Pages - Menu

Saturday, September 7, 2013

ကမ္ဘာ့စစ်အင်အား အကြီးဆုံး ထိပ်တန်း (၂၀) တွင် တူရကီ၊ ပါကစ္စတန်၊ အီဂျစ်၊ အင်ဒိုနီးရှား၊ အီရန်တို့ ပါဝင်



စစ်အင်အားနှင့် ပတ်သတ်၍ တွက်ချက်သတ်မှတ်ပုံ တစ်ခုမက ရှိနေပြီး Global Fire Power (GFP) အဆင့်သတ်မှတ်ချက်မှာ အထင်ကရတစ်ခု ဖြစ်သည်။ နိုင်ငံတစ်ခုချင်းစီ၏ Power Index (PwrIndx) ကို သတ်မှတ်ရာတွင် အခြေခံ အချက်အလက်ပေါင်း (၄၀) ကျော်ကို ထည့်သွင်းတွက်ချက်ထားသည်။ နိုင်ငံကြီးသော်လည်း နည်းပညာအရ ခေတ်နောက်ကျနေခြင်း၊ နိုင်ငံသေးငယ်သော်လည်း အဆင့်မြင့်နည်းပညာများ ပိုင်ဆိုင်ထားရှိခြင်း အစရှိသည်များကိုပါ ထည့်သွင်းစဉ်းစားပြီး ဘက်လိုက်မှုမရှိ စာရင်းပြုစုသည်။

နိုင်ငံပေါင်း (၆၈) နိုင်ငံကို လေ့လာတွက်ချက် စာရင်းပြုစုထားပြီး (၂၀၁၃) ခုနှစ် ဩဂုတ်လ (၁) ရက်နေ့အထိ နောက်ဆုံး အချက်အလက်များဖြင့် တင်ပြထားခြင်း ဖြစ်သည်။

မွတ်စလင်နိုင်ငံများ၌ တူရကီ (Turkey) မှာ အဆင့် (၁၁) ဖြင့် ထိပ်ဆုံးဖြစ်ပြီး ပါကစ္စတန် (Pakistan) အဆင့် (၁၂)၊ အီဂျစ် (Egypt) အဆင့် (၁၄)၊ အင်ဒိုနီးရှား (Indonesia) အဆင့် (၁၅) နှင့် အီရန် (Iran) အဆင့် (၁၆) အသီးသီး ဖြစ်ကြသည်။

စစ်အင်အားအကြီးဆုံး နိုင်ငံ (၂၀) မှာ အောက်ပါအတိုင်း ဖြစ်သည်။

၁။ အမေရိကန် (USA)

၂။ ရုရှား (Russia)

၃။ တရုတ် (China)

၎။ အိန္ဒိယ (India)

၅။ ဗြိတိန် (Britain)

၆။ ပြင်သစ် (France)

၇။ ဂျာမနီ (Germany)

၈။ တောင်ကိုးရီးယား (South Korea)

၉။ အီတလီ (Italy)

၁၀။ ဘရာဇီး (Brazil)

၁၁။ တူရကီ (Turkey)

၁၂။ ပါကစ္စတန် (Pakistan)

၁၃။ အစ္စရေး (Israel)

၁၄။ အီဂျစ် (Egypt)

၁၅။ အင်ဒိုနီးရှား (Indonesia)

၁၆။ အီရန် (Iran)

၁၇။ ဂျပန် (Japan)

၁၈။ ထိုင်ဝမ် (Taiwan)

၁၉။ ကနေဒါ (Canada)

၂၀။ ထိုင်း (Thailand)

အခြား မွတ်စလင်နိုင်ငံများမှာ

- ဆော်ဒီအာရေဗျ (Saudi Arabia) အဆင့် (၂၇)၊

- မလေးရှား (Malaysia) အဆင့် (၃၃)၊

- နိုင်ဂျီးရီးယား (Nigeria) အဆင့် (၃၆)၊

- အလ်ဂျီးရီးယား (Algeria) အဆင့် (၃၈)၊

- ဆီးရီးယား (Syria) အဆင့် (၃၉)၊

- ယီမင် (Yemen) အဆင့် (၄၃)၊

- အာဖဂန်နစ္စတန် (Afghanistan) အဆင့် (၄၈)၊

- ဂျော်ဒန် (Jordan) အဆင့် (၅၆)၊

- ယူအေအီး (UAE) အဆင့် (၅၇)၊

- အီရတ် (Iraq) အဆင့် (၅၈)၊

- လစ်ဗျား (Libya) အဆင့် (၅၉)၊

- ကူဝိတ် (Kuwait) အဆင့် (၆၃)၊

- ကာတာ (Qatar) အဆင့် (၆၅)၊

- လက်ဘနွန် (Lebanon) အဆင့် (၆၆)။

လင်းယုန်နက် (ခြင်္သေ့မြို့တော်)

ကိုးကား – GFP

ref :http://myanmarmuslimsvoice.com/archives/8534

No comments:

Post a Comment