Created on Sunday, 10 November 2013
(၂၃) ကြိမ်မြောက် အာဆီယံနိုင်ငံ တပ်မတော် (ကြည်း) များ သေနတ်ပစ်ပြိုင်ပွဲ ဗိုလ်လုပွဲ၊ ဆုချီးမြှင့်ပွဲနှင့် ပိတ်ပွဲကျင်းပ
မြန်မာနိုင်ငံတွင် အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် (၂၃) ကြိမ်မြောက် အာဆီယံနိုင်ငံ တပ်မတော် (ကြည်း) များ သေနတ်ပစ်ပြိုင်ပွဲ၏ ဗိုလ်လုပွဲ၊ ဆုချီးမြှင့်ပွဲနှင့် ပိတ်ပွဲအခမ်းအနားကို အောက်တိုဘာ ၉ ရက်၊ မွန်းလွဲပိုင်းတွင် ပြင်ဦးလွင်မြို့ရှိ တပ်မတော် စက်ပစ်ကွင်းတွင် ကျင်းပခဲ့ကြောင်း မြန်မာ့ရုပ်မြင်သံကြား၏ သတင်းကြေညာချက်အရ သိရသည်။
အဆိုပါ အခမ်းအနားသို့ ဒုတိယ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက တက်ရောက်ကြည့်ရှု အားပေးပြီး ဆုများချီးမြှင့် ပေးအပ်ခဲ့ကြောင်း သိရသည်။
ဗိုလ်လုပွဲ ပြိုင်ပွဲမစခင် ဒုတိယ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၊ ကာကွယ်ရေး ဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့်အတူ ပြိုင်ပွဲဝင် အာဆီယံနိုင်ငံများမှ (ကြည်း) တပ်ဦးစီးချုပ်များသည် တပ်မတော် စက်ပစ်ကွင်း အတွင်း၌ (၂၃) ကြိမ်မြောက် အာဆီယံနိုင်ငံ တပ်မတော် (ကြည်း)များ သေနတ်ပစ်ပြိုင်ပွဲ အမှတ်တရ ခရေပင်များ စိုက်ပျိုးခဲ့ကြောင်း သိရသည်။
ထို့နောက် ရိုင်ဖယ်ပွဲစဉ် (၅) မလေးရှားနိုင်ငံ တပ်မတော် သေနတ်ပစ် အသင်းနှင့် ထိုင်းနိုင်ငံ တပ်မတော် သေနတ်ပစ် အသင်းတို့၏ ဗိုလ်လုပွဲ ယှဉ်ပြိုင်ပစ်ခတ် နေမှုများကို အားပေးခဲ့ကြကြောင်း သိရသည်။
ဆက်လက်ပြီး ရိုင်ဖယ်ပွဲစဉ် (၅) ဗိုလ်လုပွဲ ပြိုင်ပွဲတွင် ပထမဆု ရရှိခဲ့သည့် ထိုင်းနိုင်ငံ သေနတ်ပစ်အသင်း၊ ဒုတိယဆု ရရှိသည့် မလေးရှားနိုင်ငံ သေနတ်ပစ်အသင်း၊ တတိယဆု ရရှိသည့် အင်ဒိုနီးရှားနိုင်ငံ သေနတ်ပစ် အသင်းနှင့် အသီးသီး ဆုရရှိသူများအား ဒုတိယ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ဆုများချီးမြှင့် ပေးအပ်ခဲ့ကြောင်း သိရသည်။
EMG

No comments:
Post a Comment