Pages - Menu

Wednesday, September 4, 2013

တရုတ် အထပ်မြင့်တိုက်ခေါင်းမိုးပေါ်မှငှက်လှောင်အိမ်များကို အပြတ် ရှင်းမည်




Wednesday, September 4, 2013

တရုတ်နိုင်ငံ၌ အထပ်မြင့် အဆောက်အအုံများထိပ်၌ စတီး သံချောင်းကြီး
များဖြင့် အကွက် ဖော်ဆောက်လုပ်ထားသော'ငှက် လှောင်အိမ်'များအား ဖျက်သိမ်း ပေးရန် အမိန့်ထုတ်ထားပြီးဖြစ် ကြောင်း အစိုးရသတင်းမီဒီယာ များတွင် ဖော်ပြခဲ့သည်။

နောက်ဆုံးပေါ် ခေါင်မိုး ထိပ်မှ ဗိသုကာလက်ရာများမှာ တရုတ်နိုင်ငံ၏ အူကြောင်ကြောင် နိုင်သော လုပ်ရပ်တစ်ခုဟုဆိုသည်။

တောင်ပိုင်းမြို့တော် ဂွန်ကျိုမြို့ရှိ လေးထပ်အဆောက်အအုံထိပ်၌ ရစ်ပတ်တည်ဆောက်ကာ ချိတ် ကြီးတစ်ခုအား မိုးပေါ်ထောင်၍ အဆုံးသတ်ထားသည်။ နောက်ထပ် ၍ ကျောက်သားများဖြင့် နံရံ တည်ဆောက်ကြမည်ဖြစ်သည်။ ဘန်တန်ခရိုင် ဒေသဆိုင်ရာတာ ဝန်ရှိသူများက အဆိုပါခေါင်မိုး ထိပ်မှ အဆောက်အအုံများကို ဖျက်သိမ်းရန် အမိန့်ပေးထား ကြောင်း နန်ဖန်နေ့စဉ်သတင်းစာတွင် ဖော်ပြခဲ့သည်။

'အဆိုပါအဆောက်အအုံ များမှာ သုံးထပ်သာခွင့်ပြုထား ကြောင်း၊ အိမ်နီးနားချင်းများက အပေါ်မှ ကျောက်တုံးများပြိုကျ၍ ပိမိမည်ကို စိုးရိမ်နေကြကြောင်း' သတင်းစာကဖော်ပြသည်။

ငှက်လှောင်အိမ်မှာ တရုတ် ပြည်၌ လူကြိုက်များသော ဝါသနာ
တစ်ခုဖြစ်နေသည်။ အထူး သဖြင့် အသက်ကြီးပိုင်းပုဂ္ဂိုလ်များ အတွင်းဖြစ်ပေါ်နေသည့်ဝါသနာ ဟု သိရသည်။

Yangon Media Group

No comments:

Post a Comment