Pages - Menu

Monday, November 11, 2013

ဂျပန်နိုင်ငံ၏ အသေးစား အလတ်စား လုပ်ငန်းရှင်များ မြန်မာ့စီးပွားရေး လုပ်ငန်းရှင်များနှင့် အကျိုးတူ ပူးပေါင်းလုပ်ကိုင်ရန် ဈေးကွက်လာရောက် ရှာဖွေ



Monday, November 11, 2013

UMFCCI ၏ ဒုတိယဥက္ကဋ္ဌ ဦးသိန်းဟန် ရှင်းလင်းပြောကြားစဉ် (ဓာတ်ပုံ-အေးမြတ်မွန်)

ဂျပန်နိုင်ငံ၏ အသေးစား အလတ်စား လုပ်ငန်းရှင်များမှ မြန်မာနိုင်ငံရှိ အသေးစား အလတ်စား လုပ်ငန်းရှင်များနှင့် အကျိုးတူ ပူးပေါင်းလုပ်ကိုင်ရန်အတွက် ဈေးကွက်လာရောက် ရှာဖွေခြင်းကို နိုဝင်ဘာ ၉ ရက်က ရန်ကုန်မြို့ မင်းရဲကျော်စွာလမ်းရှိ UMFCCI ရုံးချုပ်တွင် လာရောက် ပြုလုပ်ခဲ့သည်။

ဂျပန်နိုင်ငံရှိ အသေးစား အလတ်စားလုပ်ငန်း လုပ်ကိုင်နေသော ကုမ္ပဏီခုနစ်ခု ပါဝင်ခဲ့ပြီး အဆိုပါ ကုမ္ပဏီများမှ မြန်မာနိုင်ငံရှိ အသေးစား အလတ်စား လုပ်ကိုင်နေသော လုပ်ငန်းရှင် ၃၀ ကျော်နှင့် တွေ့ဆုံခဲ့ကာ လုပ်ငန်းများ ပူးပေါင်းလုပ်ကိုင်ရန်အတွက် ဖိတ်ခေါ်ခဲ့သည်။

စွန့်ပစ်သတ္တုများ သန့်စင်ခြင်း လုပ်ငန်း၊ လျှပ်စစ်နှင့် ပတ်သက်သည့် စက်ပစ္စည်းဆိုင်ရာ လုပ်ငန်းများ၊ အိမ်၊ ခြံ၊ မြေလုပ်ငန်း၊ ခရီးသွား လုပ်ငန်း၊ သယ်ယူပို့ဆောင်ရေး လုပ်ငန်း၊ ကားနှင့်ဆက်စပ်ပစ္စည်းများ ဆိုင်ရာလုပ်ငန်း၊ ပလတ်စတစ် လုပ်ငန်း၊ ဆေးဝါးလုပ်ငန်းများ စသည့်လုပ်ငန်းများတွင် ပူးပေါင်းလုပ်ကိုင်ရန်အတွက် ဖိတ်ခေါ်ခဲ့သည်။

"သူတို့ဘက်က SME လုပ်ငန်းရှင်တွေ ခေါ်လာတယ်။ ဒီက SME လုပ်ငန်းရှင်တွေနဲ့ တွေ့ဆုံပေးတဲ့အတွက် မြန်မာနိုင်ငံမှာရှိတဲ့ SME လုပ်ငန်းတွေလည်း အခွင့်အလမ်းတွေ ရှိလာမယ်။ လုပ်ငန်းတွေ ဖြစ်ထွန်းလာမယ်။ ဂျပန်နိုင်ငံရဲ့ စီးပွားရေး လုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်တယ်ဆိုတာ SME တွေရဲ့ support ကြောင့်ဖြစ်တယ်။ အန်ကယ်တို့ နိုင်ငံမှာလည်း SME လုပ်ငန်းတွေ ကြီးထွားဖွံ့ဖြိုး တိုးတက်လာမှ စီးပွားရေး လုပ်ငန်းတွေလည်း ဖွံ့ဖြိုးတိုးတက်လာမှာ ဖြစ်တယ်။ အလုပ်အကိုင် အခွင့်အလမ်းတွေလည်း ရရှိလာမှာ ဖြစ်တယ်။ ဒါကြောင့် ခုလိုမျိုး SME လုပ်ငန်းရှင်တွေ အချင်းချင်း တွေ့ဆုံပေးတာ ဖြစ်တယ်" ဟု UMFCCI ၏ ဒုတိယဥက္ကဋ္ဌ ဦးသိန်းဟန်က ပြောကြားသည်။ အလားတူ ဂျပန်-မြန်မာ Business Matching ကို မတ်လအတွင်းက ကျင်းပခဲ့ပြီး အမေရိကန်ဒေါ်လာ ကိုးသန်းကျော်အထိ MoU ရေးထိုးနိုင်ခဲ့ကြောင်း သိရသည်။

EMG

No comments:

Post a Comment