Pages - Menu

Monday, October 14, 2013

ညွှန်မှူးယောက်ဖကို ရုပ်ရှင်ဆန်ဆန် ၀ိုင်းဖမ်း၊ မြင်းဆေး ၆၆ ပြားတွေ့


MONDAY, OCTOBER 14, 2013


မနေ့ညက ကရင်ပြည်နယ် ဘားအံမြို့မှာ ရဲကား ၃ စီးက လိုင်စင်မဲ့ကားတစီးကို ရုပ်ရှင်ဆန်ဆန် ၀ိုင်းဖမ်းကြတယ်လို့ ဒီတပတ်ထုတ် မြန်မာပို့စ် ဂျာနယ်မှာ ရေးထားပါတယ်။

(ဓာတ်ပုံများ - ဇော်ရဲထက်)

ကားထဲမှာ စိတ်ကြွဆေး ၆၆ ပြား တွေ့တယ်၊ လိုင်စင်မဲ့ကားမောင်းသူက ညွှန်ကြားရေးမှူးအဆင့်ရှိ အစိုးရအရာရှိကြီးတဦးရဲ့ ယောက်ဖ တော်စပ်သူဖြစ်တယ်လို့ ဘားအံမြို့ရဲစခန်းကို ကိုးကားပြီး ဂျာနယ်မှာ ရေးထားပါတယ်။

ဘားအံ ၉ ရပ်ကွက် ကညနရုံးအနီးမှာရှိတဲ့ အိမ်ထဲက ထွက်လာတဲ့ကားကို ၀ိုင်းဖမ်းကြတာလို့ ဂျာနယ်မှာ ရေးထားတာပါ။

ဖမ်းချုပ်ထိန်းသိမ်းရာမှာ ထင်ထင်ရှားရှားတွေ့ရတယ်လို့ ဆိုနိုင်တာကတော့ လက်ထိပ်ကိုင်ထားတဲ့ အမျိုးသမီးရဲ့ လှုပ်ရှားမှုပဲ ဖြစ်ပါတယ်။

ကိုင်ထားတဲ့လက်ထိပ်နဲ့ တယောက်ကို ခတ်လိုက်တယ်၊ လမ်းပေါ်မှာ မှောက်လျက်အနေအထားရှိတဲ့ နောက်တယောက်ရဲ့ ဇက်ကို ဒူးနဲ့ ဖိထားတာကို တွေ့ရပါမယ်။

ဘားအံအခြေစိုက် ရဲအရာရှိတဦးဖြစ်မယ်လို့ ယူဆရပါတယ်။

အိမ်ထဲကအထွက် ပိတ်ဖမ်းတယ် ဆိုတော့ သူတို့ ဖမ်းရမယ့်သူ(တွေ)ကို စောင့်ကြည့်နေတာလည်း ဖြစ်နိုင်ပါတယ်။
လိုင်စင်မဲ့ကားမောင်းလို့ ဖမ်းတာတော့ မဖြစ်နိုင်ပါဘူး။ ကရင်ပြည်နယ်မှာ လိုင်စင်မဲ့ကား များတဲ့အတွက် ကားဖမ်းဖို့အတွက်တော့ အဲဒီလောက် လှုပ်ရှားစရာ မလိုပါ။
တခြားအကြောင်းအရာအတွက် ဖမ်းတာ ဖြစ်မယ်လို့ ထင်ပါတယ်။

မြင်းဆေး ခေါ် စိတ်ကြွဆေး အလုံးခြောက်ဆယ်ကျော် ဖမ်းမိတယ်လို့ သတင်းမှာ ရေးထားတဲ့အတွက် မူးယစ်ဆေးအမှုအတွက် သံသယရှိလို့ ဖမ်းတာဖြစ်မယ်လို့ ယူဆရပါတယ်။




ဧရာဝတီ 

No comments:

Post a Comment