Pages - Menu

Tuesday, December 31, 2013

တာချီလိတ်နယ်စပ်မှ ကိုးလအတွင်း အမေရိကန်ဒေါ်လာ ၅၁ သန်းကျော်ဖိုး ကုန်သွယ်မှု ပြုလုပ်ထားပြီး သွင်းကုန်အတွက် ဒေါ်လာ ၂၈ သန်းကျော် ပိုမိုအသုံးပြုခဲ့ရ

Tuesday, December 31, 2013



ထိုင်းနိုင်ငံ မယ်ဆိုင်ဘက်မှ တာချီလိတ်မြို့ အတွင်းသို့ ပစ္စည်းတင်ပို့မှုအား တွေ့ရစဉ် (ဓာတ်ပုံ-ကျော်ဇေယျ)

တာချီလိတ်နယ်စပ်မှ ကိုးလအတွင်း အမေရိကန်ဒေါ်လာ ၅၁ သန်းကျော်ဖိုး ကုန်သွယ်မှု ပြုလုပ်ထားပြီး သွင်းကုန်အတွက် ဒေါ်လာ ၂၈ သန်းကျော် ပိုမိုအသုံးပြုခဲ့ရကြောင်း ကူးသန်းရောင်းဝယ်ရေးနှင့် စားသုံးသူရေးရာ ဦးစီးဌာနမှ သိရသည်။

အဆိုပါ နယ်စပ်ကုန်သွယ်ရေး စခန်းမှာ ထိုင်း-မြန်မာ နယ်စပ်ရှိ ကုန်သွယ်ရေး စခန်းတစ်ခုဖြစ်ပြီး ယခုဘဏ္ဍာနှစ်ဖြစ်သည့် ဧပြီ ၁ ရက်မှ ဒီဇင်ဘာ ၁၃ ရက်အထိ ပို့ကုန်မှ အမေရိကန်ဒေါ်လာ ၁၁ ဒသမ ၃၇၉ သန်းရရှိထားပြီး သွင်းကုန်အတွက် အမေရိကန်ဒေါ်လာ ၄၀ ဒသမ ၀၇၉ သန်း အသုံးပြုထားခြင်းကြောင့် အမေရိကန်ဒေါ်လာ ၂၈ သန်းကျော်အား သွင်းကုန်အတွက် ပိုမိုအသုံးပြုခဲ့ရပြီး ကုန်သွယ်မှုလိုငွေ ဖြစ်ပေါ်နေခြင်း ဖြစ်သည်။

ယခင်ဘဏ္ဍာနှစ် ကာလတူ ကုန်သွယ်မှုဖြင့် နှိုင်းယှဉ်ပါက ကုန်သွယ်မှု စုစုပေါင်းမှာ အမေရိကန်ဒေါ်လာ ၁၅ သန်းကျော်ပိုမို ကုန်သွယ်မှု ပြုလုပ်ထားသော်လည်း ပို့ကုန်တင်ပို့နိုင်မှုမှာ ယခင်နှစ်ထက် လျော့နည်းနေကြောင်း သိရသည်။

တာချီလိတ် နယ်စပ်မှတစ်ဆင့် မြန်မာနိုင်ငံတွင်းသို့ ဘိလပ်မြေ၊ ဓာတ်ဆီ၊ ဒီဇယ်၊ စားသောက်ကုန်၊ ဆောက်လုပ်ရေးသုံးပစ္စည်း၊ ဆိုင်ကယ်တာယာ၊ လယ်ထွန်စက်နှင့် အပိုပစ္စည်းများကို အများဆုံး တင်သွင်းမှု ပြုလုပ်ပြီး မြန်မာနိုင်ငံဘက်မှ ဆန်အပါအ၀င် လယ်ယာထွက် ကုန်ပစ္စည်းများ၊ ကတ်ထူစက္ကူနှင့် ကျွန်းသစ်မျိုးစုံအား တင်ပို့မှုများကြောင်း သိရသည်။

ကူးသန်းရောင်းဝယ်ရေးနှင့် စားသုံးသူရေးရာ ဌာနအနေဖြင့် တာချီလိတ်နယ်စပ်တွင် တစ်ဦးချင်း ကုန်သွယ်မှု လုပ်ငန်းရှင် မှတ်ပုံတင်လက်မှတ် (ITC Card) ဖြင့် ကုန်သွယ်မှု ပြုလုပ်နိုင်ရန် ခွင့်ပြုထားပြီးဖြစ်ရာ အဆိုပါ ITC ကတ်ဖြင့် ကုန်သွယ်မှု ပြုလုပ်လျက်ရှိရာ ကုန်သွယ်မှုတန်ဖိုး ကျပ် ၅၉၆ သန်းကျော်အတွက် ကတ် ၅၉ ကတ် ထုတ်ပေးထားပြီး သွင်းကုန်အတွက် လာရောက် လျှောက်ထားမှုများကြောင်း သိရသည်။

No comments:

Post a Comment