ဂိုးရှေ့တွင် ကျောပေးရင်း ရပ်နေသည့် လှပသော မော်ဒယ်လ်မိန်းမချောလေးများ ၏ ဘောင်းဘီတိုလေး များသာ ဝတ်ထားသော တင်ပါးကို အန့်တဝပ်
အသင်းသားများက ဘောလုံးဖြင့်ထိအောင် ကန်ရခြင်း ဖြစ်သည်။
ဘယ်လ်ဂျီယံကလပ် ရွိုင်ရယ်လ်အန့်တဝပ် အသင်းမှ ကစားသမားများ၏ ဂိုးသွင်းလေ့ကျင့်ပုံမှာ အဆန်းတကြယ် ရှိလှသည်ဟု ဆိုရမည် ဖြစ်သည်။ ယခုသီတင်းပတ်တွင် ဂိုးကန်သွင်းမှု လေ့ကျင့်ရာ၌ အန့်တဝပ် အသင်းသားများသည် ၎င်းတို့ရှေ့မှ ဂိုးသမားကို ဖယ်ရှားပြီး ဆွဲဆောင်မှု ပြင်းပြလှသည့် ပစ်မှတ်သစ်များဖြင့် လေ့ကျင့်ခဲ့ရသည်။ ဂိုးရှေ့တွင် ကျောပေးရင်း ရပ်နေသည့် လှပသော မော်ဒယ်လ် မိန်းမချောလေးများ၏ ဘောင်းဘီတိုလေးများသာ ဝတ်ထားသော တင်ပါးကို အန့်တဝပ် အသင်းသားများက ဘောလုံးဖြင့်ထိအောင် ကန်ရခြင်း ဖြစ်သည်။

ချယ်လ်ဆီးတိုက်စစ်မှူးဟောင်း ဂျင်မီဖလွိုက်ဒ် ဟက်ဆယ်လ်ဘိန့်ခ်က နည်းပြအဖြစ် တာဝန်ယူထားသော အသင်းတွင် ကစားသမားများ၏ ကန်ချက် တိကျမှုကို မိန်းမလှလေး နှစ်ဦး၏ တင်ပါးဖြင့် စမ်းသပ် အဖြေရှာခြင်းလည်း ဖြစ်သည်။ ယင်းလေ့ကျင့်မှု မှတ်တမ်းဗီဒီယိုသည် အင်တာနက်တွင် လူပြောများလှသည့် အခြေအနေတစ်ခု ဖြစ်လာသည်။

ယင်းအစီအစဉ်ကို လူငယ်ကြိုက် မဂ္ဂဇင်းတစ်စောင်ဖြစ်သည့် Clintက အကောင်အထည် ဖော်ခဲ့ခြင်း ဖြစ်သည်။ ဂျိုရမ်ဒွမ်၊ ဒါရက်ခ်ဝှိုက်နှင့် အက်ဒရီယန် ဘရိုဗီနာတို့သည် ယခုလေ့ကျင့်ရေးတွင် ပါဝင်သော ကစားသမားများ ဖြစ်လာသည်။ အန့်တဝပ်အသင်းသည် ဘယ်လ်ဂျီယံ ဒုတိယတန်းတွင် ကစားနေပြီး လက်ရှိတွင် အမှတ်ပေးဇယား အဆင့်(၅)၌ ရပ်တည်နေသလို ဘယ်လ်ဂျီယံ အမျိုးသား ဖူဆယ်ပြိုင်ပွဲ၌လည်း ပါဝင်ယှဉ်ပြိုင်လျှက်ရှိသည်။
PlanetMyanmar

No comments:
Post a Comment