Pages - Menu

Friday, November 8, 2013

ကချင်ပြည်နယ် အခြေစိုက် ရှမ်းနီတိုင်းရင်းသားများ ဖွံ့ဖြိုးတိုးတက်ရေး ပါတီဝင်များနှင့် အီးယူ သံအမတ်တို့ တွေ့ဆုံ



Friday, 08 November 2013



ရှမ်းနီ တိုင်းရင်းသားများ ဖွံ့ဖြိုတိုးတက်ရေး ပါတီဝင်များနှင့် အီးယူ သံအမတ်တို့ တွေ့ဆုံစဉ်

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ အခြေစိုက် ရှမ်းနီ တိုင်းရင်းသားများ ဖွံ့ဖြိုးတိုးတက်ရေး ပါတီအဖွဲ့ဝင်များနှင့် ဥရောပသမဂ္ဂ (အီးယူ)သံအမတ် အဖွဲ့တို့ နိုဝင်ဘာ ၅ ရက်က မြစ်ကြီးနားမြို့ ခေမာသီရိ ရပ်ကွက်ရှိ ရှမ်းမျိုးနွယ်စုများ ဓမ္မာရုံတွင် တစ်နာရီကျော်ကြာ တွေ့ဆုံခဲ့သည်။

ယင်းသို့ တွေ့ဆုံစဉ် ရှမ်းနီလူမျိုးများအား မှတ်ပုံတင်ဌာန၌ အမည်စာရင်းပေါက်အောင် ဆောင်ရွက်ရာတွင် ကူညီပေးရန် အီးယူ သံအမတ်အဖွဲ့အား ရှမ်းနီပါတီဝင်များက အကူအညီ တောင်းခံခဲ့သည်။

ရှမ်းနီ တိုင်းရင်းသားများ ဖွံ့ဖြိုးတိုးတက်ရေး ပါတီဥက္ကဋ္ဌ ဦးကျော်လေးက "ရှမ်းနီတွေဟာ ကချင်ပြည်နယ်မှာ အများဆုံး နေကြပါတယ်။ အခုဆိုရင် လူမျိုးတောင် ပျောက်ခါနီးပါပြီ။ လူမျိုးကိုလည်း နာမည်အမျိုးမျိုး ခေါ်ဝေါ်နေပြီး လူဝင်မှု ကြီးကြပ်ရေးဌာနမှာတောင် အမည်မှန်မရှိပါဘူး။ ကျွန်တော်တို့ လူမျိုး၊ စကား၊ စာပေတွေဟာ ပျောက်ကွယ် လာပါတယ်။ အီးယူဘက်က တက်နိုင်သမျှ ကူညီဖို့လည်း ဖိတ်ခေါ်ပါတယ်"ဟု ဆိုသည်။

ရှမ်းနီ တိုင်းရင်းသားများ၏ အကူအညီ တောင်းခံမှုနှင့် ပတ်သက်ပြီး အီးယူ သံအမတ်ကြီး Mr.Roland Kobia က တတ်နိုင်သရွေ့ ကူညီသွားမည်ဟု ပြန်လည် ပြောကြားခဲ့ကြောင်း သိရသည်။

ရှမ်းနီ တိုင်းရင်းသားများသည် ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်း ဒေသကြီးတို့တွင် နေထိုင်ကြပြီး လက်ရှိတွင် ရှမ်းနီ တိုင်းရင်းသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီမှ ရှမ်းနီလူဦးရေ စာရင်းကောက်ယူနေကာ ခန့်မှန်း လူဦးရေ သိန်း ၂၀ ၀န်းကျင် ရှိနေကြောင်း သိရသည်။


EMG

No comments:

Post a Comment