Pages - Menu

Monday, September 16, 2013

အင်ဒိုနီးရှားတွင် Google Street View မော်တော်ကား ယာဉ်တိုက်မှုဖြစ်


ပြီးခဲ့သည့် သီတင်းပတ်က အင်ဒိုရှိ ဘိုဂါမြို့တွင် Google Street View မော်တော်ကား တစ်စင်းသည် ဘတ်စ်ကား နှစ်စင်းနှင့် ထရပ်ကား တစ်စင်းကို ဝင်တိုက်ခဲ့ကြောင်း တာဝန်ရှိသူများက ဆိုသည်။




Google၏ မြေပုံစနစ်ကို ထောက်ပံ့ပေးသည့် အချက်အလက်များ စုဆောင်းပေးသော Google Street View မော်တော်ကား တစ်စင်းသည် အင်ဒိုနီးရှားတွင် ယာဉ်တိုက်မှုများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် သီတင်းပတ်က အင်ဒိုရှိ ဘိုဂါမြို့တွင် Google Street View မော်တော်ကား တစ်စင်းသည် ဘတ်စ်ကား နှစ်စင်းနှင့် ထရပ်ကား တစ်စင်းကို ဝင်တိုက်ခဲ့ကြောင်း တာဝန်ရှိသူများက ဆိုသည်။ ရဲများက ယင်းမော်တော်ကားသည် ဘတ်စ်ကားတစ်စင်းနှင့် လမ်းနေရာ ယှဉ်မောင်းရင်း ယင်းဘတ်စ်ကားကို ဝင်တိုက်ကာ ထိုမှတစ်ဆင့် အခြားဘတ်စ်ကား တစ်စင်းကိုပါ ဆင့်တိုက်ပြီး ထို့နောက်တွင်မူ ထရပ်ကားထံ ဦးတည်သွားခြင်းဟု ပြောကြားခဲ့သည်။ ယာဉ်တိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရသူ မည်မျှရှိကြောင်း ရှင်းရှင်းလင်းလင်း မသိရချေ။

Googleက အင်ဒိုတွင် မိမိတို့၏ လုပ်ငန်းထောက်ပံ့မှု မော်တော်ကားတစ်စင်း ယာဉ်တိုက်မှု ဖြစ်ပွားကြောင်း အတည်ပြုခဲ့သည်။ "ဒီလို မတော်တဆမှုမျိုးကို ကျွန်တော်တို့ အလေးအနက် သဘောထားပါတယ်။ ကျွန်တော်တို့ အနေနဲ့ ဒေသဆိုင်ရာ အရာရှိတွေနဲ့ ခုကိစ္စအတွက် ပူးပေါင်း ဆောင်ရွက်နေပါတယ်"ဟု Google၏ အင်ဒိုအခြေစိုက် ဆက်သွယ်ရေး နည်းပညာဌာန အကြီးအကဲ ဗစ်ရှ်နူမာမွတ်က ပြောကြားခဲ့သည်။ Googleသည် ၎င်းတို့၏ Street View ဝန်ဆောင်မှုအတွက် အင်ဒိုတွင် (၂၀၁၂)ခုနှစ်၊ နိုဝင်ဘာလ ကတည်းက မော်တော်ကားများ စေလွှတ်ကာ ဓာတ်ပုံများရိုက်ယူရင်း အချက်အလက်များ စုဆောင်းခဲ့သည်။ ယခုနှစ် အစောပိုင်းကလည်း ဘော့ဆွာနာတွင် Google Street View ကားတစ်စင်းက မြည်းတစ်ကောင်ကို ဖြတ်ကြိတ်သွားကြောင်း စွပ်စွဲမှုများ ထွက်ပေါ်ခဲ့သော်လည်း ထိုစဉ်ကမူ Googleက ငြင်းဆိုခဲ့သည်။


From:Planet Myanmar Network

No comments:

Post a Comment