Pages - Menu

Tuesday, February 18, 2014

ပြည်တွင်း အခေါက်ရွှေ တစ်ကျပ်သား ကျပ် ၃၀၀၀၀ ကျော်အထိ ပြန်လည်မြင့်တက်လာပြီး အရောင်းအ၀ယ်သွက်နေ


ချမ်းမြေ့သူ
ရွှေဆိုင်တစ်ဆိုင်တွင် အရောင်းအ၀ယ်ပြုလုပ်နေစဉ်


ပြည်တွင်း အခေါက်ရွှေ တစ်ကျပ်သားလျှင် ကျပ်သုံးသောင်းကျော်အထိ ပြန်လည် မြင့်တက်လာပြီး ဈေးကွက်အတွင်း၌ အရောင်းအဝယ် သွက်နေကြောင်း ရွှေဆိုင်လုပ်ငန်းရှင်များထံမှ သိရသည်။

ယင်းကဲ့သို့ ပြည်တွင်းရွှေဈေး ပြန်လည်မြင့်တက် လာခြင်းမှာ နိုင်ငံတကာရွှေဈေး မြင့်တက်လာခြင်းကြောင့်ဖြစ်ပြီး နိုင်ငံတကာ ဈေးကွက်၌ ယခင်က ရွှေတစ်အောင်စလျှင် ဒေါ်လာ ၁၂ဝဝ ကျော်သာ ပေါက်ဈေးရှိခဲ့သည့် ရွှေဈေးမှာ ယခု ဖေဖော်ဝါရီလ ဒုတိယပတ် အတွင်းမှစ၍ ပြန်လည်မြင့်တက် လာနေခြင်းဖြစ်ပြီး ဖေဖော်ဝါရီ ၁၇ ရက်တွင် တစ်အောင်စလျှင် ဒေါ်လာ ၁၃၂၇ ကျော် ပေါက်ဈေးရှိကြောင်း သိရသည်။

သို့ဖြစ်၍ ပြည်တွင်း၌ တစ်ကျပ်သားလျှင် ကျပ် ၆၆ဝဝဝဝ ကျော်ဖြင့် အရောင်းအဝယ် ပြုလုပ်နေသည့် အခေါက်ရွှေဈေးမှာ ဖေဖော်ဝါရီ ၁၇ ရက်တွင် တစ်ကျပ်သား ကျပ် ၆၈၉ဝဝဝ ကျော်သို့ ပြန်မြင့်ခဲ့ခြင်း ဖြစ်သည်။

ရွှေဈေးနှုန်းပြန်လည် မြင့်တက်လာသော်လည်း ဈေးကွက်အတွင်း၌မူ အရောင်းအဝယ်သွက်နေပြီး မြို့တွင်း၌သာမက နယ်ဘက်မှလည်း အဝယ်လိုက်နေကြောင်း ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း အတွင်းရေးမှူး ဦးဝင်းမြင့်က ပြောကြားသည်။

“ရွှေဈေးက အခုနောက်ပိုင်းမှာ အတက်အကျ သိပ်မငြိမ်တော့ ဝယ်ချင်တဲ့သူက ဈေးကျရင်လည်း ဝယ်မှာဖြစ်သလို ဈေးတက်ရင်လည်း ဝယ်ကြမှာပါပဲ။ အခုရွှေဈေးနည်းနည်း ပြန်တက်လာတယ်။ ဈေးကွက်ထဲမှာတော့ ရောင်းလိုအားက တော်တော်များပါတယ်။ အဝယ်ပိုင်းမှာလည်း ဈေးကွက်ပြန်လှုပ်လာတယ်” ဟု မြန်မာနိုင်ငံ ရွှေလုပ်ငန်းရှင်များအသင်း အတွင်းရေးမှူး ဦးကျော်ဝင်းက ပြောကြားသည်။

ဖေဖော်ဝါရီ ၁၇ ရက်တွင် ပြည်တွင်းဈေးကွက် အတွင်း၌ အခေါက်ရွှေ တစ်ကျပ်သားလျှင် ကျပ် ၆၈၉ဝဝဝ ကျော်၊ ၁၅ ပဲရည် တစ်ကျပ်သားလျှင် ကျပ် ၆၅ဝဝဝဝ ကျော်ဖြင့် အရောင်းအဝယ် ပြုလုပ်လျက်ရှိသည်။

EMG

No comments:

Post a Comment