Pages - Menu

Friday, January 24, 2014

ရှန်ဟိုင်း spring summer 2014 ရဲ့ တရုတ်နှစ်သစ်ကူးဖက်ရှင်

တရုတ်နှစ်သစ်ကူး နီးလာတာနဲ့ သူအများ လေးစားအထင်ကြီးလောက်အောင် ၀တ်ဆင်ပြီး ပွဲတက်ချင်မယ်ဆိုတာ သိပါတယ်။ တရုတ်အမျိုးသမီးတွေရဲ့ ရိုးရာအ၀တ်အစားကို ပြန်လည်ဆန်းသစ် ထားတဲ့ ဒီဇိုင်းတွေက နှစ်သစ်ကူးမှာသာမက တစ်နှစ်တာလုံးဝတ်ဆင်နိုင်ပါတယ်။

ဒီတော့ Shanghai Tang’s Spring Summer 2014 စတိုင်ကို လေ့လာကြည့်ပြီးတော့ သင့်ဗီရိုအဟောင်းထဲ မွှေနှောက်ရှာဖွေလို့ တွဲဖက်ဝတ်ဆင်နိုင်ပါတယ်။



Shanghai Tang လို့အမည်ပေးထားတဲ့ ဒီဝတ်စုံတွေကို လေ့လာကြည့်မယ်ဆိုရင် ပုခုံးနားကနေ ပိတ်စအတွန့်လေးတွေက ပေါ့ပါးပြီး လူငယ်ဆန်တဲ့အသွင်ကိုပေးပါတယ်။ မန်ဒရင်းရိုးရာ ရှေးယခင်စတိုင် ကော်လံပုံစံကတော့ မပါမဖြစ်ပေါ့။ မီနီစကတ်က အရမ်းမရိုးသလို အရမ်းလဲမဆန်းတဲ့အတွက် အရှေ့တိုင်း ပွဲလမ်းသဘင် တော်တော်များများနဲ့ ၀င်ဆံ့ပါတယ်။



နောက်တစ်နည်းကတော့ အရောင်ဗြောင်တွေကို ဆန့်ကျင်ဘက်တွဲဖက်ဝတ်ဆင်တာပါ။ အဖြူရောင် ရှပ်တစ်ထည်ရွေးချယ်လိုက်တာက ဘယ်တော့မှ မမှားပါဘူး။ ကျောက်စိမ်းနဲ့လုပ်ထားတဲ့ ကြယ်သီးလေးတွေ ကြောင့် ပိုလို့တောင် ချစ်ဖို့ကောင်းနေမှာပါ။ ဒီဖက်ရှင်တွေကို စတိုးတွေမှာ တင်နေပြီဖြစ်ပြီး နေရာအပြည့်အစုံ ကိုhttp://www.herworldplus.com/shopping/where-shop/shopping-where-shop-shanghai-tang မှာ ၀င်ရောက်ရှာဖွေနိုင်ပါတယ်။

Ref:herworldplus

No comments:

Post a Comment