မယ်
မြန်မာနိုင်ငံမှာ နှစ်ပေါင်း ၃၀ ကျော်အတွင်း ပထမဆုံးအကြိမ် ကောက်ခံမယ့် ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူဖို့ ရက်ပေါင်း ၄၀ကျော် ဘဲ ကျန်ပါတော့တယ်။

တစ်နိုင်ငံလုံးအနှံ့ အကွတ်ပေါင်း တစ်သိန်းကျော် သတ်မှတ်ပြီး လာမဲ့ မတ်လ ၂၉ရက် နေ့ ညသန်းခေါင်ယံ အချိန် က စပြီး ၁၂ ရက် ကြာ ကောက်ခံမှာ ဖြစ်ပါတယ်။

ဒီကောက်ခံမှုကို အစိုးရအနေနဲ့ သတ်မှတ်ထားတဲ့ စနစ်တွေ အတိုင်း ကောက်ခံ သွားမယ်လို့ အစိုးရဖက်က ရန်ကုန်မှာ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ကာ ကြေညာခဲ့ပါတယ်။

မြန်မာနိုင်ငံ အနှံ့ တိုင်းနဲ ပြည်နယ် ၁၅ ခု မြို့ နယ် ပေါင်း ၃၃၀ နဲ ကျေးရွာပေါင်း ၆ သောင်း ကျော်မှာ လာမယ့် မတ်လ၂၉ ရက် နေ့ ည သန်းခေါင်ယံအချိန်မှာ စတင် ကောက်ခံမှာ ဖြစ်ပါတယ်။

လူဝင်မှု ကြီးကြပ်ရေး နဲ ပြည်သူ့ အင်အား ဝန်ကြီးဌာနက ပြည်ထောင်စု ဝန်ကြီး ဦးခင်ရီ က ဒီသန်းခေါင်စာရင်းကို ဘယ်လိုကောက်ခံမယ် ဒီကောက်ခံမှုဟာ တိုင်းပြည် အတွက် အရေးပါတယ် အခု သန်ခေါင်း စာရင်း ကောက်ယူတဲ့ ပုံစံဟာ တကမ္ဘာလုံးမှာ သုံးတဲ နည်းပညာသာ ဖြစ်ပြီး စံချိန်စံညွန်း တွေနဲ့ ညီတယ် ဆိုတာကို သတင်းစာ ရှင်းလင်းပွဲမှာ ပြောသွားခဲ့ပါတယ်။

တိုင်းရင်းသားတွေဖက် ကတော့ ဒီ သန်းခေါင်စာရင်း ကောက်ယူမှုနဲ့ ပတ်သတ်လို့ ကန့်ကွက်တာတွေ ရှိနေသလို သီးခြား code နံပါတ် ပေးဖို့ တောင်းဆိုတာတွေအပေါ် အစိုးရဖက်က ညိနှိုင်းဖို့ရှိတယ်လို့ ပြောပေမဲ့ ဒီလို ယူ ဆတာ တွေဟာ လွဲမှား နေတယ်လို့ ဝန်ကြီး ဦး ခင်ရီ က ပြောပါတယ်။

အစိုးရဘက် ကတော့ ဒီလို ကောက်ခံမှုတွေနဲ့ ပတ်သတ်လို့ တိုင်းရင်းသားတွေ ဘက်က နားလည်အောင် ရှင်းပြဖို့ရှိတယ်လို့ ဝန်ကြီး ဦးခင်ရီက ပြောသွားခဲ့ပါတယ်။

ဒီ သန်းခေါင်စာရင်း ကောက်ယူမှု အတွက်လည်း အစိုးရက နိုင်ငံ အနှံ့မှာ ကောက်ယူမယ့် သင်တန်းသား တစ်သိန်းကျော်ကို သင်တန်းတွေ ပေးဖို့ ပြင်နေပြီ ဖြစ်ကြောင်း သိရပါတယ်။

