
လွယ်ကူပြီး ချစ်စရာကောင်းတဲ့ အသည်းပုံလက်သည်းဒီဇိုင်းလေးတွေ ဖန်တီးကြည့်ချင်သူတွေအတွက် ပုံလေးတွေနဲ့အတူ ဘယ်လိုလေး ခြယ်သရမယ်ဆိုတာကို ပြောပြပေးလိုက်ပါတယ်။
၁။ပထမဆုံး ကိုယ့်လက်သည်းကို မက်မွန်စေ့သဏ္ဍာန်ဖြစ်အောင် ပုံမှာပြထားသလို ပုံသွင်းလိုက်ပါ။ ပြီးတာနဲ့ လက်သည်းမှာ အရောင်တွေ စွဲမကျန်အောင် ဘေ့စ်ကုတ်လေး ဆိုးလိုက်ပါ။ အဲ့ဒီနောက်မှာမှ ပုံမှပြထားသလို လက်သည်းနီနဲ့ စပြီး ဒီဇိုင်းဆွဲပါ။ ဒါဆို အသည်းတစ်ခြမ်းရပြီနော်။

၂။အသည်းတစ်ခြမ်း ဆွဲပြီးပြီဆို နောက်တစ်ခြမ်းကို ဖြည့်လိုက်ရုံပါပဲ။ အဲ့ဒီနောက် အပေါ်က တာရှည်ခံအောင် top coat လေး ထပ်ဆိုးလိုက်ရုံနဲ့ အမိုက်စား အသည်းပုံလက်သည်းခြမ်းလေး ရပြီပေါ့နော်။

Ref:cosmopolitan.com
No comments:
Post a Comment