Pages - Menu

Tuesday, October 15, 2013

စင်ကာပူ ဒိုင်မန်းရှင်း ကောလိပ်က ပညာသင်ထောက်ပံ့ကြေးပေးမည်





Written by ဟေမာန်ညီညီ

စင်ကာပူရှိဒိုင်မန်းရှင်း အင်တာနေရှင်နယ်ကောလိပ်မှ မြန်မာကျောင်းသူ၊ ကျောင်းသားတွေအတွက် ပညာသင်ထောက်ပံ့ကြေးနဲ့ ပညာသင်ဆုပေးအပ်မယ့် အစီအစဉ်ရှိပါတယ်။
မြန်မာနိုင်ငံမှ ဘွဲ့ဒီဂရီတစ်ခုခုရရှိထားသူတွေဟာ ဟိုတယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဘွဲ့လွန်ဒီပလိုမာကို စာတွေ့လက်တွေ့ပုံစံနဲ့ ပညာသင်ထောက်ပံ့ကြေးဖြင့် တက်ရောက်နိုင်မှာဖြစ်တယ်။ ပညာသင် ထောက်ပံ့ကြေးကို မြန်မာနိုင်ငံမှကျောင်းသူ၊ ကျောင်းသားတွေကိုသာ ပေးအပ်သွားမှာဖြစ်ပြီး ထောက်ပံ့ကြေးအနေနဲ့ ကျောင်းစရိတ်မှ စင်ကာပူဒေါ်လာ ၃၀၀၀ ကို လျှော့ချလက်ခံပေးသွားမှာ ဖြစ်ပါတယ်။
ဒိုင်မန်းရှင်းအင်တာနေရှင်နယ်ကောလိပ်မှ ဘာသာရပ်အချို့နဲ့ ပတ်သက်ပြီး ပညာသင်ဆုနဲ့ပညာသင် ထောက်ပံ့ကြေးပေးအပ်မယ့် ဘာသာရပ်တွေက ယူကေ City & Guilds ကစီးပွားရေး၊ ငွေကြေးနဲ့ စာရင်းကိုင်၊ ဟိုတယ်နဲ့ ခရီး၊ အစားအသောက် ပြင်ဆင်ခြင်းနဲ့ ဟင်းလျာအနုပညာစတဲ့ ဒီပလိုမာဘာ သာရပ်တွေကို သင်ယူနိုင်ပါတယ်။
ယူကေနိုင်ငံ Edexcel, အချက်စတဲ့ တက္ကသိုလ်ကချီးမြှင့်တဲ့ ဒီပလိုမာဘွဲ့တွေလည်း တက်ရောက်နိုင် ပါတယ်။
အဆိုပါဘာသာရပ်တွေအတွက် ပညာသင်ဆုရွေးချယ်တဲ့ ဘာသာရပ်အပေါ်မူတည်ပြီး စင်ကာပူဒေါ် လာ ၂၀၀၀ ကနေ ၃၀၀၀ အထိပေးအပ်သွားမှာ ဖြစ်ပါတယ်။ အမ်ဘီအေ ဘာသာရပ်အတွက် ပညာ သင်ဆုအဖြစ် ကျောင်းစရိတ်ရဲ့ ၃၀ ရာခိုင်နှုန်း လျှော့ချလက်ခံပေးသွားမှာဖြစ်ပြီး အသေးစိတ်သိလိုရင် Dimensions International College ရဲ့မြန်မာပြည်ရုံးခွဲ ဒိုင်မန်းရှင်းပညာရေးစင်တာ (ဖုန်း ၀၉-၄၅၀ ၀၄၄၁၁၇၊ ၀၉-၄၂၁၀၇၆၈၅၈ ကိုဆက်သွယ်စုံစမ်းနိုင်ပါတယ်။
မော်ဒန်သတင်းဂျာနယ်

No comments:

Post a Comment