Pages - Menu

Thursday, February 27, 2014

မကောင်းဆိုးဝါးဝင်စီးတယ်လို့ ပြောပြီး သားဖြစ်ပါးစပ်ကိုသော့နဲ့ ခတ်၊သေတဲ့အထိရိုက်သတ်တဲ့ဖခင်


နိုင်ဂျီးရီးယားက အဖေတစ်ယောက်ဟာ သားဖြစ်သူရဲ့ ပါးစပ်ကိုသော့နဲ့ ခတ်ပြီး သေအောင်ရိုက်ခဲ့တဲ့ ပြစ်မှု အတွက် ဖမ်းဆီးခံထားရပါတယ်။
ခရစ်အဲဗစ်ဟာ သူ့ သား Godrich ဟာ မကောင်းဆိုးဝါးလေးဖြစ်ပြီး လတ်တလောသူကြုံတွေ့ နေရတဲ့ ကံဆိုးမှုတွေဟာသူ့ သားကြောင့်ဖြစ်တယ်လို့ ပြစ်တင်တယ်။
တရားရုံးမှတ်တမ်းများအရခရစ်ဟာသူ့ သားရဲ့ ကိုယ်ကိုသံပူနဲ့ ကပ်တယ်။အော်ဟစ်တာရပ်အောင်ပါးစပ် ကိုသော့နဲ့ ခတ်ပြီး သေတဲ့အထိ ရိုက်နှက်ခဲ့ပါတယ်။
ကလေးရဲ့ အမေပြန်လာတော့ဒီထိတ်လန့် ဖွယ်မြင်ကွင်းကိုတွေ့ ပြီးရဲ ကိုတိုင်ကြားလိုက်ပါတယ်။
နိုင်ဂျီးရီးယားမှာ ဘာသာရေးခေါင်းဆောင်တချို့ က ကလေးတွေမှာမကောင်းဆိုးဝါးဝင်ပူးနေတတ်ပြီး ကပ်ဘေးတွေဆိုက်တာဟာဒီမကောင်းဆိုးဝါးလေးတွေကြောင့်လို့ စွပ်စွဲတတ်ကြပါတယ်။
စုန်းကဝေတွေလို့ စွပ်စွဲခံရတဲ့တချို့ ကလေးတွေဟာ အက်ဆစ်ကန်ထဲအနှစ်ခံရတယ်။အဆိပ်ကျွေးတယ်။ အသက်ရှင်ရက်မြေကြီးမှာမြုပ်ခံရတယ်လို့  ဗြိတိန်အခြေစိုက်Stepping Stones အဖွဲ့ ရဲ့ ပြောဆိုချက်အရ သိရပါတယ်။
ဒီဖြစ်ရပ်ဟာ နိုင်ဂျီးရီးယားမှာအစ္စလာမ္မစ်စစ်သွေးကြွများက ကျောင်းသား၂၉ယောက်ကို သတ်ဖြတ်အပြီးနောက်နေ့ မှာထပ်မံကြုံတွေ့ ရတဲ့ ကြေကွဲစရာနောက်ထပ်ဖြစ်ရပ်တစ်ခုပါ။
the melting pot 4 U

WARNING: GRAPHIC IMAGE

No comments:

Post a Comment