Pages - Menu

Monday, October 14, 2013

စိတ်ကျရောဂါပျောက်ဆေးနှင့် အမျိုးအစား(၂)ဆီးချိုရောဂါ ဆက်စပ်နေ







University of Southam-pton မှာရှိတဲ့ လေ့လာသူအဖွဲ့တစ်ခုက စိတ်ကျရောဂါသက်သာစေသည့် ဆေးများနှင့်အမျိုးအစား(၂) ဆီးချို ရောဂါဆက်စပ်ပုံအကြောင်းကို တွေ့ ရှိခဲ့ပါသည်။ လေ့လာသူတွေက ယခင်လေ့လာမှုပေါင်း (၂၂)ခု၊ လူဦးရေ(၁)သန်းခန့်နှင့် စိတ်ကျရောဂါ ပျောက်ဆေးအမျိုးမျိုးတို့ကို ပြန်လည် အသေးစိတ်စိစစ်ခဲ့ပြီးမှ ယခုရလဒ်ကို ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ ရလဒ်များအရ စိတ်ကျရောဂါပျောက်ဆေး သောက်သုံးခဲ့ရသူ အတော်များများတွင် အမျိုးအစား(၂) ဆီးချိုဖြစ်ပွားကြောင်း တွေ့ခဲ့ရသည်။ ယင်းကဲ့သို့ဖြစ်ရခြင်းမှာ စိတ်ကျရောဂါ ပျောက်ဆေးများက ခန္ဓာကိုယ် အလေးချိန်တိုးခြင်းကို ဖြစ်စေပြီး ယင်းက တဖန်ပြန်၍ သွေးတွင်းသကြားဓာတ် ထိန်းသိမ်းမှု၌ ပြဿနာဖြစ်စေကာ ယင်းကြောင့်အမျိုးအစား (၂)ဆီးချိုကို ပိုမိုဖြစ်ပွားစေခြင်းဖြစ်သည်ဟု လေ့လာသူ အဖွဲ့ခေါင်းဆောင် ပါမောက္ခရစ်ချက်ဟော့(တ်)က အဆိုပြုခဲ့သည်။ အင်္ဂလန်၌ ၂၀၁၂တွင် စိတ်ကျရောဂါ သက်သာဆေး သောက်နေရသူ သန်း၅၀ခန့်ရှိပြီး ဆီးချိုဖြစ်ပွားသူ ဦးရေမှာလည်း နှစ်စဉ် မြင့်တက်လာလျက်ရှိသည့်အတွက် စိတ်ကျရောဂါပျောက်ဆေးများတွင် တွေ့ကြုံရသည့် ယင်းပြဿနာအား လျော့ချနိုင်ရန် ကြိုးစားသင့်သည်ဟု ဖြည့်စွတ်အကြံပြုခဲ့သည်။
အ၀င်း
ref:Netdoctor.co.uk
Health Updates Journal

No comments:

Post a Comment