ဒါ့အပြင် အစိုးရဘက်က ဒီနေ့ ရှင်းတာကို ကြည့်ရင် တိုင်းရင်းသားတွေ ဖက်က တောင်းဆိုတဲ့ ရက်ရွှေ့ဆိုင်းဖို့နဲ ပြင်ဆင်ဖို့တွေ မရှိဘဲ မူလအစီစဉ်အတိုင်း သန်းခေါင်စာရင်း ကောက်ယူ သွားဖို့ ရှိတာ ပေါ်လွင်နေတယ်လို့ သတင်းထောက်တွေက ပြောပါတယ်။

ဘီဘီစီ

နားရွက်ကိုက်ဖြတ်ခံရသဖြင့် အမျိုးသမီးတစ်ဦး အမှုဖွင့်





လှိုင်သာယာမြို့နယ်တွင် အမျိုးသမီး၂ ဦး စကားများရန်ဖြစ်စဉ် ဝင်ရောက်ဖြန်ဖြေသည့် အမျိုးသမီး တစ်ဦး နားရွက်ကိုက်ဖြတ်ခံရ သဖြင့် ဖေဖောဝါရီ ၉ ရက်တွင် အမှုဖွင့် တိုင်တန်းထားသည်ဟု ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံးက သတင်းထုတ်ပြန်ထားသည်။

အဆိုပါ ဖြစ်စဉ်မှာ လှိုင်သာယာမြို့နယ် ကစင်ကျေးရွာ၊ ကန်ပတ်တာလမ်းတွင် ဖေဖော်ဝရီ ၉ ရက် နံနက် ၈ နာရီအချိန်က ဖြစ်ပွား ခဲ့ခြင်း ဖြစ်သည်။

ဖြစ်စဉ်တွင် ဒေါ်ခင်ရွှေ (၅ဝ)နှစ်သည် နေအိမ်ရှေ့လမ်းမပေါ်တွင် ယောက်မဖြစ်သူ မညိုညိုစန်းနှင့် အိမ်နီးချင်း မစန်းတို့ ငွေကြေး ကိစ္စ စကားများနေသဖြင့် ဝင်ရောက် ဖြန်ဖြေပေးခဲ့သည်ဟု ရဲစခန်း တွင် ထွက်ဆိုထားသည်။

ထိုစဉ် မစန်းမှာ မကျေမနပ်ဖြစ်ကာ ဒေါ်ခင်ရွှေအား ဝင်ရောက်လုံးထွေးသတ်ပုတ်ပြီး ယာဘက်နားရွက်အား ကိုက်ဖြတ်ခဲ့ခြင်း ဖြစ်သည်ဟု ရဲစခန်းတွင် တိုင်တန်းထားသည်။

ထို့ကြောင့်ပင် ဒေါ်ခင်ရွှေ၏ ယာဘက်နားရွက်အောက်ပိုင်းပြတ်ထွက်ပြီး သွေးထွက်ဒဏ်ရာရရှိခဲ့ သဖြင့် လှိုင်သာယာဆေးရုံတွင် ပြင်ပလူနာ (မစိုးရိမ်ရ)အဖြစ် ကုသခဲ့ရသည်ဟုလည်း တရားလိုက ဆိုထားသည်။

ထို့ကြောင့် မစန်းအပေါ် အရေးယူပေးရန် ဒေါ်ခင်ရွှေက တရားလိုပြုလုပ်တိုင်တန်းသဖြင့် မြို့နယ်ရဲစခန်းက (ပ)၁၅၃/၂ဝ၁၄ဖြင့် အမှုဖွင့်လိုက်သည်။

ထို့ပြင် တိုင်တန်းခံထားရသူကိုလည်း ဆက်လက်ဖမ်းဆီးစစ်ဆေးသွားမည်ဖြစ်ပြီး ပြစ်မှုမှန်ကန်ပါက ပုဒ်မ ၃၂၆ ဖြင့် တရားစွဲတင်သွားမည်ဟု တိုင်းရဲတပ်ဖွဲ့က ဆိုထားသည်။

