Pages - Menu

Friday, November 29, 2013

လေ့ကျင့်ခန်းဆင်းနေရင်း ညို့သကြီးကျိုးသွားခဲ့လို့ ကာလရှည်နားရတော့မယ့် (၃)ဆင့်ခုန်ကမ္ဘာ့ချန်ပီယံ




မော်စကိုမြို့မှာ ပြုလုပ်ခဲ့တဲ့ ကမ္ဘာ့ချန်ပီယံရှစ်ပြေးခုန်ပစ်ပြိုင်ပွဲရဲ့ (၃)ဆင့်ခုန်ပြိုင်ပွဲမှာ စုစုပေါင်း (၁၈ .၀၄)မီ တာခုန်ပြီး ချန်ပီယံရွှေတံဆိပ်ဆုကို ရရှိခဲ့တဲ့ ပြင်သစ်နိုင်ငံသား တက်ဒီတမ်ဂဟိုဟာ လေ့ကျင့်ခန်းပြုလုပ်နေ ရင်း မတော်တဆလဲကျကာ ညို့သကြီးရိုးကျိုးသွားခဲ့တာကြောင့် ကာလရှည်ကြာအနားယူရတော့မှာဖြစ်ပါတယ်။ ဒီ လိုဒဏ်ရာရရှိခဲ့မှုကြောင့် သူ့အနေနဲ့ Northern Winter Season လက်ကျန်ပွဲစဉ်များမှာလည်း ပါဝင်နိုင်တော့မှာ မဟုတ်ပါဘူး။ “ သူ့ရဲ့ဒဏ်ရာအရှင်းပျောက်ကင်းမှပဲ လေ့ကျင့်ခန်ပြန်ဆင်းစေမှာဖြစ်ပါတယ်။ လောလောဆယ်ဝင် ပြိုင်နေတဲ့ပွဲတွေအားလုံးကို လွဲသွားခဲ့ပါပြီ”လို့ ပြင်သစ်ပြေးခုန်ပစ်အဖွဲ့ချုပ်(FFA) တာဝန်ရှိသူတစ်ဦးက အတည်ပြုပေးခဲ့ပါတယ်။ တမ်ဂဟိုဟာ ဒဏ်ရာပြသနာ မကြာခဏဆိုလိုတွေ့နေ တတ်ပြီး လန်ဒန်မြို့မှာ ကျင်းပပြုလုပ်ခဲ့တဲ့ ၂၀၁၂ အိုလံပစ်ပြိုင်ပွဲတုန်းကလည်း ခြေကျင်းဝတ်ဒဏ်ရာကြောင့် လွဲချော်ခဲ့ဖူး ပြန်ပါတယ်။

တမ်ဂဟိုဟာ ၂၀၁၀ပြည့်နှစ်မှာ ပြုလုပ်ခဲ့တဲ့ ဒိုဟာ ကမ္ဘာ့ရုံတွင်းအားကစားချန်ပီယံရှစ်မှာ (၃)ဆင့်ခုန်ရွှေရခဲ့သူ ဖြစ်သလို ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့မှာ ကျင်းပခဲ့တဲ့ဥရောပရုံတွင်းအားကစားချန်ပီယံရှစ်မှာဆိုရင်လည်း (၃)ဆင့်ခုန် ရွှေရယူပေးခဲ့ကာ အိမ်ရှင်နိုင်ငံအတွက် ဂုဏ်ဆောင်ပေးနိုင်ခဲ့ပါတယ်။

No comments:

Post a Comment