Thursday, 12 December 2013

ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်မှ တွဲဖက်အတွင်းရေးမှူး ဦးအေးလွင် အကြံပြု ပြောကြားစဉ်
တရုတ်-မြန်မာ ကုန်သွယ်မှု ပြုရာတွင် တရုတ်အစိုးရ၏ စီးပွားရေး မူဝါဒမှာ မမျှတသောကြောင့် မျှတသည့် ကုန်သွယ်မှု ဖြစ်စေရန်အတွက် တရုတ်အစိုးရ အနေဖြင့် ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ပေးရန် အကြံပြု တင်ပြကြောင်း ပြည်ထောင်စု မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်မှ တွဲဖက်အတွင်းရေးမှူး ဦးအေးလွင်က ပြောကြားသည်။
တရုတ်အစိုးရ၏ စီးပွားရေးမူဝါဒမှာ မြန်မာနိုင်ငံဘက်မှ ကုန်ကြမ်းများ တင်သွင်းရာတွင် တရုတ်နိုင်ငံဘက်မှ အခွန်ဖြေလျော့ ပေးထားသော်လည်း ကုန်ချောများ တင်သွင်းရာတွင်မူ အခွန်ကြီးမြင့်သည့် အတွက် တရုတ်နိုင်ငံ၏ အဆိုပါ အခွန်စနစ်ကို ဖြေလျော့ပေးကာ ပိုမိုကောင်းမွန်သည့် ကုန်သွယ်မှု စနစ်အတွက် တရုတ်အစိုးရသို့ အကြံပြု ပြောကြားလိုကြောင်း ၎င်းကဆက်လက် ပြောကြားသည်။
''အထူးသဖြင့် သတ္တုသယံဇာတများ၊ ကျောက်မျက်၊ ကျောက်စိမ်း၊ အခြားသတ္တု သယံဇာတများဟာ တရုတ်ပြည်ကို ကုန်ကြမ်းပဲ သွားတယ်။ ကျွန်တော် တင်ပြချင်တာကတော့ တရုတ်ပြည်ကို ကုန်ကြမ်းတွေ သွားတဲ့အခါမှာ အခွန်အခတွေကို တတ်နိုင်သမျှ သက်သာပြီးတော့ တရုတ်အစိုးရက ကင်းလွတ်ခွင့် ပေးပေမယ့် ကျွန်တော်တို့ဆီက ပရိဘောဂ၊ ကျောက်မျက်ပစ္စည်း၊ ကုန်ချောတွေ တင်သွင်းတဲ့အခါမှာ ကျွန်တော်တို့ မိတ်ဘက် ကုန်သည်များက ကုန်ချောများကို ၀ယ်ယူလိုသော်လည်း တရုတ်ပြည်သူ့ အစိုးရရဲ့ စီးပွားရေး မူဝါဒအရ ကုန်ချောများကို တင်သွင်းရင် အခွန်အခ ကြီးမားနေတဲ့အတွက် ကျွန်တော်တို့အတွက် တင်သွင်းခွင့် အခွင့်အရေး နည်းပါးနေတယ်။ ဒါကြောင့် သက်ဆိုင်ရာ အစိုးရကို မျတတဲ့ကုန်သွယ်မှု အခွန်အခကောက်ခံမှုကို ပြုလုပ်ပေးဖို့ အကြံပြုတင်ပြ လိုပါတယ်'' ဟု ၎င်းက ဆိုသည်။
ထို့အပြင် တရုတ်နိုင်ငံ အနေဖြင့် မြန်မာနိုင်ငံဘက်မှ ကုန်ကြမ်းများကို ယူဆောင်မည့်အစား မြန်မာနိုင်ငံအတွင်း စက်ရုံများ တည်ဆောက်ကာ မြန်မာလုပ်ငန်းရှင်များ နှင့်ကုန်ချောများ ထုတ်လုပ်ပြီး ကမ္ဘာ့ဈေးကွက်သို့ တင်ပို့နိုင်သည့် နည်းလမ်းကို ကျင့်သုံးသင့်ကြောင်း ၎င်းကဆက်လက် အကြံပြု ပြောကြားသည်။
အဆိုပါ အကြံပေးမှုကိုလည်း တရုတ် အစိုးရသို့ တင်ပြပေးသွားမည် ဖြစ်ကြောင်းThe Department of Foreign Trade & Economic Cooperation of Guandong Province မှ ဒုတိယ ညွှန်ကြားရေးမှူး Mrs. Ren Shao ကပြောကြားသည်။
EMG
No comments:
Post a Comment