Pages - Menu

Saturday, January 25, 2014

အချစ်စစ် နဲ့ တွေ့မှ ဖြုတ်လို့ရတဲ့ Bra



အမျိုးသမီး အတွင်းခံ အ၀တ်အစားများ ထုတ်လုပ်တဲ့ ဂျပန် Company တစ်ခုဖြစ်တဲ့ Ravijou က Bra တစ်ခုကို တီထွင်လိုက်ပါတယ်။ Bra ဟာ အချစ်စစ် နဲ့ တွေ့မှ ဖြုတ်လို့ရတာ ဖြစ်ပါတယ်။ Bra မှာ Sensor တပ်ဆင်ထားပြီး ၀တ်ဆင်သူအမျိုးသမီးရဲ့ နှလုံးခုန်နှုန်းကို စောင့်ကြည့်တိုင်းတာနေပြီး သတင်းအချက်အလက်တွေကို စမတ်ဖုန်း App ဆီသို့ ပေးပို့နေပါတယ်။ App မှာ ချစ်ခင်သူ တစ်ယောက် ကို တွေ့ရှိရင် ဖြစ်လေ့ရှိတဲ့ နှလုံးခုန်နှုန်းနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေကို ကြိုတင်ထည့်သွင်းထားပါတယ်။ အဲဒီသတင်းအချက်အလက် နဲ့ Bra က ပေးပို့တဲ့ သတင်းအချက်အလက် တို့ဟာ တူညီမယ်ဆိုရင် App က Bra ကို ဖြုတ်ပေးမှာဖြစ်ပါတယ်။

မိန်းကလေး က ရင်ခုန်စိတ်လှုပ်ရှားတိုင်း Bra က အလိုလို ပြုတ်သွားမှာ မဟုတ်ဘဲ ချစ်ခင်သူ အမျိုးသား ကိုတွေ့ရှိမှသာ Bra က အလိုလို ပြုတ်သွားမှာဖြစ်တဲ့အတွက် စိုးရိမ်စရာ မလိုဘူးလို့ သိရပါတယ်။

Bra ကို စမ်းသပ်နေဆဲဖြစ်ပြီး ၀ယ်ယူလို့မရသေးပါဘူး။ ဒီလို စွမ်းဆောင်နိုင်တဲ့ Bra တွေထဲမှာတော့ ကမ္ဘာ့ပထမဆုံးလို့သိရပါတယ်။

Bra ရဲ့ အလုပ်လုပ်ပုံကို အောက်က လင့် မှာ ကြည့်နိုင်ပါတယ်။

http://www.youtube.com/watch?v=B8Wd831gUt4


No comments:

Post a Comment