အသက်(၂၁)နှစ်ရှိ တိုနီသည် ရေလှိုင်းများကြားတွင် ဓာတ်ပုံရိုက်ကွင်း အစီအစဉ် တစ်ခုအတွက် အလုပ်ရှုပ်နေခဲ့ကြောင်း မျက်မြင်များက ဆိုသည်။a
လီယိုနာဒို ဒစ်ကာပရီယိုနှင့် ပတ်သက်ပြီး တိုနီဂါရန်တစ်ယောက် အသည်းကွဲမှုကို အလုပ်ဖြင့် ဖြေဖျောက်နေကြောင်း သတင်းများက ဖော်ပြခဲ့သည်။ လီယိုနာဒို၏ ချစ်သူအဖြစ် သတင်းကြီးနေသော စူပါမော်ဒယ်လ်သည် လီယိုနာဒိုက အခြားသော အမည်မသိ အမျိုးသမီး တစ်ဦးကို နမ်းရှုပ်နေသည့် ဓာတ်ပုံများ ထွက်ပေါ်လာချိန်တွင် ကာရေဘီယန်သို့ ရောက်ရှိနေခဲ့သည်။ အသက်(၂၁)နှစ်ရှိ တိုနီသည် ရေလှိုင်းများကြားတွင် ဓာတ်ပုံရိုက်ကွင်း အစီအစဉ် တစ်ခုအတွက် အလုပ်ရှုပ်နေခဲ့ကြောင်း မျက်မြင်များက ဆိုသည်။
ဂျာမန်သူ တိုနီသည် လတ်တလောတွင် ကမ္ဘာသိ မော်ဒယ်လ်တစ်ဦး ဖြစ်မလာသေးသော်လည်း ထိပ်ဆုံးအဆင့် တက်လှမ်းရန် အလားအလာကောင်းများ ပိုင်ဆိုင်ထားသူအဖြစ် သတ်မှတ်ချီးကျူး ခံနေရသည်။ အသက်(၃၉)နှစ်ရှိ လီယိုနာဒိုသည် မီယာမီရှိ နိုက်ကလပ် တစ်ခုတွင် အမည်မသိ အမျိုးသမီး တစ်ဦးနှင့် နမ်းရှုပ်နေသည်ကို သတင်းထောက်များက ဓာတ်ပုံရိုက်ယူနိုင်ခဲ့သည့်နောက် တိုနီနှင့် လီယိုနာဒိုတို့၏ ဆက်ဆံရေးအပေါ် မေးခွန်းထုတ်စရာ ဖြစ်လာခဲ့သည်။ ယင်းတို့နှစ်ဦးလုံးက အဆိုပါ အခြေအနေကို တစ်စုံတစ်ရာ ပြောဆိုခြင်း မရှိဘဲ တိုနီသည် ကာရေဘီယန်တွင်သာ အလုပ်အတွက် အာရုံစိုက် နှစ်မြှုပ်ထားခြင်း ဖြစ်သည်
သူမသည် အပေါ်ပိုင်းတွင် အဖြူရောင် တီရှပ်အပါး တစ်ထည်ကို ဝတ်ဆင်ကာ ဘီကနီအောက်ခံ အပြာရောင်တစ်ထည်ကို ဝတ်ဆင်ထားသည်ကို တွေ့ရသည်။ ပြီးခဲ့သည့် သီတင်းပတ်ကုန်က ကာရေဘီယန် ဧည့်ပရိသတ်၏ စိတ်နှလုံးကို သိမ်းကျုံးယူခဲ့သည့် တိုနီ၏ ဓာတ်ပုံများကို Daily Mailက ဖော်ပြခဲ့ပြီး လီယိုနာဒို အနေဖြင့် စိတ်ကူးယဉ်ချင်စရာ အမျိုးသမီးတစ်ဦးကို လက်လွှတ်လိုက်ရခြင်းဟု ရေးသားဖော်ပြခဲ့သည်။ တိုနီသည် အသက်(၁၅)နှစ် အရွယ်ကတည်းက Clavin Kleinအတွက် စတင်၍ ကိုယ်ဟန်ပြခွင့် ရလာခဲ့ပြီး Stella McCartney၊ Dior၊ Louis Vuitton၊ Chanel အစရှိသော အမှတ်တံဆိပ်များ အတွက်လည်း အလုပ်လုပ်ပေးခဲ့ဖူးကြောင်း သိရှိရသည်။
Ref::: Planet
No comments:
Post a Comment