Pages - Menu

Tuesday, November 5, 2013

ဆီးဂိမ်းစ် အတွက် Wi Fi အခမဲ့ ထုတ်လွှင့်ခြင်း ကို နိုဝင်ဘာ လ ဒုတိယ ပတ် အတွင်း စတင်မည်



Tuesday, 05 November 2013

Red Link နည်းပညာ ကုမ္ပဏီ အနေဖြင့် ဆီးဂိမ်းစ် ကာလ အတွင်း အင်တာနက် အခမဲ့ အ သုံးပြု နိုင်ရန် Wi Fi များ ထုတ်လွှင့် ပေးသွားမည် ဖြစ်ပြီး ထိုကဲ့သို့ Wi Fi အခမဲ့ ထုတ်လွှင့် ပေး မှုများ ကို နိုဝင်ဘာ ဒုတိယ ပတ်မှ စတင် ၍ စမ်းသပ် ထုတ်လွှင့် ပေးသွားမည် ဖြစ်ေ ကြာင်း Red Link ကုမ္ပဏီ ၏ ဈေးကွက် မန်နေဂျာ ဦးမျိုးဝင်းညွှန့် က ၄ - ၁၁ - ၂၀၁၃ ရက် တွင် ပြော သည်။ ထိုသို့ Wi Fi ထုတ်လွှင့်မှု များ အတွက် ဆီးဂိမ်းစ် ကာလ အတွင်း လာရောက် ကြမည့် ဧည့်သည် များ အတွက် နိုင်ငံ တကာ အဆင့်မီ အသုံးပြု နိုင်ရန် Upload Speed နှင့် Download Speed များကို အမြင့်ဆုံး ပေးနိုင် မည့် အခြေအနေများကို စမ်းသပ်သွား ရမည် ဖြစ်ကြောင်း သိရသည်။

“၄၄ နှစ် ကြာမှ အိမ်ရှင်အဖြစ် ပြန်ကျင်းပ ခွင့် ရတဲ့ ဒီပွဲတော်ကြီး မှာ ပြည်ပ နိုင်ငံတွေနဲ့ တန်း တူ ဖြစ်အောင် ဆောင်ရွက် ပေးသွား မှာပါ။ Wi Fi ထုတ်လွှင့် ပေးနိုင် မယ့် အမြန်နှုန်းထားတွေ ကိုတော့ နိုဝင်ဘာလ ဒုတိယပတ် လောက်မှာ စမ်းသပ် သွားပြီး စတင် ထုတ်လွှင့် ပေးသွား မှာ ဖြစ် ပါတယ်။ လာရောက် ကြမယ့် ဧည့်သည် တွေ အင်တာနက် ကို သုံးရတာ အဆင်ပြေ စေမ ယ့် မြန်နှု န်းတွေ နဲ့ အသုံးပြု နိုင်ဖို့ အတွက် ဆောင်ရွက် ပေးသွား မှာပါ” ဟု ဦးမျိုးဝင်းညွှန့် က ပြောသည်။

ဆီးဂိမ်း ကာလ အတွင်း Wi Fi အခမဲ့ ထုတ်လွှင့် ပေးခြင်းများကို အားကစား ပြိုင်ပွဲ ကျင်းပရာ မြို့ ကြီးများ ဖြစ်သော ရန်ကုန်၊ မန္တလေး၊ နေပြည်တော် နှင့် ငွေဆောင် တို့တွင် ထုတ်လွှင့် ပေးသွား မည် ဖြစ်ပြီး ငွေဆောင် တွင် လျှပ်စစ်မီး မရရှိသည့် နေရာများ ရှိနေသည့် အတွက် ထိုကာလ အတွင်း Wi Fi အသုံးပြု နိုင်ရန် လျှပ်စစ် ဓာတ်အား ထုတ်လွှင့် ပေးမှုများ ကိုပါ ညှိနှိုင်း ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရသည်။

ပြည်မြန်မာ

No comments:

Post a Comment