Pages - Menu

Monday, September 2, 2013

KIA မှဖမ်းဆီးသွားသော ဒေသခံ အမျိုးသမီး (၂) ဦး ဆက်ကြေးငွေပေးဆောင် ၍ ပြန်လည်လွတ်မြောက်

စက်တင်ဘာလ ၂ ရက် ၂၀၁၃

      ၂၀၁၃ ခုနှစ် သြဂုတ် ၂၈ ရက်နေ့တွင် ကချင်လွတ်မြောက်ရေးတပ်မတော် KIA မှ အဖွဲ့တစ်ဖွဲ့၏ ဖမ်းဆီးခြင်း ခံရသော ကချင်ပြည်နယ် မန်စီမြို့နယ် ဟန်ထက်ကျေးရွာနေ ဒေသခံအမျိုးသမီး (၂) ဦးသည် ဆက်ကြေးငွေ ပေးဆောင်၍ သြဂုတ် ၃၁ ရက်နေ့ ညနေ ၅ နာရီခွဲခန့်တွင် နေအိမ်များသို့   ပြန်လည်ရောက် ရှိလာကြောင်း ယင်း ဒေသခံ ရွာသားများ...ထံမှ သိရသည်။

     “ ဟိုတစ်နေ့က မတင်နုနဲ့ မသန်းရီတို့ ရွာကို ပြန်ရောက်လာကြတာတွေ့ရပါ တယ်၊ ဒီရွာကနေ မိုင်းခေါင်ရွာဘက်ကို ဖမ်းခေါ်သွားပြီး ဂျေစွမ်းတိုက်နယ် ရုံးကို ရောက်ခဲ့တယ်လို့ ပြောပါတယ်၊ သူတို့ကို မူးယစ်ဆေးဝါးရောင်းချ ကျော်ဇော်မှုနဲ့ ဖမ်းတယ်လို့ အဲဒီ KIA ခေါင်းဆောင်တစ်ယောက်က ပြောတယ်လို့ သိရပါတယ် ” ဟု ဟန်ထက်ရွာသားတစ်ဦးက ပြောပြသည်။

    အဆိုပါ အမျိုးသမီး (၂) ဦးနှင့် ရင်းနှီးသော ရွာသားတစ်ဦးက “ သူတို့ကို မူးယစ်ဆေးဝါးရောင်း တယ်ဆိုပြီး ဖမ်းတာလို့ ဟိုရောက်မှ ပြောတယ်လေ၊ လက်ပူးလက်ကြပ်မမိဘဲနဲ့ ဖမ်းတာကတော့   ငွေလိုချင်တယ်ဆိုတာ ရှင်းနေ တာပဲ၊ သူတို့က ဒီရွာမှာ ရိုးရိုးသားသားဈေးရောင်းစားနေတာ တစ်ရွာလုံး သိနေတာပဲ ၊ ပိုက်ဆံ ငါးသောင်းစီကို ဆက်ကြေးငွေအဖြစ်ပေးခဲ့ရတယ်လို့ ပြောတယ်၊ အဲဒါ KIA အဖွဲ့က ဆက်ကြေးကောက်တာပဲ ပေါ့ ” ဟုပြောပြခဲ့ သည်။

    ကချင်လွတ်မြောက်ရေးတပ်မတော် KIA အဖွဲ့တစ်ဖွဲ့မှ အဆိုပါ ဒေသခံ အမျိုးသမီး (၂) ဦးအား ဂျေစွမ်းတိုက်နယ်ရုံးတွင် မူးယစ်ဆေးဝါး ကိစ္စနှင့် ပတ်သက်၍ ကျော်ဇော်မှုများ မရှိစေရေးနှင့် ပတ်သက်ဆက် နွယ်မှုများ မရှိစေရန် ဟုအကြောင်းပြကာ ၀န်ခံကတိ လက်မှတ်ရေးထိုး ခိုင်းခဲ့ကြောင်း၊ ဂျေစွမ်းတိုက်နယ်ရုံး အတွက် ရံပုံငွေအဖြစ် တစ်ဦးလျှင် (၅၀၀၀၀) ကျပ်စီ ထည့်ဝင်ခိုင်း ခဲ့ကြောင်း၊ ယခုကဲ့သို့ မူးယစ်ဆေးဝါးကို အကြောင်းပြကာ ဒေသခံအမျိုးသမီး (၂) ဦးအား ဖမ်းဆီးသွားပြီး   ငွေကြေးတောင်းယူမှုမှာ KIA အဖွဲ့အနေဖြင့် ဒေသခံပြည်သူများအပေါ် လိမ်လည်လှည့်ဖြားကာ ဆက်ကြေး ကောက်နေခြင်းသာဖြစ်ကြောင်း၊ ရိုးသားစွာ လုပ်ကိုင်စားသောက် နေကြ သော   ဒေသခံများအပေါ် KIA အဖွဲ့၏ အနိုင်ကျင့် လုပ်ရပ်များကို တရား ဥပဒေနှင့် အညီ ဖြေရှင်းဆောင် ရွက်ပေး ရန် လိုလားနေကြောင်း ယင်းဒေသခံ များ၏ ပြောပြချက်အရ သိရှိရပါသည်။

နော်တူးဇော်
ကချင်နေစဉ်သတင်း  

No comments:

Post a Comment