Pages - Menu

Saturday, August 31, 2013

အစိုးရနှင့် UNFC စက်တင်ဘာ ၈ ရက်နေ့ ထိုင်းနိုင်ငံ၌ တွေ့မည်


 
နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေးအတွက် ကြိုတင်ညှိနှိုင်းမှုများ ပြုလုပ်ရန် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) တို့ စက်တင်ဘာလ ၈ ရက်နေ့၌ ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် တွေ့ဆုံမည် ဖြစ်ကြောင်း မြန်မာ ငြိမ်းချမ်းရေးစင်တာမှ အကြီးတန်း အကြံပေးတစ်ဦးက ပြောကြားသည်။

အစိုးရနှင့် UNFC မှ နည်းပညာ အထောက်အကူပြုအဖွဲ့များ သြဂုတ်လ ၂၇ ရက်နေ့က ချင်းမိုင်မြို့တွင် တွေ့ဆုံ၍ အကြို ညှိနှိုင်းမှုများ ပြုလုပ်ခဲ့သည်။

“ဒီတစ်ခါ နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးဖို့အတွက် မူဘောင်တွေ ညှိနှိုင်းမယ်” ဟု ၎င်းကဆိုသည်။

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အသီးသီးနှင့် နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေး လက်မှတ်ရေးထိုးရန် KIO အပါအဝင် လက်နက်ကိုင်အဖွဲ့သုံးဖွဲ့နှင့် ညှိနှိုင်းနေဆဲဖြစ်ပြီး KIO နှင့် တွေ့ဆုံရန် အစိုးရဘက်က အဆင်သင့် ရှိနေကြောင်း ဦးအောင်မင်းက ပြောကြားသည်။

နိုင်ငံလုံးအဆင့် အပစ်အခတ်ရပ်စဲရေးကို အောက်တိုဘာလတွင် လက်မှတ်ရေးထိုးနိုင်ရန် စီစဉ်ထားကြောင်း ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးအောင်မင်းက သြဂုတ်လ ၂၅ ရက်နေ့တွင် ပြောကြားထားသည်။


From : ..the voice

No comments:

Post a Comment