 ဇော်ဇော်ထွေး



စည်းမဲ့ကမ်းမဲ့ တယ်လီဖုန်းများ




( ဒီမိုကရေစီ မရသေးပေမယ့် ဖုန်းတွေတော့ တော်တော် ရကုန်ကြပါပြီ။ဒါပေမယ့် တချို့က မြောက် အုန်းသီးရသလိုပါပဲ။ မသုံးတတ်ပါဘူး။ဒီတော့ဖုန်းဆက်တဲ့ အခါ တိုင်းတိုင်းပြည်ကအသိတရားလူစဉ်မမီသေးတာကိုထုတ်ထုတ်ကြွားနေကြတဲ့သူတွေ ဒုနဲ့ဒေး ဖြစ်နေ တာတွေ့ရပါတယ်။ပြင်များပြင်ကြမလားလို့သတိလေးပေးကြည့်တာပါ ဗျာ။ )

နိုင်ငံတကာနဲ့ယှဉ်ရင် ဆက်သွယ်ရေးမှာ အများကြီးနောက်ကျနေခဲ့တဲ့ကျွန်တော်တို့ တိုင်းပြည်မှာ အခု ဆိုရင်အတိုင်းအတာတစ်ခုအထိဆက်သွယ်ရေးဆိုင်ရာတိုးတက်ဖြစ်ထွန်းမှုတွေ မြင်နေတွေ့ နေရပြီဖြစ်လို့ ဝမ်းသာကြည်နူးစရာတော်တော်လေးကောင်းပါတယ်။ နောက်ထပ်တိုးတက်မှုများကိုလည်းမကြာခင် မြင်တွေ့ ကြရတော့မှာလည်းဖြစ်ပါတယ်။ မကြာမီလ အနည်းငယ်အတွင်းမှာ လူတိုင်းနီးပါး မိုဘိုင်းတယ်လီဖုန်းနဲ့ မိုဘိုင်းအင်တာနက် အပြင်wifi အင်တာနက်သုံးစွဲခွင့်ကိုပါ ရရှိပိုင်ဆိုင်နိုင်ကြတော့မှာ သေချာနေပါပြီ။

အများကြီးခေတ်နောက်ကျကျန်နေခဲ့ရတဲ့ကျနော်တို့လူ့အဖွဲ့အစည်းဟာနိုင်ငံရေးပြုပြင်ပြောင်းလဲမှုများပြု လုပ်နိုင်ခဲ့ပြီးနောက်ပိုင်းမှာဆက်သွယ်ရေးဆိုင်ရာတိုးတက်မှုများကိုလည်းအရှိန်အဟုန်နဲ့တည်ဆောက် ပြောင်း လဲနိုင်ခဲ့တယ်ဆိုတာမငြင်းနိုင်ပါဘူး။လူထုတစ်ရပ်လုံးလူစဉ်မီကြစေလိုတဲ့ စေတနာအား ကောင်းကြသူများရဲ့ ဝိုင်းဝန်းအားထုတ်ကြိုးပမ်းမှုများ၊ နိုင်ငံတော်သမ္မတရဲ့ စေတနာနဲ့လွှတ်တော်များကဆုံးဖြတ်ဆောင်ရွက်ပေးနိုင်မှု တို့ပေါင်းဆုံတဲ့အခါလူထုဟာအကြီးအကျယ်အမြတ်ထွက်ခဲ့ရတယ်လို့ ပြောရင်လည်းမမှားနိုင်ဘူးလို့ထင် ပါတယ်။

