
Monday, December 30, 2013
လမ်းလျှောက်နိုင်တဲ့၊ တောင်တက်နိုင်တဲ့၊ ကားမောင်းနိုင်တဲ့ စက်ရုပ်တွေရဲ့ ခေတ်ရောက်နေပါပြီ။ ဒါပေမဲ့ ဒီစက်ရုပ်တွေဟာ ဇီဝိန်ခြွေ စက်ရုပ်တွေနဲ့ ယှဉ်ရင်တော့ ကလေးဆန်ပါသေးတယ်။ ဒီစက်ရုပ်တွေဟာ နှေးတယ်၊ ချော်လဲတယ်၊ လက်ကောက်ဝတ်၊ ခြေချင်းဝတ်တွေလဲ ကျိုးသေးတယ်။
ပြီးခဲ့တဲ့ ရက်အနည်းငယ်တုန်းက မိုင်ယာမီ တောင်ပိုင်းမှာ စက်ရုပ်ပြေးပွဲကို နောက်ဆုံးပေါ်စက်ရုပ်တွေနဲ့ အတူပြသခဲ့ပါတယ်။ အမေရိကန် စစ်တပ်က ကန်ဒေါ်လာ (၂)သန်း မ’တည် ပေးထားတဲ့ ပြိုင်ပွဲရဲ့ တစ်ကဏ္ဍလဲ ဖြစ်ပါတယ်။
နည်းပညာမြင့် ကုမ္ပဏီတွေနဲ့ ထိပ်တန်းတက္ကသိုလ်တွေက အင်ဂျင်နီယာ အသင်းတွေဟာ သူတို့ရဲ့ စက်ရုပ်ဒီဇိုင်းတွေကို ပြသခဲ့ပါတယ်။ ပင့်ကူလို တွားသွား စက်ရုပ် နမူနာကအစ စက်ရုပ်ကြီးတွေ၊ လူသားဆန်ဆန် ဧရာမ စက်ရုပ်တွေထိ ပါပါတယ်။
စုစုပေါင်း အင်ဂျင်နီယာအသင်း (၁၃) သင်းက ၀င်ရောက်ယှဉ်ပြိုင်နေပြီး DARPA (အဆင့်မြင့် ကာကွယ်ရေး သုတေသန စီမံကိန်းအေဂျင်စီ) က နောက်နှစ်မှာ ကန်ဒေါ်လာ(၂)သန်း ချီးမြှင့်သွားဖို့ ရှိပါတယ်။
Ref:CNN
No comments:
Post a Comment