Pages - Menu

Thursday, October 17, 2013

လူ (၂၀) သေဆုံးခဲ့ရသည့် Syria အနောက်မြောက်ဘက်ရှိ ကားဗုံး ပေါက်ကွဲမှု




Thursday 17th October 2013

Syria နိုင်ငံ ၊ တူရကီနယ်စပ် အနောက်မြောက်ဘက် Idlib ပြည်နယ်ရှိ Darkush မြို့၌ ယမန်နေ့က ကားဗုံးပေါက်ကွဲမှု တစ်ရပ် ဖြစ်ပွားခဲ့ရာအနည်းဆုံး လူ (၂၀) သေဆုံးခဲ့ရကြောင်း အစိုးရ မဟုတ်သည့် အဖွဲ့အစည်း တစ်ခု၏ ပြောကြားချက်အရ သိရှိရသည်။

ဒဏ်ရာရရှိသူ အများအပြား ရှိခဲ့ပြီး သေဆုံးသူ အရေအတွက်မှာလည်း ထပ်မံ မြင့်တက်လာနိုင်ဖွယ် ရှိကြောင်း Syria လူ့အခွင့်အရေး လေ့လာဆန်းစစ်သူများ အဖွဲ့က ပြောကြားခဲ့သည်။ အဆိုပါ ဗုံးပေါက်ကွဲမှုသည် Darkush မြို့တွင်းရှိ ဈေးတစ်ခု အနီးတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး လက်နက်ကိုင် အကြမ်းဖက်သမားများ၏ လက်ချက် ဖြစ်ကြောင်း ၊ ပေါက်ကွဲမှု ဖြစ်ပွားပြီး မကြာမီ အကြမ်းဖက်သမားများက ကားဗုံးပေါက်ကွဲမှု ဖြစ်စဉ် အဆင့်ဆင့်နှင့် ဖြစ်ပွား ပြီးနောက် သေဆုံးသူများအား အပျက်အစီးများအကြား ခက်ခက်ခဲခဲ သယ်ထုတ်ပုံများအား ရိုက်ကူးထားသော ဗွီဒီယိုဖိုင်များအား အွန်လိုင်းသို့ တင်ခဲ့ကြောင်း သိရှိရသည်။



Source: AFP
http://www.channelnewsasia.com/news/world/car-bomb-kills-20-in/847280.html



No comments:

Post a Comment