ကောင်းမွန်တဲ့ဆက်သွယ်ရေးစနစ်ကိုတည်ဆောက်နိုင်ရင် နိုင်ငံတော်ရဲ့စီးပွားဖွံ့ဖြိုးတိုးတက်မှုကိုအရှိန်အဟုန်မြှင့်
ပေးနိုင်ရုံမကပါဘူး။ လူထုရဲ့ လူမှုအဆင့်အတန်းဟာလည်းသိသိသာသာ မြင့်မားတိုးတက်လာဖို့ရှိပါတယ်။ ၂၀၁၄ခုနှစ်အတွင်းမှာပဲတယ်လီဖုန်းနဲ့အင်တာနက်သုံးစွဲနိုင်မှုပမာဏဟာလက်ရှိအနေအထားနဲ့နှိုင်းယှဉ်ရင် များစွာတိုး တက်ကောင်းမွန်လာတော့မယ်ဆိုတာကိုလည်းအလွယ်တကူ ခန့်မှန်းလို့ရနေပြီဖြစ်ပါတယ်။

တစ်ဖက်မှာတိုးတက်မှုတွေရှိနေသလိုအခြားတစ်ဖက်မှာလည်းအဲဒီတိုးတက်မှုတွေနဲ့လိုက်လျောညီထွေ လိုက်ပါပြောင်းလဲတိုးတက်မှုမရှိနိုင်သေးတဲ့လူထုရဲ့လူမှုအသိပညာချို့တဲ့ခြင်းဆိုင်ရာ ပြသနာများကိုလည်း ရင်ဆိုင်ကြုံတွေ့နေကြရပါပြီ။တိုးတက်တဲ့ရင့်ကျက်တဲ့လူ့ဘောင်အဖွဲ့အစည်းအတွင်းမှာအသိတရား ရှိစွာ နဲ့လိုက်လျောညီထွေပြုမူကျင့်ကြံနေထိုင်နိုင်မှုဟာကျွန်တော်တို့လူ့ဘောင်မှာလုံးဝမရှိသေးသလောက်ဖြစ်နေသေး တယ်လို့ တောင်ပြောရမလားမသိပါဘူး။မိုဘိုင်းဖုန်းတွေသုံးခွင့်ရလာခြင်းကဝမ်းသာစရာဖြစ်ပေမယ့်အဲဒီမိုဘိုင်း ဖုန်းတွေကြောင့်ပဲ လူ့အအဖွဲ့အစည်းကို ကြီးစွာသော ထိခိုက်မှုနှောက်ယှက်မှုတွေ ဖြစ်ပေါ်နေတာကိုစိတ်မ ချမ်းမြေ့ဖွယ်မြင်တွေ့ နေကြ ရပါတယ်။

ဘတ်စ်ဒရိုင်ဘာ တွေကကားမောင်းရင်ဖုန်းပြောကြလေ့ရှိပါတယ်။သူတို့အတွက်ထုတ်ပြန်ထားတဲ့စည်းမျဉ်း စည်းကမ်းတွေဘယ်လောက်ကောင်းတယ်မကောင်းတယ်တော့မသိရပေမယ့်ဘယ်စည်းမျဉ်းစည်းကမ်းကို မှတိတိကျကျလိုက်နာခြင်းမရှိတဲ့ဘတ်စ်ဒရိုင်ဘာတွေကအများကြီးဖြစ်နေပါတယ်။ ခရီးသည် ရာဂဏန်း နီးပါးလောက်ကိုစည်းကမ်းချိုးဖောက်ပြီး တင်ဆောင်ထားတဲ့ကားကို တာဝန်ယူ မောင်းနှင်ရတဲ့ ပုဂ္ဂိုလ်များ ဟာ မိုဘိုင်းဖုန်းလေးတွေပြောရင်း မောင်းနှင်နေကြတာ မကြာခနမြင်ရတွေ့ ရပါတယ်။ ဂိတ်ရင်းလို့ခေါ် တဲ့သူတို့ရဲ့ သက်ဆိုင်ရာ ကားဂိတ်ပေါက်နားကိုရောက်တာနဲ့ တစ်ဖက်ကို ' ခနလေးဂိတ်ရှေ့ရောက်နေ လို့ ပြန်ခေါ်လိုက်မယ် 'လို့ ပြောပြီး ဖုန်းကိုခနချပါတယ်။ ( ကားမောင်း ရင်း ဖုန်းမပြောရဘူးဆိုတာ သူတို့ သိသိကြီးနဲ့ချိုးဖောက်နေကြတာသေချာပါတယ်။ )


