Pages - Menu

Thursday, January 30, 2014

ကိုယ်ကိုယ်တိုင် ဆံပင်ဆက်တော့မယ်ဆိုရင် သိထားရမယ့်အချက် (၄)ချက်




ခုခေတ်မှာ ကိုယ့်ဆံပင်ကို ရှည်ရာကနေတို၊ တိုရာကနေ ချက်ချင်းလင်ငင်းရှည်အောင် ဖန်တီးအလှဆင်လို့ရနေပြီနော်။ ဒါပေမယ့် ဒီလိုအလှဆင်တော့မယ်ဆိုရင် လုပ်ကိုင်ရမယ့် နည်းလမ်း အဆင့်ဆင့်ကိုတော့ သိထားရမှာပေါ့။ ဒါ့ကြောင့် hair extension လုပ်မယ့် ပျိုမေတွေအတွက် လွယ်ကူပြီး သပ်ရပ်လှပတဲ့ ဆံပင်ပုံစံဖြစ်အောင် ဘယ်လိုဖန်တီးမလဲ ကြည့်လိုက်ကြရအောင်။

၁။ပထမဆုံးအနေနဲ့ ကိုယ်ဆံပင်ဆက်မယ့်နေရာကို သေချာခွဲကြောင်းချရပါမယ်။ ဆက်မယ့်နေရာရဲ့ အပေါ်ဘက်မှာ ဆံပင်ခပ်များများ ကျန်နေမှသာ ကိုယ်ဆက်ထားတဲ့နေရာကို ဖုံးပေးနိုင်မယ်ဆိုတာကို သတိထားရမှာပါ။



၂။အဲ့ဒီနောက်မှာ ပထမဆုံး extension ကိုယူပြီး သေသေချာချာဆက်ပါ။ ဒီဘက်တစ်ခြမ်းကို အများကြီးဆက်ပြီးမှာ တစ်ခြားတစ်ဖက်မှာဆက်တာမျိုး ရှောင်ရပါမယ်။ ဘယ်ဘက်မှာ တစ်ခုဆက်ထားပြီးတာနဲ့ နောက်တစ်ခုကို ညာဘက်မှာဆက်ပါ။ ဘက်နှစ်ခုညီမျှဖို့ လိုပါတယ်။



၃။ဆံပင် extension တပ်ပြီးသွားပြီဆိုရင် ကိုယ်လိုချင်သလောက်အရှည်ကို ကိုယ့်ဘာသာပြန်ညှပ်လို့ ရပါသေးတယ်။



၎။ကိုယ့်ဆံပင်က အကောက်ဆိုရင် အပူချောင်းနဲ့ ကောက်ပေးလိုက်ရုံပါပဲ။ ကိုယ်က အကောက်မကြိုက်ဘူး။ အဖြောင့်မှဆိုရင်လည်း ကိုယ့်စိတ်ကြိုက်ပုံသွင်းလို့ရတာမို့ စိတ်ပူစရာမရှိပါဘူးနော်။



Ref:cosmopolitan.com

No comments:

Post a Comment