Pages - Menu

Thursday, August 22, 2013

KIA ရဲ့နှိပ်စက်မှုတွေကို ကာကွယ်ပေးဖို့ တပ်မတော်အပေါ် ကချင်ပြည်သူများမှတောင်းဆို



ကချင်ပြည်နယ် ပန်ဝါ အခြေစိုက် ပြည်သူ့စစ်အဖွဲ့နှင့်  (KIA)တို့ အကြား သြဂုတ် ၁၇ ရက်နှင့် ၁၉ တို့တွင် တိုက်ပွဲများ ဖြစ်ပွားရခြင်းနှင့်ပတ်သက်ပြီးတော့ ပြည်သူ့စစ်ခေါင်းဆောင်တစ်ဦး ဖြစ်သူ အမျိုးသား လွှတ်တော် အမတ်  ဦးစက်ခုံတိန်ယန်းက မိမိဦးဆောင်သည့် ပြည်သူ့စစ် အဖွဲ့က ယခုကဲ့သို့ ကေအိုင်အေ ဘက်ကို  ပြည်သူများ လုံခြုံရေး အတွက် တိုက်ရခြင်းသာဖြစ်ကြောင်း ဖြေကြားသွားတာကို ဖတ်လိုက် ရပါတယ်။


KIA တပ်တွေဟာ နိုင်ငံတော်မက ငြိမ်းချမ်းရေးလိုချင်လို့သာ တပ်မတော်နဲ့ အပစ်အခတ် ရပ်စဲပြီး ဆွေးနွေးနေတာတွေကို အခွင့်ကောင်းယူပြီးတော့ ဒေသခံပြည်သူတွေအပေါ် ဖမ်းဆီးနှိပ်စက်ခြင်း၊ ဆက်ကြေး များကောက်ခြင်း၊ လက်နက်အားကိုးဖြင့် အနိုင်ကျင့်ပစ်ခတ်သတ်ဖြတ်ခြင်းများကို စိတ်မထင် ရင်မထင်သလို ပြုလုပ်နေကြပါတယ်။

ဒေသခံပြည်သူတွေအနေနဲ့လည်း လုပ်ငန်းခွင်မ၀င်နိုင်၊ စီးပွားရေးမလုပ်နိုင် သလို ကျောင်းသားတွေ အနေနဲ့လည်း KIA ကြောင့် ကျောင်းသွားမတက်နိုင်ကြပါဘူး။ ဒါကြောင့် KIA ရဲ့ရန်ကကာကွယ်ပေး ဖို့ ပြည်သူ့စစ်တွေအပေါ် အကူအညီတောင်းတာတွေ၊ တပ်မတော်အပေါ် သွားပြီးအကူအညီတောင်းနေရ ပါတယ်။ 

နိုင်ငံတော်အစိုးရရဲ့ ငြိမ်းချမ်းရေးလိုချင်မှုကြောင့် တပ်မတော်ဟာ KIA အပေါ် ပစ်ခတ်တိုက်ခိုက်ခြင်း မပြုပေမယ့်လည်း ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်အပေါ် ထိခိုက်မှုရှိလာရင် ကာကွယ်ဖို့ တပ်မတော်မှာ အဓိကတာဝန်ရှိပါတယ်။  ကျနော်တို့အနေနဲ့ KIA ရဲ့ အပစ်အခတ်ရပ်စဲမှုအပေါ် အခွင့်ကောင်း ယူပြီးတော့ ပြည်သူတွေအပေါ် ဒီလို အနိုင်ကျင့်စော်ကားနေတာကို သည်းမခံနိုင်ပါဘူး။ တပ်မတော်အနေနဲ့ ကျနော်တို့ရဲ့ ဒုက္ခတွေအပေါ် ကူညီဖြေရှင်းပေးပါ။ အကာအကွယ်ပေးပါ။ KIA ကို တိုက်ပေးပါလို့ တောင်းဆိုပါတယ်။

By ကချင်တိုင်းရင်းသားတစ်ဦး နိုင်ငံသစ်

No comments:

Post a Comment