အဲဒီဂိတ်ကို ကျော်တာနဲ့ ဖုန်းပြန်ခေါ်ပါတယ်။ နောက်ကစီးလာတဲ့ခရီးသည်တွေကရင်တမမ နဲ့စိုးရွံ့နေကြ တာ၊ ဒရိုင်ဘာ ဖုန်းပြောနေတဲ့ကိစ္စကိုကြောက်လန့်တကြားနဲ့ ပြောဆိုနေကြတာကို သိရက်နဲ့ လုံးဝဂရုမ စိုက်ကြတာတွေ့ရပါတယ်။ မနေနိုင်လို့ ဖုန်းမပြောဖို့ လှမ်းသတိပေးတဲ့ခရီး သည်တွေကလည်းအဟိန်း အဟောက်ခံရပါတယ်။များသောအားဖြင့်လူငယ်ဒရိုင်ဘာတွေဖြစ်နေတတ် ပြီးသက်ဆိုင်ရာတာဝန်ရှိသူများ ကဆင်ခြင်တုံတရားဘယ်လောက်ရှိသလဲမစစ်ဆေးဘဲရိုင်းစိုင်းတဲ့သူ တွေကိုဘာကြောင့်ခရီးသည်အမြောက် အများတင်ပြီးကားမောင်းဖို့ခွင့်ပြကြသလဲဆိုတာလည်းစဉ်းစားလို့မရပါ။အဲသလိုဖုန်းပြောရင်းကားမောင်းလို့ ခရီးသည်တင်ဘတ်စ်ကားတွေလမ်းဘေးဓါတ်တိုင်ကိုဝင်တိုက်ပြီးဒါဏ်ရာရတဲ့သူတွေရကုန်ကြတာလည်း ကျွန်တော်ကိုယ်တိုင်ကြုံဖူးပေါင်းများလှပါပြီ။ယာဉ်တိုက်မှုများလည်းမကြာခနဖြစ်နေတာဖြစ်ပါတယ်။

ကိုယ်ပိုင်ကားမောင်းသူတွေကတော့အများကြီးပိုဆိုးပါတယ်။တယ်လီဖုန်းပြောရင်းကားမောင်းလို့ကားကအ ရမ်းနှေးသွားတာအရမ်းမြန်သွားတာမီးပွိုင့်မှာမရပ်မိဘဲမီးနီကိုဖြတ်မိမလိုဖြစ်တာကို နောက်ကျပြီးမှသတိထား မိလို့ရှေ့ကားရပ်နေတဲ့ကား ကိုဝင်တိုက်တာ ကားတွေ လေးငါးစီး ဆင့်ကဲ တိုက်တဲ့ယာဉ်တိုက်မှုတွေဖြစ် တာရေတောင်မရေတွက်နိုင်တော့ဘူးထင်ပါတယ်။စည်းကမ်းမလိုက်နာတဲ့လူတွေကိုနားမလည်နိုင်သလို အဲဒီစည်းကမ်းတွေလိုက်နာလာအောင်ထိထိရောက်ရောက်ဆောင် ရွက် ခြင်းမရှိကြသေးတာကိုလည်းနားမ လည်နိုင်တော့ပါဘူး။

