Pages - Menu

Thursday, August 22, 2013

HTCနှင့် လက်တွဲဖြုတ်ရန် Beats က ကြိုးပမ်းနေဟုဆို



သြဂုတ်လ ၂၂ ရက် ၂၀၁၃

Beatsသည် HTCနှင့် ချုပ်ဆိုထားသော စာချုပ်ကို လျော်ကြေးပေး ဖျက်သိမ်းပြီး အခြားသော လက်တွဲဖော် အသစ်များနှင့် ပူးပေါင်းရန် လိုလားနေကြောင်း Wall Streetဂျာနယ်က ဖော်ပြခဲ့သည်။

နာမည်ကျော် Headphone ကုမ္ပဏီဖြစ်သော Beatsသည် HTC ကော်ပိုရေး ရှင်းနှင့် လက်တွဲဖြုတ်ရန် ပြင်ဆင်နေကြောင်း သတင်းများ ထွက်ပေါ်လာ သည်။ အဆိုတော် Dr Dre တွဲဖက်တည်ထောင်ထားသည့် ကုမ္ပဏီသည် မိုဘိုင်းလ်ဖုန်းများ ထုတ်လုပ်ရောင်းချနေသည့် HTCနှင့် လက်တွဲ စာချုပ်ထားသော်လည်း ယခုအခါ ပိုမိုကောင်းမွန်သော အကျိုးတူ ပူးပေါင်းမှုမျိုးကို မျှော်လင့်နေကြောင်း သိရသည်။ Beatsသည် HTCနှင့် ချုပ်ဆိုထားသော စာချုပ်ကို လျော်ကြေးပေး ဖျက်သိမ်းပြီး အခြားသော လက်တွဲဖော် အသစ်များနှင့် ပူးပေါင်းရန် လိုလားနေကြောင်း Wall Streetဂျာနယ်က ဖော်ပြခဲ့သည်။ အသံစနစ်များ၊ Headphoneနှင့် Speakerများ ထုတ်လုပ်မှုတွင် အောင်မြင်နေသော Beatsသည် လက်ရှိ တိုးတက်နေသော လုပ်ငန်းအခြေအနေကို အရှိန်မြှင့်ရန် မဟာဗျူဟာ အပြောင်းအလဲ တစ်ရပ်ကို စဉ်းစားနေသည်။

Dr Dreနှင့် ဂျင်မီအိုင်အိုဗင်းတို့ ပူးတွဲတည်ထောင်သော Beatsသည် ၎င်းတို့၏ လုပ်ငန်းတွင် HTCက (၂၅)ရာခိုင်နှုန်း မြှုပ်နှံထားသည့် ရှယ်ယာများကို ပြန်လည် ဝယ်ယူသွားရန် ပြင်ဆင်နေကြောင်း ကုမ္ပဏီနှင့် နီးစပ်သူများက Wall Streetသို့ ပြောကြားခဲ့သည်။ Beatsသည် နွေရာသီ အစောပိုင်းက ရှယ်ယာများ ပြန်လည်ဝယ်ယူရန် ချေးငွေ ဒေါ်လာ သန်း(၇၀၀)မျှ ရရှိနိုင်ရေး ကြိုးပမ်းခဲ့သော်လည်း မအောင်မြင်ခဲ့ချေ။ သို့သော်လည်း ယခုအခါ ပိုမိုလျော့နည်းသော ချေးငွေ ပမာဏကိုသာ ရယူပြီး စာချုပ်ကို ပြန်လည်ဝယ်ယူရန် Beatsက လုပ်ဆောင်လာခြင်းဟု သိရသည်။

အကယ်၍ Beatsသည် ရှယ်ယာအားလုံးကို အပြီးသတ် ပိုင်ဆိုင်လာပါက ဆောင်းဦးပေါက်ချိန်တွင် လက်တွဲဖော်သစ် ကုမ္ပဏီကြီး တစ်ခုခုနှင့် ပူးပေါင်းရန် ရည်ရွယ်ထားဖွယ် ရှိနေသည်။ Beatsသည် ၎င်းတို့၏ရှယ်ယာ (၅၀.၁)ရာခိုင်နှုန်းကို လွန်ခဲ့သည့် (၂)နှစ်က ဒေါ်လာ သန်း(၃၀၀)ဖြင့် HTCထံ ရောင်းချခဲ့သည်။ သို့သော်လည်း (၁)နှစ်အကြာတွင် ရှယ်ယာ (၂၅.၁)ရာခိုင်နှုန်းကို ပြန်လည် ဝယ်ယူထားပြီး ဖြစ်သည်။ လတ်တလောတွင် HTCသည် Beats၏ အသံစနစ်များကို ဖုန်းHandsetများတွင် ထည့်သွင်းထားပြီး HTC၏ Headphoneများကို ဖုန်းဖြင့် အပြည့်အဝ ထောက်ပံ့မှုမျိုးအတွက် အသုံးပြုထားသည်။

Planet Myanmar Network

No comments:

Post a Comment