Pages - Menu

Friday, September 27, 2013

ပင်လယ် သမုဒ္ဒရာ အလား ထင်မှား လောက် တဲ့ ရေကူးကန်








ချီလီ နိုင်ငံ က ရေကူးကန် ကြီးတခု ဟာ ကမ္ဘာ့ အကြီးဆုံး နဲ့ အနက်ဆုံး ရေကူးကန် ကြီး အဖြစ် ဂင်းနစ် စံချိန် တင်ခဲ့ ပါတယ်။ ချီလီ နိုင်ငံ၊ Algarrobo မြို့က ပစ္ဆိဖိတ် ကမ်းခြေမှာ တည် ဆောက် ထား တဲ့ San Alfonso del Mar အမည်ရ ရေကူး ကန်ကြီး ဟာ ပင်လယ်၊ သမုဒ္ဒရာလား ထင်မှတ်မှား နိုင်ပါတယ်။ ရွက်လှေ တွေ၊ မော်တော် ဘုတ် တွေ စီးပြီး အနားယူ အပန်းဖြေ ဖို့ အတွက် တကယ့် ကို ပင်လယ် သမုဒ္ဒရာ လို ခံစား ရနိုင် ပါတယ် တဲ့။

ရေ ဂါလန် ပေါင်း ၆၆ သန်း ဖြည့်သွင်း ရတဲ့ ဒီ ရေကူး ကန်ကြီး ဟာ ပစ္ဆိဖိတ် သမုဒ္ဒရာ ထဲက ရေတွေ ကို သန့်စင် သွင်း ထုတ် ဖို့ ကွန်ပျူတာ စနစ်တွေ သုံးပြီး စီမံ ထားတာ ဖြစ်သလို ဒီ ရေကူး ကန်ကြီး ကို ၅ နှစ်တာ အချိန်ယူ တည်ဆောက် ခဲ့ပြီး ကုန်ကျ စာရိတ် ကတော့ အမေရိကန် ဒေါ်လာ ၁.၅ ဘီလျံ တောင် ရှိခဲ့ပါတယ်။ ဧက ၂၀ ကျယ်ဝန်း တဲ့ ရေကူး ကန်ကြီး ဟာ အိုလံပစ် ရေကူးကန် ပေါင်း ၂၀ ပေါင်း လိုက်တာ နဲ့ ညီမျှပြီး အနက်ဆုံး နေရာ က ၁၁၅ ပေ ရှိပါတယ်။ တနှစ် ကို ထိမ်းသိမ်း ပြုပြင် စရိတ်က အမေရိကန် ဒေါ်လာ ၂.၇ သန်း လောက် ကုန် ပါတယ် တဲ့။ တကယ့် အံ့ဘွယ် ရေးကူး ကန်ကြီး တခု ဖြစ်ပါတယ်။




The Greenwich Diva

No comments:

Post a Comment