တက္ကစီမောင်းတဲ့ပုဂ္ဂိုလ်များကတော့အဲဒီထက်တောင်အများကြီးပိုဆိုးပါတယ်။ကားမောင်းရင်းဖုန်း ပြောသူ အများစုကတက္ကစီမောင်းတဲ့ပုဂ္ဂိုလ်များလို့ထင်ပါတယ်။ခရီးသည်ကိုလှည့်တောင်မကြည့်အားကြပါ။အရေး တကြီးကိစ္စမို့ မဖြစ်မနေဖုန်းပြောရတယ်ဆိုရင်တောင်မှလမ်းဘေးမှာခနရပ်ပြီးပြောရင်လက်ခံလို့ရ ပါသေး တယ်။ တစ်ခါတလေ မှာ တက္ကစီဒရိုင်ဘာကို သူ့ဇနီးဖြစ်သူကဖုန်းလှမ်းဆက်ပြီးစကားအကြာကြီးပြောနေ တာမျိုးတောင်ကြုံဖူးပါတယ်။ ကားမောင်းနေတယ်လို့ ယောက်ျားဖြစ်သူက သတိပေးတာကိုတောင် အိမ်က မိန်းမတွေ ပိုက်ဆံရှာဖွေပေးနေတဲ့ အိမ်ဦးနတ်အတွက် လုံးဝလုံးဝစိုးရိမ်ရကောင်းမှန်းမသိကြတာ အံ့သြ ဖွယ်ကြုံတွေဖူးပါတယ်။ အရေမရအဖတ်မရတွေပြောနေ တာများပါတယ်။ဘယ်ယာဉ်ထိန်းရဲကမှ အရေးယူ တာလည်း မကြုံဖူးပါ။

တစ်ခါတစ်ရံများဆိုလူစည်ကားတဲ့ကော်ဖီဆိုင်ထဲမှာအေးအေးလူလူအနားယူနေကြတဲ့သူတွေကိုအားမနာဘဲ ဖုန်းကိုအကျယ်ကြီးအော်ပြောနေကြတာလည်းကြုံဖူးကြမယ်ထင်ပါတယ်။တယ်လီဖုန်းဆက်ရင်လည်းလူမှုကျင့် ဝတ်ကိုမဖြစ်မနေလိုက်နာဖို့လိုတယ်ဆိုတဲ့အသိတရားလေးတောင်မွေးရကောင်းမှန်းမသိကြပါလားဆိုတဲ့အ သိနဲ့စိတ်ပျက်လက်ပျက်ဖြစ်မိတာအမှန်ပါ။တယ်လီဖုန်းတွေလူတိုင်းကိုင်နိုင်ဖို့တစ်တပ်တစ်အားပါဝင်ကြိုးပမ်း ခဲ့မိတဲ့အတွက်ကိုယ့်ကိုယ်ကိုယ်တောင်အပြစ်တင်မိတဲ့အခါမျိုးလည်းပါတယ်။ အားလုံးကဝိုင်းဝန်းစဉ်း စားဖြေရှင်းကြဖို့ အချိန်တန်နေပြီလို့ထင်ပါတယ်။

ကျွန်တော်ကလူထုကြားထဲကကျင့်ဝတ်စည်းကမ်းမလိုက်နာမှုတွေကိုကြည့်ပြီးစိတ်ပျက်လက်ပျက်ဖြစ်နေတုန်း မှာပဲဟိုတစ်ရက်ကလွှတ်တော်ဆိုင်ရာသတင်းတစ်ပုဒ်ကိုဖတ်လိုက်ရတော့စိတ်ပျက်နေရာက နေစိတ်ဓါတ်ပါ ကျမသွားရအောင်ကိုယ့်ဘာသာမနည်းအားတင်းထားရတဲ့အဆင့်ရောက်သွားပါတော့တယ်။ လွှတ်တော် အစည်းအဝေးကျင်းပနေတုန်း အမတ်မင်းတို့ရဲ့ တယ်လီဖုန်းတွေ ထအသံမြည်လို့လွှတ်တော်ဥက္ကဌဖြစ် သူက မိုဘိုင်းဖုန်းနဲ့ပတ်သက်လို့သတိပေးရတယ်ဆိုတဲ့သတင်းပါ။သာမန် အရပ်သူအရပ်သားတွေကကျင့် ဝတ်တွေမလိုက်နာနိုင်ကြသေးတာကိုအသိပညာရေချိန်နိမ့်ပါးကြသေးလို့ပါ၊ နောက်တော့လိုက်နာရကောင်း မှန်းသိလာကြပါလိမ့်မယ်ဆိုပြီးစိတ်ကိုဖြေလို့ရပါတယ်။လွှတ် တော်ကိုယ်စားလှယ်တချို့အနေနဲ့လွှတ်တော် အစည်းအဝေးများကျင်းပနေစဉ်မှာringtone တွေကိုအသံတိုးတိုး လျှော့ထားသင့်တယ်၊silentmodeပြောင်း ထားသင့်တယ်၊ဖြစ်နိုင်ရင်ဖုန်းတွေပါပိတ်ထားသင့်တယ်ဆိုတဲ့အသိတရားမရှိကြတာအံ့သြကုန်နိုင်ဖွယ်ဖြစ်ပါ တယ်ဗျာ။ နိုင်ငံတော်နဲ့ လူထုကိုဦး ဆောင်ဦးရွက်ပြုနေကြတဲ့ပုဂ္ဂိုလိကြီးများကလူမှုကျင့်ဝတ်ဆိုင်ရာ အသိ တရားမရှိကြတာကတော့ဘယ်လောက်ဆိုးရွားတယ်ဆိုတာပြောပြစရာစကားလုံးတောင်ရှာမရတာအမှန်ပါ။

