Pages - Menu

Monday, August 19, 2013

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များထံသို့ ပန်ကြားချက်အမှတ်စဉ် (၂/ ၂၀၁၃)

ယနေ့ကျင်းပသည့် ပထမအကြိမ် ပြည်သူ့လွှတ်တော်၊ သတ္တမပုံမှန် အစည်းအဝေး ၂၂ရက်မြောက်နေ့ (၁၉.၈.၂၀၁၃)တွင် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များထံသို့ ပန်ကြားချက်အမှတ်စဉ် (၂/ ၂၀၁၃) အား ကြေငြာခဲ့ပါသည်။

လွှတ်တော်ကိုယ်စားလှယ်များသို့ ပန်ကြားချက်အမှတ်စဉ် (၂/၂၀၁၃)

လွှတ်တော်သို့တင်သွင်းသည့် မေးခွန်းများနှင့် စပ်လျဉ်း၍ တင်ပြခြင်း

၁။ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များက နှုတ်ဖြင့်ဖြေဆိုရမည့် မေးခွန်း မေးမြန်းခြင်း နှင့်စပ်လျဉ်း၍ ပြည်သူ့လွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၁၄၄ တွင် ဥက္ကဋ္ဌ က ခွင့်ပြုသော ကြယ်ပွင့်ပြ မေးခွန်းများကို အစည်းအဝေး အစီအစဉ်တွင် ထည့်သွင်းပြီး မေးခွန်းများ မေးမြန်းချိန်၌ ဥက္ကဋ္ဌ က လွှတ်တော်ကိုယ်စားလှယ်များ၏ အမည်ကို ခေါ်ခြင်းအားဖြင့် မေးမြန်း ခွင့်ပြုနိုင်သည်။ လွှတ်တော်ကိုယ်စားလှယ်များသည် ဥက္ကဋ္ဌက မိမိအမည်ကို ခေါ်သည့်အခါ ကြယ်ပွင့်ပြထားသော မေးခွန်းကို မေးမြန်း ရမည်။ ဖြေကြားသော အဖြေကို ရှင်းလင်းစေရန် အလို့ငှာ တစ်ဆက် တစ်စပ်တည်း မေးခွန်း မေးမြန်းနိုင်သည်ဟု ဖော်ပြထားပါသည်။

၂။ ပြည်သူ့လွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၁၄၁(င)တွင် မလိုအပ်ဘဲ ရှည်လျားခြင်း မရှိသော မေးခွန်းဖြစ်ရမည်ဟု ဖော်ပြထားပါသည်။

၃။ သို့ဖြစ်ပါ၍ လွှတ်တော်အစည်းအဝေး အစီအစဉ်များ လျင်မြန်သွက်လက်စေရေး အတွက် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များအနေဖြင့် မေးခွန်းများ မေးမြန်းရာတွင် မိမိမေးမြန်းမည့် အကြောင်းကိစ္စ နှင့်စပ်လျဉ်း၍ အခမ်းအနား အစီအစဉ်တွင် ဖော်ပြ ထားသည့် မေးခွန်းအတိုချုပ် အတိုင်းသာ မေးမြန်းပေးပါရန် ပန်ကြားအပ်ပါသည်။

Ref : Pyithu Hluttaw - ပြည်သူ့လွှတ်တော်

No comments:

Post a Comment