Pages - Menu

Tuesday, February 4, 2014

လည်ပင်းအတိ၊ လည်ကပ်ဆွဲကြိုး၊ ကွင်းတွေကို ဘယ်လိုဆင်မြန်းရမလဲ





ဖက်ရှင်ရေစီးကြောင်းကို ပြန်ကြည့်လိုက်ရင် Choker လို့ခေါ်တဲ့ လည်ပင်းနဲ့ကွက်တိ၊ ကွင်း၊ ဆွဲကြိုးမျိုးတွေကို ဟိုးအရင်ကတည်းက ဆင်မြန်းခဲ့ကြတာတွေ့ရမှာပါ။ အထူးသဖြင့်တော့ ပန့်ခ်ဆန်တဲ့ ဖက်ရှင်ကို နှစ်ခြိုက်တဲ့ ကောင်လေး၊ ကောင်မလေးတွေက rivet ပါတဲ့Choker လည်ပတ်လေးတွေကို ဆွဲဖူးကြတယ်လေ။ လည်ပင်းအတိနဲ့မို့ လွတ်လွတ်လပ်လပ်မရှိဘူး၊ နေရတာ ခက်တာတွေကြောင့် ဒီက ထသွားထလာ ဖက်ရှင်မျိုးတွေမှာ အတွေ့ရနည်းပေမယ့် နိုင်ငံတကာမှာတော့ တော်တော်လေး ခေတ်စားခဲ့၊ ခေတ်စားနေဆဲ ဖက်ရှင်တွေထဲက တစ်ခုမို့ ဒီလိုအဆင်တန်ဆာကို ဆင်မြန်းမယ်ဆို ဘယ်လိုပုံစံမျိုးပြင်ဆင်ရမယ်ဆိုတာ ခုလို ဖော်ပြပေးလိုက်ပါတယ်။
၁။လည်ထောင် အကျီမျိုးတွေပေါ်မှာ Choker ဆွဲကြိုးကို ဆင်မြန်းနိုင်ပါတယ်။ အထာကျတဲ့အပြင် အမြင်လည်းဆန်းစေမှာပါ။



၂။ကိုယ့်ဆံပင်က အရှည်ဆိုရင် ထသွားထလာပဲဖြစ်ဖြစ်၊ ပွဲတက်ဖြစ်ဖြစ် ဆံပင်ကို ဒီအတိုင်းချထားပြီး လည်ပင်းမှာ Choker ကွင်းတစ်ကွင်းလောက်ကိုပဲ တပ်သွားလိုက်ရင် အားလုံးငေးသွားမှာပါ။ တစ်ခုပါပဲ။ ဖြစ်နိုင်ရင် ရွှေရောင်ကိုသာ ရွေးချယ်ပါ။



၃။ဟိုးအရင်ကတည်းက ခေတ်စားခဲ့တဲ့ ပုလဲနဲ့ဒီဇိုင်းဖန်တီးထားတဲ့ Choker လည်ပင်းကွင်းလေးတွေ
ရှာဝယ်ထားပါ။ ဒါက ဂန္တ၀င်ဆန်ပြီး ဘယ်သူမှ မစဉ်းစားမိတဲ့ အပြင်အဆင်တစ်ခုပါပဲ။



၎။ကိုယ်က ကွင်းသုံးလေးခု ဆင်မြန်းရတာ မကြိုက်ဘူးဆိုရင် ခုလို တစ်ခုတည်းနဲ့ပွဲတိုးစေတဲ့ Choker လည်ပင်းအတိ အဆင်တန်ဆာမျိုး ရှာဝယ်ထားလိုက်ရုံပဲပေါ့။



၅။ပွဲတက်၊ ဒင်နာဆိုရင်တော့ ဆွဲကြိုးအရှည်တွေနဲ့ပါ ခုလို ရောဆွဲပစ်လိုက်ပါ။





၆။အ၀တ်အစား ဒီဇိုင်းတွေထဲမှာ Choker ဆွဲကြိုးနဲ့ လိုက်ဖက်မယ့် ခုလိုပွဲတက် dress တွေရှိရင်လည်း တွဲဝတ်ပစ်လိုက်ပါ။



Ref:luckymag.com

No comments:

Post a Comment