Pages - Menu

Thursday, October 3, 2013

၂၀၁၄ ခုနှစ်မှစ၍ ဘယ်မောင်း ယာဉ်များသာ တင်သွင်းခွင့် ပြုတော့မည်




ရန်ကုန် ၊ ၃-၁၀-၂၀၁၃

လာမည့် ၂၀၁၄ ခုနှစ်မှ စ၍ Free Permit ဖြင့် ကားအသစ်များ ကို တင်သွင်းမည် ဆိုပါက ဘယ်မောင်း ကားများကိုသာ ခွင့်ပြု တော့မည် ဖြစ်သည်ဟု ကုန်းလမ်း ပို့ဆောင်ရေး နှင့် ညွှန်ကြားမှု ဦးစီးဌာန မှ သိရသည်။


လက်ရှိတွင် Brand New Show Room များ အနေဖြင့် ကားများ တင်သွင်း ရောင်းချ ရာတွင် ဘယ်မောင်း ၊ ညာမောင်း ခွဲခြားမှု မရှိဘဲ Free Permit ဖြင့် တင်သွင်း ခွင့်ပြု ခဲ့ခြင်း ဖြစ်သည်။ လက်ရှိ ကားတင်သွင်း ခွင့်နှင့် ပတ်သက်၍ အချိန်တိုင်း ပြောင်းလဲ နေမှုများထက် ပြည်သူများ အဆင်ပြေ စေမည့် ဥပဒေများ ချမှတ်ကာ ပုံသေ ဆောင်ရွက်သင့် သည်ဟု ကားဈေးကွက် ကျွမ်းကျင်သူ တချို့က သုံးသပ် ပြောကြား သည်။


လာမည့် နှစ်တွင် CIF တန်ဖိုးများ ၊ မော်တော်ယာဉ် တင်သွင်းခွင့် ဆိုင်ရာ မူဝါဒများ ၊ ကားအမျိုးအစား မော်ဒယ်လ် သတ်မှတ်ချက် များကို အောက်တိုဘာလ တွင် စတင် ရေးဆွဲ သွားမည် ဖြစ်ကြောင်း ကုန်းလမ်း ပို့ဆောင်ရေး နှင့် ညွှန်ကြားမှု ဦးစီးဌာန မှ သိရှိရသည်။

No comments:

Post a Comment