Pages - Menu

Monday, February 24, 2014

နွားတွေကို လိင်အလွဲသုံးစားပြုလုပ်ခဲ့မှုအတွက် အမေရိကန်လူမျိုးနှစ်ဦး ဖမ်းဆီးခံရ



အမေရိကန်ပြည်ထောင်စု၊ နယူးယော့ခ်ပြည်နယ်၊ Utica မြို့ အနီး Herkimer ရွာက လူနှစ်ယောက်ဟာ နွားတွေကို လိင်အလွဲသုံးစားလုပ်မှုမှာ အပြစ်ရှိကြောင်း စွဲချက်တင်ခံထားရပါတယ်။

Reid Fontaine ဆိုတဲ့သူဟာ တိရိစ္ဆာန်မျိုးစုံနဲ့ လိင်ဆက်ဆံဖို့ ကြိုးစားခဲ့ပြီး၊ အဲလိုကြိုးစားနေပုံကို Michael Jones ဆိုသူ နောက်တစ်ယောက်က ဗီဒီယိုမှတ်တမ်းတင်ထားခဲ့တာပါ။

Herkimer ရွာက လယ်သမားတစ်ယောက်ဟာ သူ့ ရဲ့နွားတွေ ဂနာမငြိမ်ဖြစ်နေပြီး၊ နို့ တွေမထွက်တော့တဲ့ အတွက် CCTV တစ်ခုတပ်ဆင်ပြီး အကြောင်းရင်းစုံစမ်းရင်းနဲ့ အခုလို လိင်အလွဲသုံးစားလုပ်မှုကို ဖမ်းမိခဲ့တာပါ။ လယ်သမားဟာ ဒီအဖြစ်အပျက်ကို CCTV တိပ်ခွေကတဆင့် သိသိချင်းရဲတွေကို အကြောင်းကြားခဲ့တာပါ။

အသက် ၃၁ နှစ်အရွယ် Fontaine ဟာ နွားအများအပြားနဲ့ လိင်ထိတွေ့ ဆက်ဆံဖို့ ကြိုးစားခဲ့ပြီး အသက် ၃၅ နှစ်အရွယ် Jones က Fontaine ရဲ့ လုပ်ရပ်ကို ဗီဒီယိုမှတ်တမ်းတင်ပေးခဲ့တယ်လို့ Newsy သတင်းစာမျက်နှာမှာ ဖော်ပြထားပါတယ်။

သူတို့ နှစ်ယောက်လုံးကို တိရိစ္ဆာန်တွေကို ညှင်းပန်းနှိပ်စက်မှု ပထမအဆင့် နဲ့ အမှုဖွင့်ထားတယ်လို့ Sky News ဌာနက တင်ပြထားပါတယ်။ လောလောဆည်တော့ နှစ်ယောက်လုံးကို ခံဝန်နဲ့ လွှတ်ပေးခဲ့တယ်လို့  သိရှိရပါတယ်။

Ref: mirror

No comments:

Post a Comment