Pages - Menu

Monday, September 2, 2013

အမျိုးသမီးငယ်များ ကိုယ်ဝန်ပျက်ကျမှု များလာသဖြင့် သုတေသနပြုလုပ်သင့်ပြီဟုဆို

အမျိုး သမီးငယ်များ ကိုယ်ဝန်ပျက်ကျ မှုများပြားလာသဖြင့် သုတေသန ပြုလုပ်သင့်ပြီဖြစ်ကြောင်း MA- RIE STOPES INTERN- ATIONAL မှ Country Director ဒေါက်တာစစ်နိုင်က အကြံ ပြုပြောကြားလိုက်သည်။အမျိုးသမီးငယ်များအတွင်း ကိုယ်ဝန်ပျက်ကျမှုများပြားလာရ ခြင်းမှာမိဘနှင့် အုပ်ထိန်းသူများ က အမျိုးသမီးငယ်များအား အ သိပေးသင့်သည့်အကြောင်း အ ရာများကိုအသိမပေးခြင်းနှင့် တစ် ချက်လွှတ်အမိန့်ပေးခြင်းများ ကြောင့် ပိုမိုဖြစ်ပွားလာရခြင်းဖြစ် ကြောင်း သိရသည်။

''အမျိုးသမီးတွေဟာ အ ကြောင်းကြောင်းကြောင့် သူတို့ လိုချင်တာကို လိုက်ရင်းနဲ့ မလိုချင် တာကို ရကြတယ်။ အဲဒီအခါမှာ မကိုင်တွယ်မဖြေရှင်းတတ်တာတွေ ရှိတယ်။ လူငယ်အမျိုးသမီးတွေ မှာ ကိုယ်ဝန်ပျက်ကျတာအဖြစ် များလာတာက အထူးသဖြင့် သိ သင့်တာတွေကို ပေးမသိဘဲ မျက် စိပိတ်ထားလိုက်တာကြောင့်ပဲ။အဲဒီဒဏ်ကိုခံနေရတာပဲ။ ဘယ် သူတွေမှာ ဘယ်လောက်ထိခိုက် နေပြီလဲနဲ့ ဘယ်လိုလုပ်ဖို့လိုအပ် သလဲဆိုတာကိုသိဖို့အတွက် သု တေသနပြုလုပ်ဖို့လိုနေပါပြီ''ဟု ဒေါက်တာစစ်နိုင်က ပြောသည်။

ထို့ပြင် လူငယ်အမျိုးသမီး များ ယင်းကဲ့သို့ဖြစ်ပွား
ရခြင်း တွင် စိတ်ဓာတ်ကျနေသောကြောင့် ဖြစ်ချင်ရာဖြစ်ဟု ထင်ရာစိုင်းမိ ခြင်းနှင့် စိတ်ဓာတ်မကျသောသူ များတွင်မူ အစစအရာရာအောင် မြင်နေသည့်အတွက် မိမိတွင်အ ဆိုးမဖြစ်နိုင်ဟု ပေါ့ပေါ့ဆဆနေ မိခြင်းဟူ၍ အပိုင်းနှစ်ပိုင်းလုံးနှင့် ပတ်သက်မှုရှိကြောင်းလည်း သိ ရသည်။

''လူကြီးမိဘတွေ၊ ဆရာ၊ ဆရာမတွေက လူငယ်တွေကိုနေ ရာပေးပြီး ဆက်ဆံဖို့လိုတယ်။လူငယ်တွေကနေ ဘာတွေတင် ပြလာလာ၊ ဘာတွေပဲဖြစ်ဖြစ် ပယ်ချတာတွေ၊ ဆူပူတာတွေမ လုပ်ဘဲ နေရာပေးဖို့လိုတယ်။ မိ ဘတွေအနေနဲ့ ဒေါက်ထောက် ကြည့်နေတာမျိုးမလုပ်ရဘူး။တစေ့တစောင်းပဲ ကြည့်ရမယ်။သူတို့မှာဖြစ်လာနိုင်တဲ့ အန္တရာယ် တွေကိုသူတို့ အမြော်အမြင်ရှိလာ တဲ့အချိန်အထိ သူတို့ကိုယ်သူ တို့ ကျေကျေနပ်နပ်ကာကွယ်အောင် လုပ်ရမယ်''ဟု ယင်းကဆက်လက် အကြံပြုပြောကြားသည်။


နွေဦးလင်း ၊သြဂုတ်(၃၁) ရန်ကုန်တိုင်းနေ့စဉ်သတင်းစာ
Yangon Media Group 

No comments:

Post a Comment