Pages - Menu

Monday, September 2, 2013

အမျိုးသမီးများအပေါ် အကာအကွယ် ပေးမည့် ဥပဒေတစ်ရပ် ဆော်ဒီပြဒါန်း





ဆော်ဒီအာရေဗျနိုင်ငံ (Saudi Arabia) မှာ အမျိုးသမီးတွေ အပေါ် စိတ်ပိုင်းဆိုင်ရာ/ ရုပ်ပိုင်းဆိုင်ရာ နှောက်ယှက်မှုတွေကို ပြင်းထန်စွာ အရေးယူနိုင်မဲ့ ဥပဒေတစ်ရပ်ကို လွှတ်တော်က အတည်ပြုပေးလိုက်ပြီ ဖြစ်ကြောင်း သိရှိရပါတယ်။ ဆော်ဒီအာရေဗျနိုင်ငံရဲ့ လူ့အခွင့်အရေးကြိုးပမ်းသူတွေရဲ့ တောင်းဆိုချက်တွေပေါ် အခြေပြုပြီး ဥပဒေပြု အာဏာပိုင်တွေက ယခုလို အတည်ပြု ပေးခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။


ယခုပြဒါန်းလိုက်တဲ့ ဥပဒေဟာ အမျိုးသမီးတွေ အပေါ် ကိုယ်ထိလက်ရောက် ကျူးလွန်မှုသာမက စိတ်ပိုင်းဆိုင်ရာ ထိခိုက်အောင် ပြုလုပ်ရင်တောင် အရေးယူနိုင်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ကျူးလွန်ခံရတဲ့ အမျိုးသမီးတွေအတွက် ဆေးဝါးကုသမှု အကူအညီတွေပါ သတ်မှတ်ပြဒါန်းပေးထားတယ်လို့ ဆိုပါတယ်။ အပြစ်ကျူးလွန်သူတွေဟာ ပြစ်ဒါဏ်အလျောက် အမေရိကန်ဒေါ်လာ (၁၃၀၀) ကျော်ကနေ (၁၃,၀၀၀) ကျော်အထိ ဒါဏ်ရိုက်ခံရဖွယ် ရှိကြောင်း ဖော်ပြထားပါတယ်။


အမျိုးသမီးအခွင့်အရေး ဆုံးရှုံးမှုတွေ ရှိနေတယ်လို့ ဆော်ဒီနိုင်ငံရဲ့ လူ့အခွင့်အရေး လှုပ်ရှားသူတွေက ထောက်ပြတောင်းဆိုမှုတွေ ပြုလုပ်လာပြီး ချက်ချင်းဆိုသလို ဆော်ဒီလွှတ်တော်မှာ အဆိုတင်သွင်းပြီး အတည်ပြုခဲ့တာ ဖြစ်ပါတယ်။ ဆော်ဒီနိုင်ငံရဲ့ လူ့အခွင့်အရေး ဆောင်ရွက်တဲ့ National Society for Human Rights အဖွဲ့ ခေါင်းဆောင်ဖြစ်သူ Mufleh Qahtani က
“ဒီဥပဒေပြဒါန်းနိုင်ခြင်းဟာ နိုင်ငံအတွင်း လူ့အခွင့်အရေးကဏ္ဍရဲ့ ပြောင်းလဲမှုတစ်ရပ်ပါ၊ အမျိုးသမီးတွေကို အကာအကွယ် ပိုမိုပေးအပ်နိုင်ရေး အပါအဝင်ပေါ့” လို့ ပြောဆိုလိုက်ပါတယ်။


လူ့အခွင့်အရေး လှုပ်ရှားသူတစ်ဦးဖြစ်တဲ့ Jaafar Shaieb ကလည်း “ဒါဟာ ပြောင်းလဲမှု ခြေလှမ်းတစ်ခုပါ၊ ဆော်ဒီအမျိုးသမီးတွေ သာမက အိမ်ဖော်အနေနဲ့ နိုင်ငံအတွင်း လာရောက် အလုပ်လုပ်ကိုင်သူ အမျိုးသမီးတွေကိုပါ အကာအကွယ်ပေးမှာ ဖြစ်ပါတယ်” လို့ ဆိုပါတယ်။ အချို့ကတော့ ဒီဥပဒေရဲ့ ထိရောက်မှုနဲ့ လက်တွေ့ကျင့်သုံးနိုင်မှု အပေါ် သံသယတွေ ရှိနေသော်လည်း
ဆော်ဒီနိုင်ငံရဲ့ လူမှုရေးရာဝန်ကြီးကတော့ ဥပဒေကို လက်တွေ့အကောင်အထည်ဖော်မဲ့ လုပ်ငန်းစဉ်၊ နည်းနာတွေကို အမြန်ဆုံး ချမှတ် ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။


ကိုးကား –myanmarmuslimsvoice

No comments:

Post a Comment