
ဗြိတိန်နိုင်ငံက တစ်လအတွင်း အမေရိကန်ဒေါ်လာ ၂၅၆ သန်းကျော် ထပ်မံမြှုပ်နှံပြီးနောက် မြန်မာနိုင်ငံ၏ လုပ်ငန်းပေါင်း ၆၂ ခုတွင် စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု ဒေါ်လာသုံးဘီလျံကျော်ကာ အဆင့်လေး နေရာ၌ ရပ်တည်နေကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။
ကိုးလအတွင်းဟု ဆိုရာ၌ ၂၀၁၃ ခုနှစ် ဇန်န၀ါရီလမှ စက်တင်ဘာလကုန်အထိ မြှုပ်နှံမှု ပြုလုပ်ထားသည့် တန်ဖိုးဖြစ်ပြီး ဖေဖော်ဝါရီလ အတွင်းက အမေရိကန်ဒေါ်လာ သန်း ၁၉၀ ကျော်၊ ဧပြီလ အတွင်းက အမေရိကန်ဒေါ်လာ ၂ ဒသမ ၄ သန်းကျော်၊ မေလအတွင်းက အမေရိကန်ဒေါ်လာ ၃၄ သန်းကျော်၊ ဇွန်လအတွင်းက အမေရိကန်ဒေါ်လာ ၁၅ သန်းကျော်၊ စက်တင်ဘာလ အတွင်းက အမေရိကန်ဒေါ်လာ ၁၀ သန်းကျော် အသီးသီး မြှုပ်နှံမှု ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
ကဏ္ဍအားဖြင့် ဆိုပါက ရေနံနှင့် သဘာဝဓာတ်ငွေ့ ကဏ္ဍ၊ ကုန်ထုတ်လုပ်ငန်းနှင့် အပျော်စီး ခရီးသွား သင်္ဘောလုပ်ငန်းများတွင် မြှုပ်နှံထားခြင်းဖြစ်ပြီး မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် အနေဖြင့်လည်း ဗြိတိန်ကုမ္ပဏီများဖြစ်သည့် Leisure Holdings Asia Ltd နှင့် HC (Asia) Holding Co.,Ltd တို့ မှ မြန်မာနိုင်ငံတွင် လုပ်ငန်းများ ၀င်ရောက်လုပ်ကိုင်ရန် လျှောက်ထားချက်များအပေါ် လုပ်ကိုင်ခွင့် ပြန်လည်ချထား ပေးခဲ့သည်။
မြန်မာနိုင်ငံတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေအရ ၀င်ရောက်မြှုပ်နှံမှု ပြုလုပ်ထားသည့် ပြည်ပနိုင်ငံပေါင်း ၃၃ နိုင်ငံရှိပြီး တရုတ်နိုင်ငံက နံပါတ် ၁၊ ထိုင်းနိုင်ငံက နံပါတ် ၂၊ ဟောင်ကောင်က နံပါတ် ၃ တွင် ရပ်တည်နေပြီး စုစုပေါင်း နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု စုစုပေါင်းမှာ အမေရိကန်ဒေါ်လာ ၄၃ ဘီလျံကျော်ရှိကြောင်း သိရသည်။
ဇွန်လအတွင်းက မြန်မာ-ဗြိတိန်နှစ်နိုင်ငံ လုပ်ငန်းပူးပေါင်း ဆောင်ရွက်မှုဆိုင်ရာ MoU လက်မှတ် ရေးထိုးစဉ် (ဓာတ်ပုံ-သန်းထိုက်အောင်)
EMG
No comments:
Post a Comment