Pages - Menu

Wednesday, November 27, 2013

တနင်္သာရီ ကမ်းရိုးတန်း ဒေသအတွင်း ရာသီဥတု အခြေအနေကြောင့် ကုန်သွယ်မှု နှောင့်နှေးနေပြီး ကုန်လှေများကို မကြာခဏ ထွက်ခွာခွင့် ပိတ်ထားရ



တနင်္သာရီ ကမ်းရိုးတန်း ဒေသအတွင်း ရာသီဥတု အခြေအနေများကြောင့် ကုန်သွယ်မှုများ နှောင့်နှေးနေရပြီး ထားဝယ်-မြိတ်-ကော့သောင်း-ရနောင်း ကုန်လှေများကို မကြာခဏ ထွက်ခွာခွင့် ပိတ်ထားရကြောင်း သိရသည်။

ဒေသတွင်း နိုင်ငံများနှင့် ပင်လယ်ပြင်များတွင် မုန်တိုင်းများ ဆက်တိုက်ဝင်ရောက်နေပြီး အဆိုပါ မုန်တိုင်းများ၏ သက်ရောက်မှုများကို ကမ်းရိုးတန်း ဒေသတွင် ခံစားနေရပြီး အချိန်အခါမဟုတ် မိုးရွာသွန်းမှုများ၊ လှိုင်းလေထန်ခြင်းများ ဖြစ်ပေါ်နေကြောင်း သိရသည်။

"မြန်မာ့ကမ်းရိုးတန်း ဒေသမှာ လေတိုက်နှုန်း တစ်နာရီကို ၄၀ ရှိမယ်လို့ ခြုံငုံသုံးသပ်ပေမယ့် လေတိုက်နှုန်းက တစ်ပြေးညီ ရှိတာမဟုတ်ပါဘူး။ မိုင် ၄၀ ရှိတဲ့နေရာ ရှိသလို မရှိတဲ့ နေရာတွေလည်း ရှိပါတယ်။ ပင်လယ်ရေကြောင်း ကုန်သွယ်မှုကို အားထားနေရတဲ့ တနင်္သာရီ ကမ်းရိုးတန်း ဒေသမှာ လေတိုက်နှုန်း ၄၀ လောက်မှာ သစ်ခွံလှေတွေကို ဒီလိုမကြာခဏ ပိတ်နေရင် ကုန်သွယ်မှု အနေအထားတွေက လျော့ကျလာတာ ကြုံတွေ့မှာပဲ။ ဒါကို သုံးသပ်ပေးဖို့ လိုပါတယ်" ဟု MCC မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

တနင်္သာရီ ကမ်းရိုးတန်း ဒေသအတွင်း မုန်တိုင်းအရှိန်များကြောင့် အခါလွန်မိုးများ ရွာသွန်းနေကာ ကမ်းရိုးတန်းသွား ခရီးသည်တင် အမြန်ရေယာဉ်များမှာလည်း ပြေးဆွဲမှု ရပ်နားထားရကြောင်း သိရသည်။

"ခရီးသည်တင်တွေကိုတော့ ခွင့်ပြုချက်ပေးလို့ မဖြစ်ပါဘူး။ ကုန်လှေတွေကိုတော့ သက်ဆိုင်ရာ ရေကြောင်းဦးစီးဌာနနှင့် ကျွန်တော်တို့ ပြန်လည်ညှိနှိုင်းပေးပြီး သင့်တော်သလို ဆုံးဖြတ်ပေးပါ့မယ်။ ကုန်သွယ်မှု အနေထား လျော့ကျလာတာ ဖြစ်တဲ့အတွက် မိုင် ၄၀ လောက်မှာ ကုန်လှေတွေ အနေနှင့် သွားလာလို့ ဖြစ်မဖြစ် ပြန်သုံးသပ် ပေးမှာပါ" ဟု မြိတ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးလွင်ကိုဦးက ပြောကြားသည်။

တနင်္သာရီ ကမ်းရိုးတန်းတွင် မိုးရွာသွန်းမှု ဖြစ်ပေါ်နေသည်ကို နိုဝင်ဘာ ၂၅ ရက်က တွေ့ရစဉ်
EMG

No comments:

Post a Comment