Pages - Menu

Wednesday, September 4, 2013

နိုင်ငံတော် သမ္မတ ဦးသိန်းစိန် နေပြည်တော် သို့ ပြန် လည် ရောက် ရှိ

နေပြည်တော် စက်တင်ဘာ ၃
ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်သည် ယနေ့ မွန်းလွဲပိုင်းတွင် နန်နင်းမြို့ရှိ ခေတ္တ တည်းခိုသည့်  လိယွမ် ဧည့်ဂေဟာမှ မော်တော်ယာဉ်များဖြင့် ထွက်ခွာလာရာ နန်နင်း အပြည်ပြည် ဆိုင်ရာ လေဆိပ်သို့  ဒေသ စံတော်ချိန် မွန်းလွဲ ၂နာရီ ၄၅ မိနစ်တွင် ရောက်ရှိ သည်။
နိုင်ငံတော် သမ္မတနှင့် အဖွဲ့ဝင်များအား တရုတ် ကွန်မြူနစ် ပါတီ ကွမ်ရှီး ပြည်သူ့ ကွန်ဂရက် ဒုတိယ ဥက္ကဋ္ဌ Mr. Qin Ruixiang နှင့် တာဝန်ရှိသူများ၊ တရုတ်နိုင်ငံ ဆိုင်ရာ မြန်မာနိုင်ငံ သံအမတ်ကြီးနှင့် နန်နင်းမြို့ မြန်မာ ကောင် စစ်ဝန် ချုပ်ရုံးမှ ဝန်ထမ်းနှင့် မိသားစုများက နန်နင်း အပြည်ပြည် ဆိုင်ရာ လေဆိပ်၌ ပို့ဆောင် နှုတ်ဆက်ကြသည်။
ထို့နောက် နိုင်ငံတော် သမ္မတ နှင့်အဖွဲ့သည် အပြည်ပြည် ဆိုင်ရာ မြန်မာလေကြောင်း အထူး လေယာဉ်ဖြင့် ပြန်လည် ထွက်ခွာပြီး ညနေပိုင်းတွင် နေပြည်တော်သို့ ရောက်ရှိကြရာ ဒုတိယ သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းနှင့် ဦးဥာဏ်ထွန်း၊ ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ် (ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ပြည်ထောင်စု ဝန်ကြီးများနှင့် တာဝန် ရှိသူများက လေဆိပ်၌ ကြိုဆို နှုတ်ဆက်ကြသည်။

No comments:

Post a Comment