Sunday, August 25, 2013
Cardillac Escalade onf Full Size Lu- xury SUV ကားအမျိုးအစားဖြစ် ပြီး အမေရိကန်ကားကုမ္ပဏီ General Motors လက်အောက်ရှိ Luxury Brand တစ်ခုဖြစ် ကာ ၁၉၉၉ ခုနှစ်တွင် စတင် ထုတ်လုပ်ခဲ့ခြင်းဖြစ်သည်။
Cardillac Esca-lade ကို New GMT 900 Platform ဖြင့် ပြောင်းလဲ ထုတ်လုပ်ခဲ့သည်။ ယင်းတွင် အလူမီနီယံ 6.2L Vortec V8 အင်ဂျင်၊ VVT Nonover head အင်ဂျင် မြင်းကောင်ရေ အား ၄၀၃ကောင်အားစနစ်ကို တပ်ဆင်ထားသည်။ Transmis-sion အဖြစ်New 6 Speed Auto- matic ကိုအသုံးပြုထားသည်။
Cardillac သည် ကမ္ဘာကျော် ကားတစ်စီးဖြစ်သည့်အလျောက် နောက်ဆုံးပေါ်နည်းပညာများကို စုံလင်စွာထည့်သွင်းထားသည်။ အ ပူချိန်ထိန်းညှိနိုင်သည့် သားရေ ထိုင်ခုံ၊ အဝေးထိန်းရီမုဒ်ဖြင့် ကား အင်ဂျင်စက်နှိုးနိုင်သည့်စနစ်၊ CD ခြောက်ချပ်ထည့်သွင်း နိုင် သည့် CD Player ၊ ပြင်ပအပူချိန်ကို တိုင်း တာနိုင်သည့်စနစ်များ စသည့် နောက်ဆုံး ပေါ် နည်းပညာများ အပြင် Trizone Automatic Cli-mate Control? Real Leather and Wood Wrapped Steering Wheel with Controls? Cruise Control စသည်တို့ လည်း ပါဝင်သည်။
Escalade သည် အဆင့် မြင့် လုံခြုံရေးစနစ်များကိုလည်း ထည့်သွင်းထားပြီး Bluetooth Hands Free Interface Sa-tellite Navigation System With Instant Traffic and Re- routing? Side Zone Blind Sport စသည့်စနစ်များလည်း ပါဝင်သည်။
Escalade သည် လူခုနစ်ဦး သက်သောင့်သက်သာလိုက် ပါစီးနင်းနိုင်သည့် ကျယ်ဝန်းလှပ သော အတွင်းခန်းအားသာချက် ရှိသည်။ Cardillac Escalade သည် ဈေးနှုန်းအားဖြင့် မြင့်မား သော်လည်း ယင်းကား၏စွမ်းဆောင် ရည်များနှင့် ထူးဆန်းလှပသော အသွင်အပြင်များရှိသောကြောင့် ပေးရသည့်တန်ဖိုးနှင့် ထိုက်တန် သော အမေရိကန်ထုတ်ကားတစ် စီးဖြစ်သည်။
No comments:
Post a Comment