
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ကမ္ဘာတ၀ှန်းသေဆုံးမှုအများဆုံး အကြောင်းရင်းများကို ထုတ်ပြန် လိုက်ပြီဖြစ်ရာ အဆုတ်ကင်ဆာနှင့် ဆီးချိုသွေးချိုရောဂါတို့မှာ ယခင်နှစ် ကိန်းဂဏန်းများနှင့် နှိုင်းယှဉ်ကြည့် လျှင် သေဆုံးမှုနှုန်းပိုမိုမြင့်တက်လာ သည်ကို တွေ့ရသည်။
နှလုံးသွေးကြောရောဂါ၊ ကင်ဆာ၊ သူငယ်ပြန်မေ့လျော့ဝေဒနာ၊ အဆုတ် ရောဂါများမှာ တစ်ဦးချင်းဝင်ငွေ မြင့်မားသည့်နိုင်ငံများတွင် ပိုမို ဖြစ် ပွားသည်ကိုတွေ့ရပြီး ၀င်ငွေနည်း သည့်နိုင်ငံများ၌မူ အသက်ရှူလမ်း ကြောင်း ကူးစက်ရောဂါ HIV/AIDS၊ ၀မ်းပျက်ဝမ်းလျှော၊ ငှက် ဖျား၊ တီဘီရောဂါတို့အဖြစ်များလေ့ ရှိသည်။
အရွယ်ရောက်ပြီးသူဆယ်ဦးလျှင် တစ်ဦး ဆေးလိပ်သောက်ခြင်းကြောင့် သေဆုံးရလျက်ရှိပြီး အခြားရောဂါ မျိုးစုံသည်လည်း ဆေးလိပ်သောက် ခြင်းနှင့် ဆက်နွယ်မှုကြီးမားလာ သည်ဟု WHO အစီရင်ခံစာတွင် ဖော်ပြထားသည်။ WHO ၏အစီရင် ခံစာတွင်ဖော်ပြထားသည့် သေဆုံးမှု အများဆုံးရောဂါများမှာ
(၁) နှလုံးရောဂါ
(၂) လေဖြတ်ဝေဒနာ
(၃) အသက်ရှူလမ်းကြောင်း ကူးစက် ရောဂါ
(၄) နာတာရှည်လေပြွန်ကျဉ်းရောဂါ
(၅) ၀မ်းပျက်ဝမ်းလျှောရောဂါ
(၆) HIV/AIDS
(၇) လေပြွန်ကင်ဆာ၊ အဆုတ်ကင် ဆာ
(၈) ဆီးချို၊သွေးချိုရောဂါ
(၉) ယာဉ်မတော်တဆမှု
(၁၀) လမစေ့ဘဲ မွေးဖွားခြင်း စသည် တို့ဖြစ်ကြသည်။
သီဟ
Source:WHO
Health Updates Journal
No comments:
Post a Comment