Pages - Menu

Wednesday, September 4, 2013

ဖူကူရှီးမား စက်ရုံ၏ ရေဒီယို သတ်္တိကြွ ယိုစိမ့်မှု ထိန်းချုပ်ရန် ဒေါ်လာ ၄၀၂ သန်းကျော် အသုံးပြုမည်


ဂျပန် အစိုးရသည် ဖူကူရှီးမား ဒိုင်အိချီ နျူကလီးယား ဓာတ်ပေါင်းဖိုမှ ရေဒီယို သတ်္တိကြွ အရည်များ ယိုစိမ့်မှုကို ထိန်းချုပ်ရန် အတွက် အနည်းဆုံး အမေရိကန် ဒေါ်လာ  ၄၀၂ ဒသမ ၆၀ သန်းခန့် အသုံးပြုသွားရန် စီစဉ်ထားကြောင်း အစိုးရ၏ ထုတ်ဖော် ပြောကြားချက်ကို ကိုးကား၍ Nikkei သတင်းစာက ဖော်ပြခဲ့သည်။
နျူကလီးယား ဓာတ်ပေါင်းဖိုမှ ယိုစိမ့်သော ရေဒီယို သတ်္တိကြွ ပစ္စည်းနှင့် မြေအောက်ရေတို့  ရောစပ်မှု မရှိစေရန် အတွက် ဓာတ်ပေါင်းဖို ၀န်းကျင်ရှိ မြေဆီလွှာကို အေးခဲစေရန် လုပ်ဆောင်ရာတွင် ကုန်ကျမည့် စရိတ်အားလုံးကို လုံလုံလောက်လောက် အသုံးပြုသွား မည်ဟု အစိုးရက ရည်ရွယ်ထားကြောင်း သိရသည်။
အဆိုပါ ကိစ္စရပ်များကို လုပ်ဆောင်ရန် အတွက် စုစုပေါင်း ကုန်ကျစရိတ်၏ ထက်ဝက်ကို ဂျပန်နိုင်ငံ၏ ခန့်မှန်းခြေရသုံး ငွေစာရင်း၏ အရေးပေါ် ရန်ပုံငွေမှ ထုတ်ယူ သုံးစွဲရန် မျှော်လင့် ထားပြီး ၎င်းအစီအစဉ်ကို ယခု ဘဏ္ဍာရေး နှစ်တွင် စတင်သွားမည် ဖြစ်သည်။
အလားတူ ဂျပန် အစိုးရသည် ၂၀၁၁ ခုနှစ်တွင် လှုပ်ခတ်ခဲ့သော ငလျင်ကြောင့် ပျက်စီး သွားခဲ့သည့် တိုကျိုလျှပ်စစ် ဓာတ်အားပေး စက်ရုံ ကိစ္စရပ် ကိုလည်း ကိုင်တွယ်ဖြေရှင်း သွားမည်ဖြစ်ကြောင်း သိရသည်။



No comments:

Post a Comment