Pages - Menu

Sunday, October 13, 2013

အာဖဂန်နစ္စတန်နိုင်ငံအတွင်း ဗုဒ္ဓလှိုဏ်ဂူတွေ့ရှိခဲ့သည့် ဂျပန်သုတေသနအဖွဲ့




ဂျပန်သုတေသနအဖွဲ့တစ်ဖွဲ့ဟာ အာဖဂန်နစ္စတန်နိုင်ငံ ဘာမီယန်ဒေသမှာ ဗုဒ္ဓလှိုဏ်ဂူတစ်ခုကို ရှာဖွေတွေ့ရှိခဲ့ကြောင်းသိရှိရပါတယ်။

အာဖဂန်နစ္စတန်နိုင်ငံမှာ တာလီဘန်တွေကြီးစိုးတဲ့ လွန်ခဲ့ တဲ့ (၁၂)နှစ်ခန့်ကစပြီး ဗုဒ္ဓဘာသာဆိုင်ရာ အဆောက်အဦးတွေကို ဖျက်ဆီးပစ်ခဲ့ပါတယ်။

ယခုအချိန်မှာ တော့ ဂျပန်သုတေသနအဖွဲ့ဟာ ယခင်က ဗုဒ္ဓဘာသာအမွေအနှစ်တွေတည်ရှိတဲ့ နေရာနဲ့ (၃) ကီလိုမီတာအကွာမှာ ဗုဒ္ဓလှိုဏ်ဂူတစ်ခုကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။

သုတေသနပြုလုပ်သူတွေရဲ့ ပြောကြားချက်အရတော့ အဆိုပါလှိုဏ်ဂူဟာ (၄.၅)ကီလိုမီတာအနက်ရှိ လှိုဏ်ဂူအတွင်းမှာ ဗုဒ်္ဓဘာသာနဲ့ ဆက်စပ်ပစ်္စည်းတွေကို ရှာဖွေတွေ့ရှိခဲ့ပြီး ဒီဂူတွင်းက ရုပ်ပွားတွေတွေဟာ ဘေးဝန်းကျင်ရှိ ဂူတွေထဲက ရုပ်ပွားတော်တွေ ထက် နှစ်(၁၀၀)လောက် သက်တမ်းပိုစောတယ်လို့ သိရပါတယ်။

ဝါကိုတက္ကသိုလ်ရဲ့ ပါမောက္ခတစ်ဦးဖြစ်တဲ့ ဂျပန်သုတေသနအဖွဲ့ရဲ့ အဖွဲ့ခေါင်းဆောင် ကိုဆာကူမေးဒါ က ယခုလိုမျိုး ဗုဒ္ဓဘာသာကို ဖိနှိပ်ခဲ့တဲ့ နေရာတစ်ခုမှာ ဗုဒ္ဓအမွေအနှစ်တွေကို ရှာဖွေတွေ့ရှိခဲ့တာဟာ အံ့အားသင့်ဖို့ကောင်းကြောင်း ဒါဟာ ဘာမီယမန်ဒေသအတွင်းမှာ ဘယ်လောက်ထိ ဗုဒ္ဓဘာသာပြန့်နှံ့ခဲ့တယ်ဆိုတာကို လေ့လာဖို့အတွက် အခွင့်ကောင်းပဲဖြစ်ကြောင်း ပြောကြားသွားခဲ့တယ်လို့သိရပါတယ်။

MRTV4

No comments:

Post a Comment