Pages - Menu

Wednesday, September 4, 2013

ရုရှားတွင် ရေလွှမ်းမိုးမှု ဒဏ်သင့် ပြည်သူများကို ကယ်ဆယ်မှု ပြုလုပ်ရန် ထပ်မံ လိုအပ်နေ


ရုရှားနိုင်ငံ အရှေ့ပိုင်းတွင် ရေလွှမ်းမိုးမှုမှာ ဆက်လက် မြင့်တက်လျက် ရှိသောကြောင့် အဆိုပါ ဒေသရှိ ရေလွှမ်းမိုးမှု ဒဏ်သင့် ပြည်သူ ၃၆ဝဝဝအား ကယ်ဆယ်မှုများ ပြုလုပ်ပေးရန် လိုအပ်နေကြောင်း ရုရှားလက်ထောက် ဝန်ကြီးချုပ် ယူရီထရတ်နဗ်က ပြောကြားခဲ့သည်။
ရုရှားနိုင်ငံ အရှေ့ပိုင်းရှိ အာမာ မြစ်ရေကြီးမှုကြောင့် အဆိုပါ ဒေသတွင် ရေလွှမ်းမိုးမှု ဖြစ်ပွားခဲ့ပြီး ဒေသခံ ပြည်သူ ၉၈၈ဝဝမှာ ရေလွှမ်းမိုးမှုဒဏ် ခံစားခဲ့ရကာ ၄င်းတို့အနက် ပြည်သူ ၁၆ဝဝဝအား ကယ်ဆယ်ပေးပြီး ဖြစ်ကြောင်း ဝန်ကြီးချုပ် ဒီမီထရီ မက်ဗီဒဗ်နှင့် ပြုလုပ်သည့် အစည်းအဝေးတွင် ထရတ် နဗ်က ပြောကြားခဲ့သည်။ ထို့အပြင် အဆိုပါ ရေလွှမ်းမိုးမှုသည် နိုင်ငံ၏ သမိုင်းဝင် ရေလွှမ်းမိုးမှု တစ်ခုလည်းဖြစ်ကြောင်း ၄င်းက ထပ်လောင်း ပြောကြားခဲ့သည်။ ယခုလက်ရှိတွင် အာမာ မြစ်ပေါ်ရှိ ကွမ်ဆို မောလ်စ်က်မြို့သည် ၄င်းမြို့၏ စိုးရိမ် ရေမှတ်ဖြစ်သည့် ၈၂ဝစင်တီမီတာ ကို ကျော်လွန်လျက် ရှိကြောင်း သိရသည်။

No comments:

Post a Comment