Pages - Menu

Wednesday, February 19, 2014

သပ်ရပ်ပြီး ဆွဲဆောင်မှုရှိတဲ့ မျက်ခုံးမွှေးကို ပိုင်ဆိုင်နိုင်ဖို့ဆိုရင်



ကိုယ့်မျက်ခုံးမွှေးက ပါးမယ်၊ ရိတ်ထားပေမယ့်လည်း ခဲတံနဲ့ ဆွဲတိုင်း ပြောင်ချော်ချော်နဲ့ ကြည့်မကောင်းဖြစ်နေမယ်။ ဒါမှမဟုတ် မညီမညာနဲ့ သပ်သပ်ရပ်ရပ်မရှိဘူးဆိုရင်တော့ ဆွဲဆောင်မှုရှိတဲ့ မျက်ခုံးမွှေးရအောင် ဘယ်လိုဖန်တီးရမယ်ဆိုတာ ပြောပြချင်ပါတယ်။

၁။ပထမဆုံးအနေနဲ့ ပုံမှာပြထားတဲ့အတိုင်း ကိုယ့်ရဲ့မျက်ခုံးမွှေးကို spoolie ဘရက်ရှ်ကိုသုံးပြီး အပေါ်ဘက်ကိုဖွဖွလေး ဖြီးဘေးပါ။



၂။နောက်တစ်ဆင့်အနေနဲ့ slant-tip ဘရက်ရှ်လေးနဲ့ အတွင်းဘက်၊ နှာခေါင်းဘက်နားကနေ စပြီး လိုင်းသေချာထပ်ဆွဲရမှာပါ။



၃။အဲ့ဒီနောက် ခုနသုံးတဲ့ slant-tip ဘရက်ရှ်နဲ့ပဲ မျက်ခုံးမွှေးရဲ့ အဆုံးသတ် ၊ အနားသတ်ကို ညီညာအောင် ထပ်ပြီး လိုင်းဆွဲပေးပါ။



၎။မျက်ခုံးမွှေးဆွဲ ခဲတံသုံးပြီး လိုချင်တဲ့ပုံစံအတိုင်း ဖြည်းဖြည်းမှန်မှန် ဆွဲပါ။



၅။သဘာဝအတိုင်း ဖြစ်စေချင်ရင်တော့ မျက်ခုံးမွှေးသုံးပေါင်ဒါကို အဆင့် (၂)မှာတုန်းက သုံးခဲ့တဲ့ slant-tip ဘရက်ရှ်ကိုသုံးပြီး မျက်ခုံးမွှေးပေါ်မှာ နည်းနည်းထပ်ဆွဲလိုက်ပါ။



၆။အားလုံးပြီးသွားရင်တော့ နောက်ဆုံးအနေနဲ့ မျက်ခုံးမွှေးဘေးနားမှာ အပိုအလိုတွေရှိမနေအောင်၊ သပ်ရပ်နေအောင် ကွန်ဆီလာဘရက်ရှ်လေးနဲ့ အချောသပ်ပေးလိုက်ရုံပါပဲ။



Ref:cosmopolitan.com

No comments:

Post a Comment