Pages - Menu

Monday, September 16, 2013

မူးယစ်ဆေးဝါး နှိမ်နင်းရာတွင် KNU/KNLA ပူးပေါင်းပါဝင်လို



ကရင်ပြည်နယ်အတွင်း မူးယစ်ဆေးဝါး ရောင်းချမှုနှင့် တရားမဝင် စီးပွားရှာနေသည့် အဖွဲ့အစည်းများကို နှိမ်နင်းမည်ဆိုပါက ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (ငြိမ်းချမ်းရေးကောင်စီ) က အစိုးရနှင့် ပူးပေါင်း ပါဝင်လိုကြောင်း ကရင်အမျိုးသား အစည်းအရုံး။ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNU/KNLA) စစ်ဗျူဟာမှူး ဗိုလ်မှူး ကြီး စောတိုက်ဂါးက ပြောကြားသည်။

“လူငယ်တွေ ပျက်စီးစေပြီး ဒေသဖွံ့ဖြိုးရေးကို နှောင့်နှေးစေတဲ့အတွက် ကျွန်တော်တို့ အဖွဲ့ကလူတွေ ပါရင်လည်း တရားဥပဒေအတိုင်း အရေးယူပါ။ ဌာနဆိုင်ရာက လူတွေလုပ် ရင်လည်း အဲဒီလူတွေကိုပါ အရေးယူပါ” ဟု၎င်းကဆိုသည်။

ထိုင်း-မြန်မာနယ်စပ်ရှိ မြဝတီမြို့ပေါ်တွင် စားသောက်ဆိုင် အမည်ခံ ပြီး လောင်း ကစား ရုံများ၊ နိုက်ကလပ်များ တစ်ရာဝန်းကျင်ခန့် ရှိကြောင်း၊ ယင်းမူးယစ်ဆေးဝါးနှင့် လောင်း ကစားရုံများတွင် ပါဝင်ပတ်သက်နေသူ အချို့မှာ KNU/KNLA မှ လူအချို့ ဖြစ်နေသည်ဟု ဆိုခြင်းကို လည်း ငြင်း ဆိုထားပြီး တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အ စည်းများမှ ပါဝင်မှုများ ရှိနေပါကလည်း မည်သူမဆို ထိရောက် စွာ နှိမ်နင်းသွား သင့်ကြောင်း စစ်ဗျူဟာမှူး ဗိုလ်မှူးကြီးတိုက်ဂါး က ပြောကြား သည်။

ထို့ပြင် လောင်းကစားရုံများမှ နောက်ဆက်တွဲ ရာဇဝတ်မူများ မကြာ ခဏ ဖြစ်ပွားလျက် ရှိနေသည်ကို တွေ့ရကြောင်း၊ ယင်းသို့အစိုးရနင့် ကရင် လက်နက်ကိုင် အဖွဲ့အစည်းများ ဖြစ်သည့် KNU၊ ကရင် အမျိုးသား အစည်း ရုံး။ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်၊ တိုးတက်သော ဗုဒ္ဓဘာ သာအကျိုးပြု ကရင့်တပ်မတော်(DKBA)၊ နယ်ခြားစောင့်တပ် (BGF) တို့ပူးပေါင်း၍ ၂၀၁၅ ခုနှစ်တွင် ကရင်ပြည်နယ် အတွင်းနှင့် ထိုင်း-မြန်မာ နယ်စပ်မြို့များတွင် မူးယစ်ဆေးဝါး၊ လောင်းကစားနှင့် ဒုစရိုက်လုပ်ငန်းများ ပပျောက်အောင် လုပ်ဆောင်သွားမည် ဖြစ်ကြောင်းလည်း ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (ငြိမ်းချမ်းရေးကောင်စီ) ထံမှ သိရသည်။

The Voice Weekly

No comments:

Post a Comment