Pages - Menu

Saturday, January 11, 2014

ရေတံခွန်ပုံစံ ကျစ်ဆံမြီးကျစ်နည်း




ဒီ waterfall braid လို့ခေါ်တဲ့ ရေတံခွန်ပုံ ဆံပင်လေးတွေ ဖြာကျနေဟန် ဖွတ်မြီးထိုးခြင်းဟာ အစမှာတော့ သင့်အတွက် အနည်းငယ် ခက်ခဲကောင်းခက်ခဲနိုင်ပါလိမ့်မယ်။ ဒါပေမယ့် စိတ်ရှည်ရှည်နဲ့ သပ်ရပ်စွာ လုပ်ကြည့်မယ်ဆိုရင်တော့ အလွန်လှပတဲ့ ရလဒ်လေးကို တွေ့ရမှာပါ။ အားထိုးရကြိုး နပ်ပါတယ်။

ပေးထားတဲ့ အဆင့်လေးတွေကို သေချာ ကြည့်ရအောင်။ ဆံပင်အစုလေးတွေ အပေါ်မှာ နံပါတ်လေးတွေ ရေးပြထားပါတယ်။



(၁) အရင်ဆုံး စကျစ်မယ့်နေရာမှာ အခါတိုင်းလိုပဲ ဆံပင်သုံးလိုင်း အညီအမျှယူလိုက်ပါ။ ပြီးရင် ပုံမှန်အတိုင်းကျစ်လိုက်ပါ။



(၂) ကျစ်ဆံမြီးတစ်ထုံးရပြီဆိုရင်တော့ နောက်ထပ် ဆံပင်တစ်လိုင်း ထပ်ယူလိုက်ပါ။



(၃) ပြီးရင် စောစောက ကျစ်ထားတဲ့အုပ်စုထဲကနေ နံပါတ်(၂)ကို လွှတ်ချခဲ့လိုက်ပါ။



(၄) ကျန်တဲ့ (၁) (၃) ကို အသစ်ထပ်ယူထားတဲ့ (၄)နဲ့ဆက်ကျစ်ပါ။



(၅) ပြီးရင် အထက်ပါတိုင်းပဲ ကျစ်ဆံမြီးတစ်ထုံးရတိုင်း တစ်လိုင်းလွှတ်ချလိုက်ပြီး ဆက်ကျစ် သွားပါ။

ဒါဆိုရင်တော့ အခုလို အေးတဲ့ရာသီမျိုးနဲ့ကိုက်ညီတဲ့ ဆံပင်ပုံစံကို ရရှိမှာပါ။ ဆံပင်လည်း မစည်းချင် ၊ ရိုးရိုးအတိုင်းလည်း ချထားရမှာ အဆင်မပြေသူများအတွက် အသုံးတည့်မှာပါ။

Ref:seventeen

No comments:

Post a Comment