Pages - Menu

Thursday, January 2, 2014

ပြည်ပသို့ သွားရောက် အလုပ်လုပ်ကိုင်မည့် အလုပ်သမားများ Smart card တစ်ပါတည်း ယူဆောင်လာရမည်

 January 2, 2014


ရန်ကင်းအလုပ်သမားရုံးရှေ့တွင် smart card ထုတ်ယူရန် စောင့်ဆိုင်းနေသည့် ပြည်ပထွက်ခွာမည့် အလုပ်သမားများအား တွေ့ရစဉ်။


ပြည်ပသို့ သွားရောက် အလုပ်လုပ်ကိုင်မည့် အလုပ်သမားများ အနေဖြင့် အလုပ်သမား ၀န်ကြီးဌာနမှ ထုတ်ပေးသည့် ပြည်ပအလုပ်အကိုင် သက်သေခံကတ်ပြား Smart card ကို တစ်ပါတည်း ယူဆောင်လာရမည် ဖြစ်ကြောင်း အလုပ်သမား ၀န်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါ ပြည်ပအလုပ်အကိုင် သက်သေခံကတ်ပြားကို ပြည်ပမှ မထွက်ခွာမီ လေဆိပ်တွင် စိစစ်သွားမည်ဖြစ်ပြီး နောက်ပိုင်းတွင် Smart card မပါပါက အရေးယူမှုများ ပြုလုပ်သွားမည်ဟု သိရသည်။

အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ၀န်ကြီးဌာန အနေဖြင့် ပြည်ပသို့ သွားရောက် အလုပ်လုပ်ကိုင်မည့် အလုပ်သမားများ၏ အခွင့်အရေး ကာကွယ်စောင့်ရှောက်ရန်နှင့် တရားဝင်ရွှေ့ပြောင်း သွားလာမှု ဖြစ်စေရေးတို့အတွက် တရားဝင် လိုင်စင်ရ ပြည်ပအလုပ်အကိုင် အေဂျင်စီများမှတစ်ဆင့် ပြည်ပသို့ အလုပ်သမားများစေလွှတ်လျက်ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံ၏ လူဦးရေ ၁၀ သန်းခန့်သည် ပြည်ပသို့ ပြောင်းရွှေ့ အလုပ်လုပ်ကိုင် လျက်ရှိကြောင်း သိရသည်။

လက်ရှိတွင် ၁၉၉၉ ခုနှစ် ပြည်ပအလုပ်အကိုင်ဆိုင်ရာ ဥပဒေအရ ပြည်ပနိုင်ငံများသို့ တရားဝင် အလုပ်သမား စေလွှတ်ခွင့်လိုင်စင် ချထားပေးသည့် ပြည်ပအလုပ်အကိုင် အေဂျင် စီ ၁၇၅ ခု ရှိကြောင်း အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ၀န်ကြီးဌာနမှ သိရသည်။

EMG

No comments:

Post a Comment