Pages - Menu

Wednesday, September 4, 2013

အယ်လ်ဂျီးရီးယားက တပ်ဖွဲ့ဝင် ၁၂,ဝဝဝ ကို တူနီးရှား နယ်စပ်တွင် တပ်ဖြန့်ချထား


အယ်လ်ဂျီးရီးယားက တပ်ဖွဲ့ဝင် ၁၂,ဝဝဝ ကို တူနီးရှား နယ်စပ်တွင် တပ်ဖြန့်ချထား

အယ်လ်ဂျီးရီးယား နိုင်ငံသည် တူနီးရှားနိုင်ငံနှင့် ထိစပ်နေသည့် နယ်စပ်မျဉ်း အားထိန်းချုပ်နိုင်ရေး အတွက် ၎င်း၏တပ်ဖွဲ့ဝင် ၁၂,ဝဝဝ ခန့်ကို တပ်ဖြန့်ချထားခဲ့ကြောင်း စက်တင်ဘာ ၂ ရက်
အင်တာနက် သတင်းတစ်ရပ်အရ သိရသည်။
တူနီးရှားနိုင်ငံသည် အဆိုပါနယ်စပ်မျဉ်းတွင် အကြမ်းဖက် သမားများကို နှိမ်နင်းရန်အတွက် စစ်ဆေးရေးဂိတ်နှင့် တပ်စခန်းပေါင်း ၆ဝ ခန့်တည်ဆောက် ခဲ့သည့်အတွက် အယ်လ်ဂျီးရီးယား နိုင်ငံက လည်း လွန်ခဲ့သည့် လေးလခန့်မှစ၍ ၎င်းနယ်စပ် မျဉ်းတစ်လျှောက်ရှိ တပ်ဖွဲ့ အင်အားကို တိုးမြှင့်တပ်ဖြန့် ချထားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ အယ်လ်ဂျီးရီးယား နယ်စပ်အနီး Chaambi တောင်ရှိ အကြမ်းဖက်သမားများက တူနီးရှား သောင်းကျန်းသူ တန်ပြန် တိုက်ဖျက်ရေး တပ်ဖွဲ့မှ တပ်ဖွဲ့ဝင် ရှစ်ဦးကို ဇူလိုင် ၂၉ ရက်က   သတ်ဖြတ်ခဲ့ပြီး အချိန်မှစ၍ တူနီးရှားနိုင်ငံသည် အဆိုပါ အကြမ်းဖက် သမားများအား တိုက်ခိုက်နှိမ်နင်းရေး အတွက် အကြီးစား စစ်ဆင်ရေးတစ်ရပ် ပြုလုပ်ခဲ့ကြောင်း သိရသည်။
 အယ်လ်ဂျီးရီးယားနှင့် တူနီးရှားနိုင်ငံ တို့အနေဖြင့် နှစ်နိုင်ငံအကြား လုံခြုံရေး ဆိုင်ရာ   ပူးပေါင်း ဆောင်ရွက်ရေးကို အပြန်အလှန် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ကြပြီး အကြမ်းဖက်သမားများ ကို နှိမ်နင်းရေးအတွက် တူနီးရှား နိုင်ငံကို အကူအညီပေးရန် အယ်လ်ဂျီးရီးယား နိုင်ငံက ကတိပြုခဲ့ကြောင်း အယ်လ်ဂျီးရီးယား နိုင်ငံခြားရေး ဝန်ကြီး Mourad Medelci က သြဂုတ်လတွင် ထုတ်ဖော် ပြောကြားခဲ့သည်။
ထို့ကြောင့် အဆိုပါ အကြမ်းဖက် သမားများကို နှိမ်နင်းရေးအတွက် အယ်လ်ဂျီးရီးယား-တူနီးရှား ပူးပေါင်း တပ်ဖွဲ့များကို   နှစ်နိုင်ငံနယ်စပ်တွင် တပ်ဖြန့် ချထားခဲ့ခြင်း ဖြစ်ကြောင်း သိရ သည်။ အယ်လ်ဂျီးရီးယား တပ်ဖွဲ့များသည် အဆိုပါ နယ်စပ်မျဉ်း တစ်လျှောက်ရှိ  ကြမ်းတမ်းသော ဒေသများ၊  အထူး သဖြင့် Tebessa ၊ Souk Ahras နှင့် hf El Qued ပြည်နယ်တို့ရှိ အရှေ့ဖျား ဒေသများတွင်   တာဝန်ထမ်းဆောင်လျက် ရှိကြောင်း သိရသည်။         

No comments:

Post a Comment