Pages - Menu

Thursday, December 26, 2013

တောင်ကြီးမြို့ စိန်ပန်းရပ်ကွက်တွင် လက်လုပ်မိုင်းတစ်ခု တွေ့ရှိ၍ ဖောက်ခွဲဖျက်ဆီး

  Thursday, 26 December 2013


တာဝန်ရှိသူများက လက်လုပ်မိုင်းကို ရှာဖွေသိမ်းဆည်းနေစဉ်

တောင်ကြီးမြို့ စိန်ပန်းရပ် ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံး အရှေ့ဘက် ပြည်တော်အေးလမ်းမဘေး လမ်းသွယ်စည်ပင် ဆောက်လုပ်ရေး လုပ်ငန်းခွင်နှင့် လူငယ်ထိန်းသိမ်းရေး မိဘမဲ့ဂေဟာကြားရှိ လမ်းဘေးရေမြောင်းငယ်အတွင်း လက်လုပ်မိုင်းတစ်ခု ဒီဇင်ဘာ ၂၅ ရက်မွန်းလွဲ ၁၂ နာရီ ၅၅ မိနစ်ခန့်က တွေ့ရှိခဲ့၍ ဖောက်ခွဲဖျက်ဆီးခဲ့ကြောင်း သိရသည်။

အဆိုပါ လမ်းဘေးရေမြောင်းငယ်အတွင်း၌ မသင်္ကာဖွယ် ပလက်စတစ်ထုပ် တစ်ခုကို တွေ့ရှိကြောင်း စည်ပင်ဆောက်လုပ်ရေး ၀န်ထမ်းတစ်ဦးက သတင်းပေး တိုင်ကြားချက်အရ နယ်မြေရဲတပ်ဖွဲ့၊ ပြည်နယ်ရဲတပ်ဖွဲ့၊ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်၊ စစ်လက်နက် ပစ္စည်းတပ်တို့မှ တာဝန်ရှိသူများက သွားရောက်ရှာဖွေ စစ်ဆေးခဲ့ကြောင်း သိရသည်။

ယင်းပလတ်စတစ်ထုပ်ကို တာဝန်ရှိသူများက ဖွင့်ဖောက်စစ်ဆေးရာ အချင်းနှစ်လက်မ၊ အရှည်ခြောက်လက်မခန့် သံပိုက်ဖြင့် ပြုလုပ်ထားပြီး ထိပ်နှစ်ဖက် အဖုံးအပိတ်နှင့် စနက်တံ နှစ်လက်မခန့် တပ်လျက်သား လက်လုပ်မိုင်းတစ်ခုကို ဂျာနယ်တစ်ထပ်၊ ပလတ်စတစ် တစ်ထပ်ထုပ်ထားကြောင်း တွေ့ခဲ့သည်။

ထို့ကြောင့် အဆင့်ဆင့် ခွင့်ပြုချက်တောင်းခံကာ လူငယ်ထိန်းသိမ်းရေးဂေဟာဝင်း အတွင်းရှိ ကွက်လပ်ကျယ်တွင် မိုင်းစွန့်ကျင်းပြုလုပ်၍ ညနေ ၄ နာရီတွင် ဖောက်ခွဲဖျက်ဆီးခဲ့ကြောင်း ပြည်နယ်ရဲတပ်ဖွဲ့ သတင်းထုတ်ပြန်ရေးဌာနမှ သိရသည်။

EMG

No comments:

Post a Comment