အရပ်ထဲက မဆင်မခြင်ဖုန်းပြောကြတဲ့ လူတွေ ကားဆရာတွေကို အပြစ်တင်မိတာတောင်ကျွန်တော်မှားပြီ လားလို့တွေးမိပါတယ်။အသိပညာမြင့်မားသူများလို့သတ်မှတ်ထားတဲ့လူထုကိုဦးဆောင်ဦးရွက် ပြုနေကြသူ များပင်လျှင်စည်းမဲ့ကမ်းမဲ့ပြုမူနေကြလေတော့ အရပ်ထဲကလူတွေအသိတရားနိမ့်ပါးတာ ကိုခွင့်လွှတ်နား လည်ပေးလို့ရလာပါတယ်။တဖြည်းဖြည်းနဲ့ကောင်းလာအောင်အမှန်တစ်ကယ်ထိထိ ရောက်ရောက် ဆောင် ရွက်ကြပါလို့ပဲ တောင်းပန်ရုံရှိပါတော့တယ်။

ဒီပြသနာတွေကို ထိထိရောက်ရောက်မကိုင်တွယ်ဘဲ ပစ်ထားမယ်ဆိုရင်၂၀၁၄ခုနှစ်နောက်ပိုင်းမိုဘိုင်းဆက် သွယ်ရေးက အခုထက် အဆများစွာတိုးတက်လာရင်ဆိုတဲ့အတွေးဝင်မိတော့ တော်တော်ထိတ်လန့် မိပါ တယ်။ဖုန်းကိုစည်းနဲ့ကမ်းနဲ့မသုံးစွဲတတ်ကြဘူးဆိုရင်လူ့အဖွဲ့အစည်းကိုထိခိုက်ပျက်စီးစေမှုတွေပိုများလာ ပါတော့မယ်။အနှောက်အယှက်ဖြစ်မှုတွေတိုးပွားလာပါတော့မယ်။ဒီထက်ပိုပြီးအရေးကြီးတာကစည်းကမ်းမရှိ တဲ့တယ်လီဖုန်းတွေကြောင့်တခြားတပါးသောနိုင်ငံသားတို့ကNational Identityကိုပါအထင် အမြင်သေး တာကိုပါ ခံကြ ရတော့မှာဖြစ်တဲ့အတွက် သက်ဆိုင်သူ များအနေနဲ့နိုင်ငံနဲ့လူထုအကျိုးကိုအမှန်တစ်ကယ် လိုလားပါတယ်ဆိုရင်ဖြင့်အခုကတည်းကထိထိ ရောက်ရောက်လေးတည့်မတ်ပြင်ဆင်ပေးကြစေလိုပါကြောင်း အနူးအညွတ်တောင်းပန်လိုက်ရ ပါတယ်။ ။

ပိုက်တင်

Related Posts Plugin for WordPress, Blogger...